ထို့ပြင် သင်တို့သည် သင်တို့၏ညီအစ်ကိုများကိုသာ နှုတ်ဆက်လျှင် မည်သည့်သာလွန်ထူးခြားမှုကို ပြုကြသနည်း။ သာသနာပလူမျိုးခြားတို့ပင်လျှင် ထိုသို့ပြုကြသည်မဟုတ်လော။
တမန်တော်ဝတ္ထု 21:7 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ပတောလင်မြို့သို့ရောက်၍ တိုင်ရာမြို့မှ ငါတို့ထွက်လာသည့် ပင်လယ်ခရီးပြီးဆုံးလေ၏။ ငါတို့သည် ထိုမြို့၌ရှိသောညီအစ်ကိုများကိုနှုတ်ဆက်၍ သူတို့နှင့်အတူ တစ်ရက်နေကြ၏။ Common Language Bible တုရုမြို့မှဆက်၍ခရီးပြုကြရာ ကျွန်ုပ်တို့ သည်ပတောလင်မြို့သို့ရောက်ကြ၏။ ထိုမြို့ တွင်ညီအစ်ကိုများကိုနှုတ်ဆက်ပြီးနောက် သူတို့ထံတွင်တစ်ရက်မျှတည်းခိုကြ၏။- Garrad Bible တု ရု မြို့ မှ လွှင့် ပြန်၍ ပ တော လ မဲ မြို့ သို့ ရောက် ရာ ညီ အစ် ကို တို့ ကို နှုတ် ဆက် လျက် သူ တို့ နှင့် တစ် ရက် နေ ကြ ပြီး သော်၊ Judson Bible တုရုမြို့မှ ပတောလင်မြို့သို့ရောက်လျှင်၊ ပင်လယ်ကူးခြင်းနှင့် လွတ်ကြ၏။ ပတောလင်မြို့၌ ညီအစ်ကိုတို့နှင့် နှုတ်ဆက်၍ တစ်ရက်နေပြီးမှ၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း တိုင်ရာမြို့မှ ပတောလင်မြို့သို့ရောက်ကြလျှင် ပင်လယ်ခရီးစဉ်ပြီးဆုံးလေ၏။ ထိုမြို့တွင်ရှိသော ယုံကြည်သူများကို နှုတ်ခွန်းဆက်ကြ၍ သူတို့ထံ၌ တစ်ရက်တည်းခိုကြ၏။ |
ထို့ပြင် သင်တို့သည် သင်တို့၏ညီအစ်ကိုများကိုသာ နှုတ်ဆက်လျှင် မည်သည့်သာလွန်ထူးခြားမှုကို ပြုကြသနည်း။ သာသနာပလူမျိုးခြားတို့ပင်လျှင် ထိုသို့ပြုကြသည်မဟုတ်လော။
ထိုနေ့ရက်များ၌ အရေအတွက်အားဖြင့် တစ်ရာ့နှစ်ဆယ်ခန့်ရှိသောညီအစ်ကိုတို့သည် တစ်နေရာတည်းတွင် စုဝေးကြရာ ပေတရုသည် သူတို့အလယ်၌ထ၍
ဟေရုဒ်မင်းသည် တိုင်ရာမြို့သားနှင့်ဆီဒုန်မြို့သားတို့အပေါ် ပြင်းစွာဒေါသထွက်သဖြင့် သူတို့သည် မင်းကြီးထံသို့ တစ်စုတစ်ဝေးတည်းလာကြ၍ မင်းကြီး၏အတွင်းဝန်ဗလတ္တုကိုစည်းရုံးကာ ငြိမ်းချမ်းမှုရရှိရန်အတွက် တောင်းပန်ကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ပြည်သည် မင်းကြီး၏ပြည်မှ အစားအစာကိုရရှိသောကြောင့်ဖြစ်၏။
ဆီဇာရီးယားမြို့သို့ရောက်လျှင် ဂျေရုဆလင်မြို့သို့ တက်သွား၍ အသင်းတော်ကိုနှုတ်ဆက်ပြီးမှ အန္တိအုတ်မြို့သို့ ဆင်းသွားလေ၏။
ရက်အတန်ကြာနေပြီးသောအခါ အာဂဗုအမည်ရှိသော ပရောဖက်တစ်ဦးသည် ယုဒပြည်မှဆင်းလာ၏။
ဂျေရုဆလင်မြို့သို့ ငါတို့ရောက်ကြသောအခါ ညီအစ်ကိုများသည် ငါတို့ကို လှိုက်လှဲစွာကြိုဆိုကြ၏။
ပေါလုသည် သူတို့ကိုနှုတ်ဆက်ပြီးလျှင် မိမိ၏အမှုတော်လုပ်ငန်းအားဖြင့် လူမျိုးခြားတို့၌ ဘုရားသခင်ပြုတော်မူသော အကြောင်းအရာတို့ကို တစ်ခုချင်းပြောပြလေ၏။
ဆိုက်ပရပ်ကျွန်းကိုမြင်ကြသောအခါ ထိုကျွန်းကို လက်ဝဲဘက်မှဖြတ်ကျော်လျက် ဆီးရီးယားပြည်သို့ ရွက်လွှင့်ကြ၏။ သင်္ဘောသည် တိုင်ရာမြို့၌ ကုန်ပစ္စည်းချရန်ရှိသောကြောင့် ထိုမြို့တွင်ဆိုက်လေ၏။
ထိုမှ ရက်အနည်းငယ်ကြာပြီးနောက် အဂြိပ္ပမင်းကြီးနှင့်မိဖုရားဗေရနိတ်တို့သည် ဖေတ္တုမင်းကိုနှုတ်ဆက်ရန် ဆီဇာရီးယားမြို့သို့ရောက်လာကြ၏။
သင်တို့၏ခေါင်းဆောင်အားလုံးနှင့် သန့်ရှင်းသူအားလုံးကို နှုတ်ဆက်ပါ၏။ အီတလီပြည်မှလာသောသူတို့သည် သင်တို့ကိုနှုတ်ဆက်လိုက်ပါ၏။
သူတို့သည် သင့်ကို သာကြောင်းမာကြောင်းမေးမြန်းနှုတ်ဆက်ကြလိမ့်မည်။ သင့်ကို မုန့်နှစ်လုံးပေး၍ သင်သည် သူတို့ထံမှ ခံယူရလိမ့်မည်။
မီးရှို့ရာယဇ်ကိုပူဇော်ပြီးသည်နှင့် ရှမွေလရောက်လာရာ ရှောလုမင်းကြီးသည် သူနှင့်တွေ့ဆုံနှုတ်ဆက်ရန် ထွက်လာ၏။