လူတို့သည် သူ့စကားကို ဤမျှအထိ နားထောင်ကြပြီးလျှင် မိမိတို့အသံကိုကျယ်စွာပြု၍ “ဤသို့သောသူကို မြေပေါ်မှ သုတ်သင်လိုက်ပါ။ အကြောင်းမူကား သူသည် အသက်မရှင်သင့်ပေ”ဟု ဆိုကြ၏။
တမန်တော်ဝတ္ထု 25:24 - မြန်မာ့စံမီသမ္မာကျမ်း ဖေတ္တုမင်းကလည်း “အဂြိပ္ပမင်းကြီးနှင့်တကွ အကျွန်ုပ်တို့နှင့်အတူရှိကြသော လူကြီးမင်းအပေါင်းတို့၊ အရှင်တို့မြင်သော ဤသူနှင့်ပတ်သက်၍ ဂျူးအမျိုးသားထုအပေါင်းတို့သည် ‘သူ့ကို ဆက်၍အသက်မရှင်စေသင့်ပါ’ဟု အော်ဟစ်လျက် ဂျေရုဆလင်မြို့၌ဖြစ်စေ၊ ဤမြို့၌ဖြစ်စေ အကျွန်ုပ်အား တောင်းဆိုခဲ့ကြပါသည်။ Common Language Bible ဖေတ္တုက ``အဂြိပ္ပမင်းကြီးနှင့်ကြွရောက်လာ သောသူအပေါင်းတို့၊ ယေရုရှလင်မြို့နှင့်ဤ မြို့တွင်ရှိသည့်ယုဒအမျိုးသားအပေါင်း တို့က `ဤသူကိုအရှင်မထားသင့်ပါ' ဟု ကြွေးကြော်ကာကျွန်ုပ်ထံလျှောက်ထားခဲ့ ကြ၏။ ထိုသို့လျှောက်ထားခြင်းခံရသူ ကားဤသူပင်တည်း။- Garrad Bible ဖေ တ္ထု မင်း က အ ဂ ရိ ပ္ပ ဘု ရင် မင်း မှ စ၍ ညီ လာ ခံ ဝင် သူ အ ပေါင်း တို့ ယ ခု မြင် ကြ သော ဤ သူ နှင့် စပ်၍ ယေ ရု ရှ လင် မြို့ နေ၊ ဤ မြို့ နေ ယု ဒ လူ မျိုး ပ ရိ သတ် တို့ က သူ့ ကို အ ရှင် မ ထား ထိုက် ဟု ဟစ် လျက် ကျွန်ုပ် ထံ လျှောက် ကြ၏။ Judson Bible ဖေတ္တုမင်းကလည်း၊ အဂြိပ္ပမင်းကြီးမှစ၍ ယခုရှိသောသူ အပေါင်းတို့၊ ဤသူကိုကြည့်ကြပါလော့။ ယေရုရှလင်မြို့၌လည်းကောင်း၊ ဤမြို့၌လည်းကောင်း ယုဒလူများအပေါင်းတို့သည် ဤသူ၏အကြောင်းကို ကျွန်ုပ်အားလျှောက်၍၊ သူသည် ခဏမျှအသက်မရှင်ထိုက်ပါဟု ဟစ်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖေတ္တုမင်းက “အဂြိပ္ပမင်းကြီးနှင့်တကွ ကြွရောက်လာသောပရိသတ်အပေါင်းတို့… ဤလူကို ကြည့်ပါလော့။ ဂျူးလူမျိုးအားလုံးက သူသည် ဆက်၍ အသက်မရှင်သင့်ကြောင်း ဂျေရုဆလင်မြို့၌သော်လည်းကောင်း၊ ဤမြို့၌သော်လည်းကောင်း အော်ဟစ်လျက် တောင်းဆိုခဲ့ကြ၏။ |
လူတို့သည် သူ့စကားကို ဤမျှအထိ နားထောင်ကြပြီးလျှင် မိမိတို့အသံကိုကျယ်စွာပြု၍ “ဤသို့သောသူကို မြေပေါ်မှ သုတ်သင်လိုက်ပါ။ အကြောင်းမူကား သူသည် အသက်မရှင်သင့်ပေ”ဟု ဆိုကြ၏။
ပေါလုရောက်သောအခါ ဂျေရုဆလင်မြို့မှလာသော ဂျူးလူမျိုးတို့သည် သူ့ကိုဝိုင်းရံလျက် သူတို့သက်သေမပြနိုင်သော ကြီးလေးသည့်စွဲချက်များစွာတို့ကို သူ့အပေါ်တင်ကြ၏။