ထိုအခါ ယဇ်ပုရောဟိတ်ဟိလခိ၊ အဟိကံ၊ အာခဗော်၊ ရှာဖန်၊ အသာယတို့သည် ဂျေရုဆလင်မြို့နေရာသစ်တွင်နေထိုင်သော ဟရဟတ်၏မြေး၊ တိကဝ၏သား ဝတ်လုံတော်ထိန်းရှလ္လုံ၏မယားဖြစ်သူ ပရောဖက်မ ဟုလဒထံသွား၍ စကားပြောဆိုကြရာ
တမန်တော်ဝတ္ထု 21:9 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူ၌ ပရောဖက်ပြုဟောပြောသည့် အပျိုကညာသမီးလေးယောက်ရှိ၏။ Common Language Bible သူ့မှာအိမ်ထောင်မကျသေးသောသမီးလေး ယောက်ရှိ၏။ ထိုသမီးတို့သည်ဘုရားသခင် ၏တရားတော်ကိုဟောပြောကြေညာသူ များဖြစ်ကြ၏။- Garrad Bible ထို သူ ၌ ပ ရော ဖက် ပြု သော သ မီး က ညာ လေး ယောက် ရှိ ၏။ Judson Bible ထိုသူ၌ ပရောဖက်ပြုသော သမီးကညာ လေးယောက်ရှိ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူ၌ ပရောဖက်ပြုဟောနိုင်သော သမီးပျိုလေးဦးရှိ၏။ |
ထိုအခါ ယဇ်ပုရောဟိတ်ဟိလခိ၊ အဟိကံ၊ အာခဗော်၊ ရှာဖန်၊ အသာယတို့သည် ဂျေရုဆလင်မြို့နေရာသစ်တွင်နေထိုင်သော ဟရဟတ်၏မြေး၊ တိကဝ၏သား ဝတ်လုံတော်ထိန်းရှလ္လုံ၏မယားဖြစ်သူ ပရောဖက်မ ဟုလဒထံသွား၍ စကားပြောဆိုကြရာ
သို့ဖြစ်၍ အို အကျွန်ုပ်၏ဘုရားသခင်၊ တောဘိနှင့် သမ္ဘာလတ်တို့၏လုပ်ရပ်ကို မှတ်တော်မူပါ။ ပရောဖက်မ နောဒိနှင့် ကျန်ပရောဖက်တို့၏ခြိမ်းခြောက်မှုကိုလည်း မှတ်တော်မူပါ။
အာရုန်၏အစ်မဖြစ်သော ပရောဖက်မ မိရိအံသည် ပတ်သာကိုကိုင်လျက် မိန်းမအပေါင်းတို့သည်လည်း ပတ်သာတီးလျက်၊ ကခုန်လျက် သူ့နောက်သို့လိုက်သွားကြ၏။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘အချင်းလူသား၊ စိတ်ထင်ရာကို ပရောဖက်ပြုဟောပြောတတ်သော သင့်လူမျိုးသမီးပျိုတို့ကို ဆန့်ကျင်လော့။ သူတို့ကို ဆန့်ကျင်၍ ပရောဖက်ပြုဟောပြောလော့။
ထို့နောက်မှ လူအပေါင်းတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို သွန်းလောင်းမည်။ သင်တို့၏သားသမီးတို့သည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။ သက်ကြီးဝါကြီးတို့သည် အိပ်မက်ကို မြင်ရလိမ့်မည်။ လူပျိုတို့သည်လည်း စိတ်အာရုံကို မြင်ရကြလိမ့်မည်။
ထိုနေရာ၌ အာရှာအနွယ်မှ ဖနွေလ၏သမီး အန္နအမည်ရှိသော အသက်ကြီးရင့်သည့် ပရောဖက်မတစ်ဦးရှိ၏။ သူသည် ပျိုရွယ်သောအချိန်မှစ၍ ခင်ပွန်းနှင့်အတူ ခုနစ်နှစ်နေထိုင်ပြီးလျှင်
အန္တိအုတ်မြို့၌ရှိသောအသင်းတော်တွင် ဗာနဗ၊ နိဂါဟုခေါ်သောရှိမောင်၊ ကုရေနေမြို့သားလုကိ၊ နယ်စားဟေရုဒ်နှင့်နို့စို့ဖက်ဖြစ်သူမာနင်နှင့် ရှောလု စသည့်ပရောဖက်များနှင့်ဆရာများရှိကြ၏။
ဟောပြောထားသောအရာမှာ ‘ဘုရားသခင်မိန့်တော်မူသည်ကား ငါသည် နောက်ဆုံးသောနေ့ရက်တို့၌ လူအပေါင်းတို့အပေါ်သို့ ငါ၏ဝိညာဉ်ကိုသွန်းလောင်းမည်။ ထိုအခါ သင်တို့၏သားသမီးများသည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။ သင်တို့ထဲမှလူငယ်များသည် ဗျာဒိတ်ရူပါရုံများကိုမြင်ရကြလိမ့်မည်။ သင်တို့ထဲမှသက်ကြီးဝါကြီးများသည် အိပ်မက်များကိုမြင်မက်ကြလိမ့်မည်။
ထို့ကြောင့် မိမိနှင့်ဆိုင်သောအပျိုကညာကို ပေးစားဆောင်နှင်းသောသူသည် ကောင်းစွာပြု၏။ ပေးစားဆောင်နှင်းခြင်းမပြုသောသူမူကား သာ၍ကောင်းစွာပြု၏။
သို့သော် သင့်အား ငါအပြစ်ဆိုစရာရှိ၏။ အကြောင်းမှာ သင်သည် မိမိကိုယ်ကိုပရောဖက်မဟုခေါ်သော ထိုမိန်းမယေဇဗေလကို ပြုလိုရာပြုခွင့်ပေးထားသဖြင့် သူသည် ငါ၏အစေအပါးတို့အား တရားနှင့်မညီမေထုန်ပြုကြရန်နှင့် ရုပ်တုအားပူဇော်ထားသောအရာများကိုစားကြရန် သွန်သင်လျက် သူတို့ကိုလှည့်ဖြားနေ၏။
ထိုကာလ၌ လပိဒုတ်၏မယား ပရောဖက်မဒေဗောရသည် အစ္စရေးလူမျိုးတို့ကို စီရင်အုပ်ချုပ်ရ၏။