ထိုအခါ စာတန်က ထာဝရဘုရားအား “အရေပြားအဖို့ အရေပြားဆိုသကဲ့သို့ပင် လူသည် မိမိအသက်အဖို့ အရာအားလုံးကိုပင် ပေးဆပ်နိုင်မည်သာဖြစ်ပါ၏။
တမန်တော်ဝတ္ထု 27:19 - မြန်မာ့စံမီသမ္မာကျမ်း သုံးရက်မြောက်သောနေ့တွင် သင်္ဘော၏ကုန်တင်ကုန်ချပစ္စည်းများကိုပင် မိမိတို့လက်ဖြင့်ယူ၍ ပစ်ချကြ၏။ Common Language Bible တတိယနေ့၌သင်္ဘောနှင့်စပ်ဆိုင်သောကုန် ပစ္စည်းတန်ဆာအချို့ကိုပစ်ချကြ၏။- Garrad Bible ကုန် အ ချို့ ကို ပစ် ချ ပြီး နောက် တ တိ ယ နေ့၌ သင်္ဘော က ရိ ယာ များ ကို ပင် ကိုယ့် လက် ဖြင့် ပစ် ချ ကြ၏။ Judson Bible သုံးရက်မြောက်သောနေ့၌ သင်္ဘောတန်ဆာများကို ကိုယ်လက်နှင့် ကိုင်ယူ၍ ပစ်လိုက်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သုံးရက်မြောက်နေ့တွင် သူတို့သည် သင်္ဘောအသုံးအဆောင်များကို ယူ၍ပစ်ချကြပြန်၏။ |
ထိုအခါ စာတန်က ထာဝရဘုရားအား “အရေပြားအဖို့ အရေပြားဆိုသကဲ့သို့ပင် လူသည် မိမိအသက်အဖို့ အရာအားလုံးကိုပင် ပေးဆပ်နိုင်မည်သာဖြစ်ပါ၏။
ရှာဖွေရသောအချိန်နှင့် ဆုံးရှုံးရသောအချိန်ရှိ၏။ ထိန်းသိမ်းရသောအချိန်နှင့် လွှင့်ပစ်ရသောအချိန်ရှိ၏။
သင်္ဘောသားတို့သည် ကြောက်ရွံ့၍ အသီးသီးကိုယ့်ဘုရားများထံ အော်ဟစ်ဆုတောင်းကြလေ၏။ သင်္ဘောပေါ့စေရန် ကုန်ပစ္စည်းများကို ပင်လယ်ထဲသို့ပစ်ချကြ၏။ ယောနမူကား သင်္ဘောဝမ်းထဲသို့ ဆင်းသွားပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေ၏။
ငါတို့သည် လေမုန်တိုင်းဒဏ်ကို ပြင်းစွာခံရသဖြင့် နောက်တစ်နေ့တွင် လူတို့သည် ကုန်ပစ္စည်းများကို သင်္ဘောပေါ်မှ ပစ်ချကြ၏။
ရက်ပေါင်းများစွာ နေနှင့်ကြယ်များကိုမတွေ့ရချေ။ မုန်တိုင်းသည်လည်း အရှိန်မလျော့ဘဲ တိုက်ခတ်လျက်ရှိသဖြင့် နောက်ဆုံးတွင် ငါတို့လွတ်မြောက်မည်ဟူသောမျှော်လင့်ချက်ရှိသမျှသည် ပျောက်ကွယ်သွားခဲ့လေ၏။