ကလောဒေဟုခေါ်သော ကျွန်းငယ်တစ်ကျွန်း၏လေကွယ်ရာသို့ ရောက်ကြသောအခါ အသက်ကယ်လှေကို ခက်ခဲစွာဖြင့် ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ကြ၏။
တမန်တော်ဝတ္ထု 27:17 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ထိုလှေကို သင်္ဘောပေါ်တင်ပြီးလျှင် သင်္ဘောကိုခိုင်ခံ့စေရန် ကြိုးဖြင့်ပတ်စည်းကြ၏။ ဆိတစ်သဲသောင်ပေါ်၌ သောင်တင်မည်ကို စိုးရိမ်သောကြောင့် ရွက်ကိုလျှောချလျက် လေတိုက်ရာသို့ မျောပါသွားကြ၏။ Common Language Bible သင်္ဘောသားတို့သည်ထိုလှေကိုဆွဲတင်ပြီးလျှင် သင်္ဘောဝမ်းကိုကြိုးများဖြင့်ပတ်၍ခိုင်ခန့်အောင် ပြုကြ၏။ သူတို့သည်သုရတိသောင်တွင်သင်္ဘော တင်မည်စိုးသဖြင့် ရွက်ကိုလျှော့ချလိုက်ပြီး လျှင်သင်္ဘောကိုလေတိုက်ရာသို့မျောပါစေ ကြ၏။ Garrad Bible သင်္ဘော ခိုင် ခံ့ စေ ရန် ကျောက် ကြိုး များ နှင့် ပတ် စည်း ပြီး နောက် သု ရ တိ သောင် ပေါ် တွင် တင် မည် စိုး သော ကြောင့် ရွက် မ ကို ချ လျက် တိုက် သွား ကြ၏။ Judson Bible သင်္ဘောပေါ်သို့ တင်ပြီးလျှင်၊ သင်္ဘောကိုခိုင်ခံ့စေခြင်းငှာ ကြိုးနှင့်ပတ်စည်းကြ၏။ သောင်ပေါ်မှာ တင်မည်ကိုလည်း စိုးရိမ်သောကြောင့် ရွက်ကိုသိမ်းသဖြင့် လေတိုက်ရာသို့ပါလွင့်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုလှေငယ်ကို သင်္ဘောပေါ်သို့တင်ပြီးသောအခါ သင်္ဘောကိုယ်ထည်ခိုင်ခံ့စေရန် ကြိုးဖြင့်ပတ်ချည်ထားကြ၏။ ဆိတင်သဲသောင်တွင် သောင်တင်မည်ကိုလည်းစိုးရိမ်သောကြောင့် သင်္ဘောရွက်ထည်ကို သိမ်းသဖြင့် လေတိုက်ရာသို့ လွင့်ပါကြရ၏။ |
ကလောဒေဟုခေါ်သော ကျွန်းငယ်တစ်ကျွန်း၏လေကွယ်ရာသို့ ရောက်ကြသောအခါ အသက်ကယ်လှေကို ခက်ခဲစွာဖြင့် ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ကြ၏။
သူတို့သည် ကျောက်ဆောင်နှင့်တိုက်မိမည်ကိုစိုးရိမ်သဖြင့် သင်္ဘောပဲ့ပိုင်းမှ ကျောက်ဆူးလေးခုကိုချပြီး မိုးလင်းပါစေဟုဆုတောင်းကြ၏။
ထို့နောက် ကျောက်ဆူးများကို ပင်လယ်ထဲသို့ဖြုတ်ချခဲ့၍ တစ်ချိန်တည်း၌ပင် တက်မကြိုးများကိုဖြေလျက် ရွက်ကိုတင်ပြီး ကမ်းခြေဘက်သို့လွှင့်သွားကြ၏။
သို့သော် သင်္ဘောသည် ဒီရေနှစ်ကြောင်းစုဆုံရာသို့ရောက်သွား၍ သောင်တင်သဖြင့် သင်္ဘောဦးသည် သောင်၌စိုက်ပြီး လှုပ်ရှား၍မရတော့ချေ။ ပဲ့ပိုင်းမှာမူ လှိုင်းလုံးများရိုက်ခတ်သဖြင့် ကျိုးပျက်လေ၏။