သူတို့သည် ထွက်ခွာသွားပြီးနောက် “ဤသူသည် သေဒဏ်၊ သို့မဟုတ် အချုပ်အနှောင်ခံထိုက်သောအရာ တစ်စုံတစ်ခုမျှ မပြုခဲ့ပါ”ဟု အချင်းချင်းပြောဆိုကြ၏။
သူတို့သည်ထိုနေရာမှထွက်ခွာသွားပြီး နောက် ``ဤသူသည်သေဒဏ်သို့မဟုတ်ထောင် ဒဏ်ခံထိုက်သည့်ပြစ်မှုတစ်စုံတစ်ရာကိုမျှ မကူးလွန်'' ဟုအချင်းချင်းပြောဆိုကြ၏။-
ဤ သူ သည် သေ ဒဏ်၊ ထောင် ဒဏ် ခံ ထိုက် သော အ မှု ကို ပြု သည် မ ဟုတ် ဟု အ ချင်း ချင်း တိုင် ပင် ကြ ပြီး မှ၊
အခြားသို့သွားပြီလျှင်၊ ဤသူသည် အသေသတ်ခြင်း၊ အကျဉ်းထားခြင်း ခံထိုက်သောအမှုကို မပြုဟု အချင်းချင်းပြောဆိုကြ၏။-
ထိုသူတို့အားလုံး ထွက်ခွာသွားပြီးနောက် “ဤသူသည် သေဒဏ်၊ သို့မဟုတ် ထောင်ဒဏ်ခံထိုက်သော ပြစ်မှု တစ်စုံတစ်ခုကိုမျှ မကျူးလွန်ခဲ့ပါ” ဟူ၍ အချင်းချင်းပြောဆိုကြ၏။
လူတို့ကိုဒဏ်ခတ်သောကောင်းကင်တမန်ကို မြင်သောအခါ ဒါဝိဒ်မင်းကြီးက ထာဝရဘုရားအား “အပြစ်ပြုမိသူမှာ အကျွန်ုပ်ဖြစ်ပါ၏။ အမှားကျူးလွန်မိသူမှာ အကျွန်ုပ်ဖြစ်ပါ၏။ ဤသိုးတို့မူကား မည်သည့်အပြစ်ကို ပြုမိပါသနည်း။ အကျွန်ုပ်နှင့်အကျွန်ုပ်ဘိုးဘေး၏အိမ်သူအိမ်သားတို့၌သာ ကိုယ်တော်၏လက်တော် ကျရောက်စေပါ”ဟု လျှောက်တင်လေ၏။
ထိုအခါ မှူးမတ်တို့နှင့် ပြည်သူပြည်သားတို့က ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့အား “ဤသူသည် ငါတို့၏ဘုရားသခင် ထာဝရဘုရား၏နာမတော်ဖြင့် ငါတို့အား ဟောပြောသည်ဖြစ်၍ သေဒဏ်မခံထိုက်ပါ”ဟု ဆိုကြ၏။
ထိုအခါ ပိလတ်မင်းသည် ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် လူထုပရိသတ်တို့အား “ဤသူ၌ အပြစ်တစ်စုံတစ်ခုကိုမျှ ငါမတွေ့”ဟု ဆို၏။
သူသည် သူတို့၏ပညတ်တရားနှင့်ဆိုင်သောပြဿနာများအတွက် စွဲဆိုခံနေရခြင်းဖြစ်ပြီး သေဒဏ်၊ သို့မဟုတ် အချုပ်အနှောင်ခံထိုက်သောအပြစ်မရှိကြောင်း အကျွန်ုပ်တွေ့ရပါသည်။
ထို့နောက် အော်ဟစ်သံများ ကျယ်လောင်လာပြီး ဖာရိရှဲတို့အဖွဲ့မှ ကျမ်းပြုဆရာအချို့တို့သည်ထ၍ “ဤသူ၌ မည်သည့်အပြစ်ကိုမျှ ငါတို့မတွေ့။ ဝိညာဉ်၊ သို့မဟုတ် ကောင်းကင်တမန်တစ်ပါးပါးက သူ့အားမြွက်ဆိုခဲ့သည်ဆိုလျှင် မည်သို့နည်း”ဟု ပြင်းထန်စွာငြင်းခုံပြောဆိုကြ၏။
သို့ရာတွင် သူသည် သေဒဏ်ခံထိုက်သောအရာ တစ်စုံတစ်ခုကိုမျှ မပြုခဲ့ကြောင်း အကျွန်ုပ်သတိထားမိပါသည်။ သို့သော် သူကိုယ်တိုင် ဧကရာဇ်မင်းထံ အယူခံဝင်မည်ဟုဆိုသဖြင့် သူ့ကိုပို့ပေးရန် အကျွန်ုပ်ဆုံးဖြတ်ထားပါသည်။
ရောမလူမျိုးတို့သည် အကျွန်ုပ်ကိုစစ်ဆေးကြရာ အကျွန်ုပ်၌ သေထိုက်သောပြစ်မှုမတွေ့သောကြောင့် အကျွန်ုပ်ကိုပြန်လွှတ်လိုကြသည်။
သို့သော် နူးညံ့သိမ်မွေ့သောစိတ်၊ ကြောက်ရွံ့ရိုသေသောစိတ်နှင့် ကြည်လင်သောအသိစိတ်တို့ဖြင့် ဖြေရှင်းပြောဆိုကြလော့။ သို့ပြုလျှင် ခရစ်တော်၌ရှိသည့် သင်တို့၏ကောင်းသောအသက်ရှင်နေထိုင်မှုကို ကဲ့ရဲ့ရှုတ်ချသောသူတို့သည် သင်တို့ကို ပုတ်ခတ်ပြောဆိုသည့်အတွက် အရှက်ရကြလိမ့်မည်။