ထာဝရဘုရား၏လက်ယာလက်တော်သည် ချီးမြှောက်ခြင်းရှိ၏။ ထာဝရဘုရား၏လက်ယာလက်တော်သည် တန်ခိုးကြီးသောအမှုကိုပြုတော်မူ၏။
တမန်တော်ဝတ္ထု 2:33 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ယေရှုသည် ဘုရားသခင်၏လက်ယာတော်ဘက်၌ ချီးမြှောက်ခြင်းကိုခံရပြီးနောက် ကတိထားတော်မူသည့်သန့်ရှင်းသောဝိညာဉ်တော်ကို ခမည်းတော်ထံမှခံယူရရှိလျက် သင်တို့တွေ့မြင်ကြားသိသည့်အတိုင်း ထိုဝိညာဉ်တော်ကိုသွန်းလောင်းတော်မူ၏။ Common Language Bible ကိုယ်တော်သည်ဘုရားသခင်၏လက်ယာတော် ဘက်တွင်စံပယ်ရန်ချီးမြှင့်ခြင်းခံတော်မူပြီး နောက် ခမည်းတော်ကတိထားတော်မူသည့်သန့် ရှင်းသောဝိညာဉ်တော်ကိုခံယူ၍ သင်တို့ယခု တွေ့မြင်ကြားသိနေကြသည့်ဝိညာဉ်တော်ကို ငါတို့အပေါ်သို့သွန်းလောင်းတော်မူသတည်း။- Garrad Bible ၎င်း ပြင် ဘု ရား သ ခင်၏ ညာ လက် ရုံး တော် ဖြင့် ချီး မြှောက် ခံ ရ၍ က တိ ထား တော် မူ ခဲ့ သည့် သန့် ရှင်း သော ဝိညာဉ် တော် ကို ခ မည်း တော့် ထံ ခံ ရ သ ဖြင့် သင် တို့ ယ ခု ကြား မြင် သ မျှ ကို သွန်း လောင်း တော် မူ ပြီ။ Judson Bible ထိုသို့ဘုရားသခင်သည် လက်ယာလက်တော်နှင့် ချီးမြှောက်တော်မူသဖြင့်၊ ထိုသခင်သည် ကတိတော်နှင့် ယှဉ်သော သန့်ရှင်းသောဝိညာဉ်တော်ကို ခမည်းတော်ထံ၌ ခံပြီဖြစ်၍ သင်တို့သိမြင်ကြားရသောအရာကို ညွှန်းလောင်းတော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ယေရှုသည် ဘုရားသခင်၏လက်ယာတော်ဘက်၌ ချီးမြှောက်တော်မူခြင်းခံရ၏။ ထို့နောက် ကတိထားတော်မူသည့် သန့်ရှင်းသောဝိညာဉ်တော်ကို အဖဘုရားထံမှ ခံယူသည်နှင့်အညီ၊ ထိုသခင်သည် သင်တို့မြင်တွေ့ကြားသိသည့်အတိုင်း ဤသန့်ရှင်းသောဝိညာဉ်တော်ကို သွန်းလောင်းတော်မူပြီ။ |
ထာဝရဘုရား၏လက်ယာလက်တော်သည် ချီးမြှောက်ခြင်းရှိ၏။ ထာဝရဘုရား၏လက်ယာလက်တော်သည် တန်ခိုးကြီးသောအမှုကိုပြုတော်မူ၏။
တစ်ခါက ကိုယ်တော်သည် ကိုယ်တော်၏သန့်ရှင်းသူတို့အား ဗျာဒိတ်နိမိတ်အားဖြင့် မြွက်ဆိုတော်မူသည်မှာ “ငါသည် ခွန်အားကြီးသောသူတစ်ဦးကို ကူညီမစပြီ။ လူတို့ထဲမှ ရွေးချယ်ထားသောသူတစ်ဦးကို ချီးမြှောက်ပြီ။
ငါ၏သစ္စာနှင့် ငါ၏မေတ္တာကရုဏာသည် သူနှင့်အတူရှိလိမ့်မည်။ သူ၏ဦးချိုသည်လည်း ငါ၏နာမအားဖြင့် ချီးမြှောက်ခြင်းခံရလိမ့်မည်။
ကြည့်ရှုလော့။ ငါ့အစေအပါးသည် ပညာသတိရှိစွာလုပ်ဆောင်မည်။ သူသည် ချီးမြှင့်မြှောက်စားခြင်းခံရ၍ အထွတ်အမြတ်ဖြစ်မည်။
