ကမ္ဘာမြေကြီးပေါ်ရှိရှင်ဘုရင်တို့သည် ထကြ၍ အုပ်ချုပ်သူတို့သည် အတူတကွစုဝေးကြကာ ထာဝရဘုရားနှင့် ကိုယ်တော်ဘိသိက်ပေးထားသောအရှင်ကို ဆန့်ကျင်လျက်
တမန်တော်ဝတ္ထု 19:28 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ထိုစကားကိုကြားလျှင် ပြင်းစွာဒေါသထွက်၍ “ဧဖက်မြို့သားတို့၏အာတေမိသည် ကြီးမြတ်ပေ၏”ဟု အော်ဟစ်ကြ၏။ Common Language Bible ထိုစကားကိုကြားလျှင်လက်မှုပညာသည် တို့သည် ဒေါသအမျက်ထွက်ကာ ``ဧဖက်မြို့၏ အာတေမိနတ်သမီးသည်ကြီးမြတ်ပေ၏'' ဟုကြွေးကြော်ကြ၏။- Judson Bible ထိုစကားကိုကြားလျှင်၊ ထိုသူတို့သည် ဒေါသအမျက်နှင့် ပြည့်သဖြင့်၊ ဧဖက်လူတို့၏ အာတေမိသည် ကြီးမြတ်တော်မူ၏ဟု အော်ဟစ်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုစကားကိုကြားလျှင် သူတို့သည် ဒေါသထွက်လျက် “ဧဖက်မြို့၏အာတေမိနတ်ဘုရားမသည် ကြီးမြတ်၏” ဟု ဟစ်အော်ကြလေ၏။ |
ကမ္ဘာမြေကြီးပေါ်ရှိရှင်ဘုရင်တို့သည် ထကြ၍ အုပ်ချုပ်သူတို့သည် အတူတကွစုဝေးကြကာ ထာဝရဘုရားနှင့် ကိုယ်တော်ဘိသိက်ပေးထားသောအရှင်ကို ဆန့်ကျင်လျက်
ထိုပြည်သည် ရုပ်တုပေါများရာပြည်ဖြစ်၏။ ရုပ်တုများကို အရူးအမူးစွဲလမ်းကြ၏။ ထို့ကြောင့် ထိုပြည်၌ မိုးခေါင်လေပြီ၊ ရေများခန်းခြောက်လေပြီ။
ထို့နောက် ဟေရုဒ်မင်းကြီးသည် နက္ခတ်ပညာရှင်တို့၏မထီလေးစားပြုခြင်းကိုခံရကြောင်းသိလျှင် အမျက်ပြင်းထန်စွာထွက်၍ နက္ခတ်ပညာရှင်တို့ထံမှ သေချာစွာလေ့လာစိစစ်ထားသည့်အချိန်ကာလအရ ဗက်လင်မြို့နှင့် ၎င်းအရပ်ဒေသတစ်ဝိုက်တွင်ရှိသော အသက်နှစ်နှစ်နှင့် နှစ်နှစ်အောက်ယောက်ျားလေးအားလုံးတို့ကို သတ်စေ၏။
သူတို့သည် ဧဖက်မြို့သို့ရောက်ကြသောအခါ ပေါလုသည် အခြားသောသူတို့ကို ထိုနေရာ၌ထားခဲ့ပြီး ဝတ်ပြုစည်းဝေးကျောင်းသို့ဝင်၍ ဂျူးလူမျိုးတို့နှင့် ဆွေးနွေးပြောဆိုလေ၏။
ဖြစ်ရသည့်အကြောင်းကား ဒေမေတရိအမည်ရှိသော ငွေပန်းထိမ်ဆရာတစ်ဦးသည် အာတေမိနတ်ဘုရားမ၏ငွေဗိမာန်ငယ်ကို ပြုလုပ်ခြင်းအားဖြင့် ပန်းထိမ်သမားတို့အား အကျိုးစီးပွားများစွာ ဖြစ်ထွန်းစေ၏။
သူတို့သည် ဤအကြောင်းအရာတို့ကို ကြားကြသောအခါ သူတို့၏စိတ်ထဲတွင် သတေဖန်အပေါ် ပြင်းစွာအမျက်ထွက်၍ အံကြိတ်ကြ၏။
သို့ဖြစ်၍ ကောင်းကင်နှင့် ကောင်းကင်၌စံမြန်းသောသူတို့၊ ပျော်ရွှင်ကြလော့။ မြေကြီးနှင့်ပင်လယ်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် မာရ်နတ်သည် သူ၏အချိန်အနည်းငယ်သာရှိကြောင်းကိုသိလျက် ပြင်းစွာသောဒေါသဖြင့် သင်တို့ထံသို့ဆင်းလာပြီ”ဟု ဆိုသည်ကို ငါကြားရ၏။
ထို့ပြင် နဂါးသည် သားရဲအား အခွင့်အာဏာကိုပေးအပ်သဖြင့် သူတို့သည် နဂါးကိုကိုးကွယ်ကြ၏။ သူတို့က “မည်သူသည် သားရဲနှင့်တူသနည်း။ မည်သူသည် သူ့ကို တိုက်ခိုက်နိုင်သနည်း”ဟု ဆိုလျက် သားရဲကိုလည်းကိုးကွယ်ကြ၏။
ထိုဘုရင်တို့သည် တစ်စိတ်တစ်သဘောတည်းရှိ၍ မိမိတို့၏တန်ခိုးနှင့်အခွင့်အာဏာတို့ကို သားရဲအားပေးအပ်ကြလိမ့်မည်။