ထိုနေ့ရက်များ၌ အရေအတွက်အားဖြင့် တစ်ရာ့နှစ်ဆယ်ခန့်ရှိသောညီအစ်ကိုတို့သည် တစ်နေရာတည်းတွင် စုဝေးကြရာ ပေတရုသည် သူတို့အလယ်၌ထ၍
တမန်တော်ဝတ္ထု 21:17 - မြန်မာ့စံမီသမ္မာကျမ်း ဂျေရုဆလင်မြို့သို့ ငါတို့ရောက်ကြသောအခါ ညီအစ်ကိုများသည် ငါတို့ကို လှိုက်လှဲစွာကြိုဆိုကြ၏။ Common Language Bible ယေရုရှလင်မြို့သို့ကျွန်ုပ်တို့ရောက်ကြသော အခါ ညီအစ်ကိုများကလှိုက်လှဲစွာကြိုဆို ကြ၏။- Garrad Bible ယေ ရု ရှ လင် မြို့ သို့ ရောက် ကြ သော် ညီ အစ် ကို တို့ ဝမ်း မြောက် စွာ လက် ခံ ကြ၏။ Judson Bible ယေရုရှင်လင်မြို့သို့ရောက်သောအခါ၊ ညီအစ်ကိုတို့သည် ကြည်ညိုသောစိတ်နှင့် ငါတို့ကို လက်ခံကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဂျေရုဆလင်မြို့သို့ ရောက်သောအခါ ယုံကြည်သူများက ကျွန်ုပ်တို့အား လှိုက်လှဲစွာ ဧည့်ခံကြိုဆိုကြ၏။ |
ထိုနေ့ရက်များ၌ အရေအတွက်အားဖြင့် တစ်ရာ့နှစ်ဆယ်ခန့်ရှိသောညီအစ်ကိုတို့သည် တစ်နေရာတည်းတွင် စုဝေးကြရာ ပေတရုသည် သူတို့အလယ်၌ထ၍
ဂျေရုဆလင်မြို့သို့ရောက်ကြသောအခါ အသင်းတော်မှစ၍ တမန်တော်များနှင့် အသင်းတော်အကြီးအကဲများသည် သူတို့ကို ကြိုဆိုလက်ခံကြ၏။ သူတို့သည်လည်း မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသမျှတို့ကို ပြောကြားကြ၏။
ထို့နောက် ပတောလင်မြို့သို့ရောက်၍ တိုင်ရာမြို့မှ ငါတို့ထွက်လာသည့် ပင်လယ်ခရီးပြီးဆုံးလေ၏။ ငါတို့သည် ထိုမြို့၌ရှိသောညီအစ်ကိုများကိုနှုတ်ဆက်၍ သူတို့နှင့်အတူ တစ်ရက်နေကြ၏။
ခရစ်တော်သည် ဘုရားသခင်၏ဘုန်းအသရေတော်အတွက် သင်တို့ကိုလက်ခံသကဲ့သို့ သင်တို့သည်လည်း တစ်ဦးကိုတစ်ဦးလက်ခံကြလော့။