သူသည် အသက်စွန့်၍ အသေခံခဲ့၏။ အပြစ်ကျူးလွန်သူတို့၏စာရင်းတွင် ထည့်သွင်းခြင်းခံရ၏။ သူသည် လူများစွာတို့၏အပြစ်ကိုထမ်းသွား၍ အပြစ်ကျူးလွန်သောသူတို့အတွက် ကြားဝင်စေ့စပ်ပေး၏။ ထို့ကြောင့် ငါသည် သူ့အား ကြီးမြတ်သောသူတို့နှင့်အတူ ဝေစုတစ်စုခွဲဝေပေးမည်။ သူသည် အားကြီးသောသူတို့နှင့်အတူ လုယက်ပစ္စည်းကို ခွဲဝေမည်။
ထိုအခါ ယေရှုသည် သူတို့ထံသို့ချဉ်းကပ်၍“ကောင်းကင်နှင့်မြေကြီးပေါ်၌ ရှိသမျှသောအခွင့်အာဏာတို့ကို ငါ့ထံပေးအပ်တော်မူပြီ။
သခင်ယေရှုသည် သူတို့အား ထိုသို့မိန့်တော်မူပြီးနောက် ကောင်းကင်သို့ဆောင်ယူခြင်းကိုခံတော်မူ၍ ဘုရားသခင်၏လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
ငါသည် ငါ့ခမည်းတော်၏ကတိတော်ကို သင်တို့ထံသို့စေလွှတ်မည်။ သို့သော် သင်တို့သည် အထက်ကောင်းကင်မှတန်ခိုးဖြင့် လွှမ်းခြုံခြင်းခံရသည်အထိ ဂျေရုဆလင်မြို့၌ နေကြဦးလော့”ဟု မိန့်တော်မူ၏။
ငါသည်လည်း ခမည်းတော်ကိုတောင်းလျှောက်သဖြင့် ခမည်းတော်သည် အခြားသောကူညီမစသူတစ်ပါးကို သင်တို့နှင့်အတူ ကာလအစဉ်အဆက်ရှိစေရန် သင်တို့အားပေးတော်မူမည်။
သို့သော် ငါ့နာမ၌ ခမည်းတော်စေလွှတ်တော်မူမည့် ကူညီမစသူတည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် အရာခပ်သိမ်းတို့ကို သင်တို့အားသွန်သင်တော်မူ၍ ငါပြောဆိုခဲ့သမျှသောအရာတို့ကို သင်တို့အား ပြန်လည်သတိရစေတော်မူလိမ့်မည်။
ခမည်းတော်ထံမှ သင်တို့ထံသို့ ငါစေလွှတ်မည့် ကူညီမစသူတည်းဟူသော ခမည်းတော်ထံမှလာသည့် သမ္မာတရား၏ဝိညာဉ်တော်ရောက်လာသောအခါ ငါ့အကြောင်းကို သက်သေခံလိမ့်မည်။
အို အဖ၊ ဤကမ္ဘာမတည်မရှိမီကပင် ကိုယ်တော်နှင့်အတူ အကျွန်ုပ်ခံစားရသောဘုန်းအသရေတော်အားဖြင့် ယခုပင် အကျွန်ုပ်ကို အထံတော်ပါး၌ ဘုန်းထင်ရှားစေတော်မူပါ။
ထို့နောက် အတူတကွစုရုံးနေကြစဉ် ကိုယ်တော်က သူတို့အား“ဂျေရုဆလင်မြို့မှ ထွက်ခွာမသွားဘဲ ငါ့ထံမှ သင်တို့ကြားရသော ခမည်းတော်၏ကတိတော်ကို စောင့်နေကြလော့။
ပေတရုနှင့်အတူလိုက်ပါလာသည့် အရေဖျားလှီးထားသော ယုံကြည်သူရှိသမျှတို့သည် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသောကောင်းချီးလက်ဆောင်ကို လူမျိုးခြားတို့အပေါ်၌လည်း သွန်းလောင်းတော်မူသည့်အတွက် အလွန်အံ့ဩကြ၏။
ဟောပြောထားသောအရာမှာ ‘ဘုရားသခင်မိန့်တော်မူသည်ကား ငါသည် နောက်ဆုံးသောနေ့ရက်တို့၌ လူအပေါင်းတို့အပေါ်သို့ ငါ၏ဝိညာဉ်ကိုသွန်းလောင်းမည်။ ထိုအခါ သင်တို့၏သားသမီးများသည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။ သင်တို့ထဲမှလူငယ်များသည် ဗျာဒိတ်ရူပါရုံများကိုမြင်ရကြလိမ့်မည်။ သင်တို့ထဲမှသက်ကြီးဝါကြီးများသည် အိပ်မက်များကိုမြင်မက်ကြလိမ့်မည်။
