ဗင်္ယာမိန်တံခါးသို့ရောက်သောအခါ ဟာနနိယမြေး၊ ရှေလမိ၏သား ဣရိယအမည်ရှိကင်းမှူးသည် ပရောဖက်ယေရမိကိုဖမ်း၍ “ခါလဒဲတပ်ဘက်သို့ သင်ကူးသွားသည်မဟုတ်လော”ဟု ဆိုလေ၏။
တမန်တော်ဝတ္ထု 24:13 - မြန်မာ့စံမီသမ္မာကျမ်း ယခု အကျွန်ုပ်အပေါ်စွပ်စွဲနေသည့်အချက်များနှင့်ပတ်သက်၍လည်း သူတို့သည် အရှင့်ထံသက်သေမပြနိုင်ပါ။ Common Language Bible ယခုအကျွန်ုပ်အားစွပ်စွဲပြောဆိုကြသည့် အချက်များကို သူတို့သည်သက်သေမပြ နိုင်ကြပါ။- Garrad Bible ယ ခု စွဲ ဆို ချက် များ မှန် ကြောင်း ကို ပင် ကိုယ် တော့် ရှေ့ မ ပြ နိုင် ကြ ပါ။ Judson Bible ယခုတွင် အကျွန်ုပ်ကို အပြစ်တင်သောအမှု၌ သက်သေမပြနိုင်ကြပါ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း အကျွန်ုပ်အပေါ် စွပ်စွဲထားသောအရာများကိုလည်း သူတို့သည် သက်သေမပြနိုင်ကြပါ။ |
ဗင်္ယာမိန်တံခါးသို့ရောက်သောအခါ ဟာနနိယမြေး၊ ရှေလမိ၏သား ဣရိယအမည်ရှိကင်းမှူးသည် ပရောဖက်ယေရမိကိုဖမ်း၍ “ခါလဒဲတပ်ဘက်သို့ သင်ကူးသွားသည်မဟုတ်လော”ဟု ဆိုလေ၏။
နောက်ဆုံးတွင် သူတို့က “ဒံယေလကို သူ့ဘုရားသခင်၏ပညတ်တရားနှင့်ပတ်သက်သောစွပ်စွဲချက်မှတစ်ပါး အခြားစွပ်စွဲချက်ကို ရှာတွေ့နိုင်မည်မဟုတ်”ဟု ပြောဆိုကြ၏။
ပေါလုရောက်သောအခါ ဂျေရုဆလင်မြို့မှလာသော ဂျူးလူမျိုးတို့သည် သူ့ကိုဝိုင်းရံလျက် သူတို့သက်သေမပြနိုင်သော ကြီးလေးသည့်စွဲချက်များစွာတို့ကို သူ့အပေါ်တင်ကြ၏။
သို့သော် နူးညံ့သိမ်မွေ့သောစိတ်၊ ကြောက်ရွံ့ရိုသေသောစိတ်နှင့် ကြည်လင်သောအသိစိတ်တို့ဖြင့် ဖြေရှင်းပြောဆိုကြလော့။ သို့ပြုလျှင် ခရစ်တော်၌ရှိသည့် သင်တို့၏ကောင်းသောအသက်ရှင်နေထိုင်မှုကို ကဲ့ရဲ့ရှုတ်ချသောသူတို့သည် သင်တို့ကို ပုတ်ခတ်ပြောဆိုသည့်အတွက် အရှက်ရကြလိမ့်မည်။