တစ်နေ့တွင် ငါတို့သည် ဆုတောင်းပတ္ထနာပြုသောနေရာသို့သွားကြစဉ် ဗေဒင်ဟောတတ်သောနတ်ပူးနေသည့် အစေခံမိန်းမတစ်ဦးနှင့် ဆုံကြ၏။ သူသည် ဗေဒင်ဟောခြင်းဖြင့် မိမိသခင်တို့အတွက် များစွာသောအကျိုးစီးပွားကိုဖြစ်စေ၏။
တမန်တော်ဝတ္ထု 19:24 - မြန်မာ့စံမီသမ္မာကျမ်း ဖြစ်ရသည့်အကြောင်းကား ဒေမေတရိအမည်ရှိသော ငွေပန်းထိမ်ဆရာတစ်ဦးသည် အာတေမိနတ်ဘုရားမ၏ငွေဗိမာန်ငယ်ကို ပြုလုပ်ခြင်းအားဖြင့် ပန်းထိမ်သမားတို့အား အကျိုးစီးပွားများစွာ ဖြစ်ထွန်းစေ၏။ Common Language Bible ဒေမေတရိနာမည်ရှိသောငွေပန်းထိမ်ဆရာ သည် အာတေမိနတ်သမီး၏ငွေနတ်ကွန်းပုံတူ ကလေးများကိုပြုလုပ်ခြင်းအားဖြင့် လက်မှု ပညာသည်များအားများစွာငွေဝင်လမ်းဖြောင့် စေခဲ့၏။- Garrad Bible အာ တေ မိ၏ ငွေ နတ် စင် များ ကို လုပ်၍ ပ ညာ သည် ချင်း တို့ အား လက် ခ များ စွာ ရ စေ သူ ဒေ မေ တြိ ခေါ် ငွေ ပန်း တိမ် ဆ ရာ သည်၊ Judson Bible ဒေမေတရိအမည်ရှိသော ပန်းထိမ်သမားတစ်ယောက်သည် အာတေမိနတ်သမီး၏ ငွေဗိမာန်ငယ်တို့ကို လုပ်သဖြင့်၊ ပန်းထိမ်သမားတို့အား စီးပွားများကို ပြုတတ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဒေမေတရိဟု ခေါ်သော ငွေပန်းထိမ်ဆရာတစ်ယောက်သည် အာတေမိနတ်ဘုရားမ၏ငွေဗိမာန်ငယ်များကို ထုလုပ်၍ ပန်းထိမ်လုပ်သားများအတွက် များစွာစီးပွားဖြစ်ထွန်းစေသောသူ ဖြစ်၏။ |
တစ်နေ့တွင် ငါတို့သည် ဆုတောင်းပတ္ထနာပြုသောနေရာသို့သွားကြစဉ် ဗေဒင်ဟောတတ်သောနတ်ပူးနေသည့် အစေခံမိန်းမတစ်ဦးနှင့် ဆုံကြ၏။ သူသည် ဗေဒင်ဟောခြင်းဖြင့် မိမိသခင်တို့အတွက် များစွာသောအကျိုးစီးပွားကိုဖြစ်စေ၏။
သို့သော် ထိုမိန်းမ၏သခင်တို့သည် မိမိတို့အကျိုးစီးပွားအတွက် မျှော်လင့်ချက်မရှိတော့ကြောင်း သိမြင်သဖြင့် ပေါလုနှင့်သိလတို့ကိုဖမ်းဆီး၍ အကြီးအကဲများရှိရာ ဈေးအရပ်သို့ ဆွဲခေါ်သွားကြ၏။
သူသည် ထိုသူတို့အပါအဝင် အလားတူလုပ်ငန်းမျိုးလုပ်ကိုင်နေသောသူများကို စုဝေးစေလျက် “မိတ်ဆွေတို့၊ ဤလုပ်ငန်းအားဖြင့် ငါတို့အကျိုးစီးပွားဖြစ်ထွန်းသည်ကို သင်တို့သိကြ၏။
ထို့ကြောင့် ဒေမေတရိမှစ၍ သူနှင့်အတူရှိသောပန်းထိမ်သမားတို့သည် တစ်စုံတစ်ဦးကို တရားစွဲဆိုရန်ရှိလျှင် တရားရုံးများဖွင့်ထားပြီး အုပ်ချုပ်ရေးမှူးများလည်း ရှိကြသည်ဖြစ်၍ အမှုသည်ချင်း တရားတွေ့ကြပါစေ။