ဘုရားသခင်သည် အစ္စရေးလူမျိုးတို့အား နောင်တရခြင်းနှင့်အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကို ပေးသနားတော်မူရန် ထိုအရှင်ကို စိုးပိုင်သောအရှင်နှင့် ကယ်တင်ရှင်အဖြစ် မိမိလက်ယာတော်ဘက်၌ ချီးမြှောက်တော်မူ၏။
ထိုမျှော်လင့်ခြင်းသည်လည်း ငါတို့ကိုအရှက်ရစေမည်မဟုတ်။ အကြောင်းမူကား ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကိုပေးတော်မူသောသန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ငါတို့၏စိတ်နှလုံးထဲ၌ သွန်းလောင်းခြင်းခံရပြီဖြစ်၏။
ထိုသို့ ငါတို့ကိုရွေးနုတ်တော်မူခြင်းမှာ အာဗြဟံခံစားရသောကောင်းချီးမင်္ဂလာသည် ခရစ်တော်ယေရှုအားဖြင့် လူမျိုးခြားတို့အပေါ်သို့ သက်ရောက်သဖြင့် ကတိထားတော်မူသောဝိညာဉ်တော်ကို ယုံကြည်ခြင်းအားဖြင့် ငါတို့ခံယူရရှိရန်အတွက်ဖြစ်၏။
သင်တို့သည်လည်း သင်တို့၏ကယ်တင်ခြင်းနှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းတည်းဟူသော သမ္မာတရား၏နှုတ်ကပတ်တော်ကို ထိုသခင်၌ကြားရ၍ ကိုယ်တော်ကိုယုံကြည်သဖြင့် ကတိထားတော်မူသော သန့်ရှင်းသောဝိညာဉ်တော်ဖြင့် တံဆိပ်ခတ်နှိပ်ခြင်းကိုခံရကြ၏။
ထို့ကြောင့် “ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်သွားတော်မူသောအခါ ချုပ်နှောင်ထားသောသူကို ဖမ်းဆီးခေါ်ဆောင်သွား၍ လူတို့အား လက်ဆောင်များကိုပေးတော်မူ၏”ဟု ကျမ်းစာ၌ဆိုထား၏။
ဘုရားသခင်သည် ထိုဝိညာဉ်တော်ကို ငါတို့၏ကယ်တင်ရှင်ယေရှုခရစ်တော်အားဖြင့် ငါတို့အပေါ် ကြွယ်ဝစွာသွန်းလောင်းတော်မူ၏။
သို့သော် ခရစ်တော်သည် တစ်ခုတည်းသောယဇ်ကို အပြစ်များအတွက် ထာဝစဉ်ပူဇော်ပြီးလျှင် ထိုအချိန်မှစ၍ ဘုရားသခင်၏လက်ယာတော်ဘက်၌ထိုင်လျက်
သို့သော် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် လူတိုင်းအတွက် သေခြင်းကိုမြည်းစမ်းစေရန် ကောင်းကင်တမန်တို့ထက် ခေတ္တခဏ နိမ့်ကျစေခြင်းကိုခံရ၍ သေခြင်းနှင့်ဆိုင်သောဒုက္ခဝေဒနာကိုခံစားရသောကြောင့် ဘုန်းတော်နှင့်ဂုဏ်တော်တို့ဖြင့် သရဖူဆောင်းရသည့်ယေရှုကို ငါတို့မြင်ရကြ၏။
ကိုယ်တော်အား သေသောသူတို့ထဲမှ ထမြောက်စေ၍ ဘုန်းအသရေပေးတော်မူသောဘုရားသခင်ကို ကိုယ်တော်အားဖြင့် သင်တို့ယုံကြည်ကြ၏။ သို့ဖြစ်၍ သင်တို့၏ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်းတို့သည် ဘုရားသခင်ထဲ၌တည်ရှိကြ၏။
ခရစ်တော်သည် ကောင်းကင်ဘုံသို့ကြွတော်မူ၍ ကောင်းကင်တမန်များ၊ အာဏာစက်များနှင့် တန်ခိုးတို့ကို မိမိလက်အောက်၌ချထားလျက် ဘုရားသခင်၏လက်ယာတော်ဘက်၌ရှိနေတော်မူ၏။