ရှာလမိမြို့သို့ရောက်ကြသောအခါ ဂျူးလူမျိုးတို့၏ဝတ်ပြုစည်းဝေးကျောင်းများတွင် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဟောပြောကြ၏။ သူတို့သည်ယောဟန်ကိုလည်း အကူအညီပေးသူအဖြစ် ခေါ်သွားကြ၏။
တမန်တော်ဝတ္ထု 19:22 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သူသည် မိမိကိုကူညီဆောင်ရွက်ပေးသူများထဲမှ တိမောသေနှင့်ဧရတ္တုတို့နှစ်ဦးကို မာကေဒေါနိပြည်သို့စေလွှတ်၍ သူကိုယ်တိုင်သည် အာရှပြည်တွင် ခေတ္တနေခဲ့၏။ Common Language Bible သူသည်မိမိ၏လက်ထောက်နှစ်ယောက်ဖြစ် သည့်တိမောသေနှင့်ဧရတ္တုတို့ကိုမာကေ ဒေါနိပြည်သို့စေလွှတ်လိုက်၏။ မိမိမူကား အာရှပြည်တွင်ကာလအနည်းငယ်နေ၏။ Garrad Bible လက် ထောက် များ အ နက် တိ မော သေ နှင့် ဧ ရ တ္တု နှစ် ပါး ကို မာ ကေ ဒေါ နိ ပြည် သို့ လွှတ် လိုက် ပြီး လျှင် အာ ရှိ ပြည် တွင်း ဆိုင်း လျက် နေ လေ၏။ Judson Bible မိမိအားလုပ်ကျွေးသော သူနှစ်ယောက်၊ တိမောသေနှင့် ဧရတ္တုတို့ကို မာကေဒေါနိပြည်သို့ စေလွှတ်ပြီးမှ မိမိသည် အာရှိပြည်၌ ခဏနေသေး၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် မိမိအား ကူညီဆောင်ရွက်ပေးသူ တိမောသေနှင့် ဧရတ္တုကို မာကေဒေါနိပြည်သို့ စေလွှတ်၍ အာရှပြည်၌ ကာလအနည်းငယ်ဆက်နေလေ၏။ |
ရှာလမိမြို့သို့ရောက်ကြသောအခါ ဂျူးလူမျိုးတို့၏ဝတ်ပြုစည်းဝေးကျောင်းများတွင် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဟောပြောကြ၏။ သူတို့သည်ယောဟန်ကိုလည်း အကူအညီပေးသူအဖြစ် ခေါ်သွားကြ၏။
ထို့နောက် ပေါလုသည် ဒေရဗေမြို့မှတစ်ဆင့် လုတ္တရမြို့သို့ ရောက်လာ၏။ ထိုအရပ်၌ တိမောသေအမည်ရှိ တပည့်တော်တစ်ဦးရှိ၏။ သူသည် ယုံကြည်သူဂျူးအမျိုးသမီး၏သားဖြစ်သော်လည်း သူ၏ဖခင်မှာမူ ဂရိအမျိုးသားဖြစ်၏။
ပေါလုသည် သူ့ကို မိမိနှင့်အတူလိုက်စေလို၍ ထိုအရပ်၌ရှိသော ဂျူးလူမျိုးတို့ကြောင့် သူ့အား အရေဖျားလှီးခြင်းပေး၏။ အကြောင်းမူကား သူ၏ဖခင်သည် ဂရိအမျိုးသားဖြစ်ကြောင်း သူတို့အားလုံးသိနေကြ၏။
သိလနှင့်တိမောသေတို့သည် မာကေဒေါနိပြည်မှ ဆင်းလာကြသောအခါ ပေါလုသည် နှုတ်ကပတ်တော်ဟောပြောခြင်းအမှုကိုသာ ဆောင်ရွက်လျက် ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း ဂျူးလူမျိုးတို့အား သက်သေခံလေ၏။
နှစ်နှစ်ပတ်လုံး ထိုသို့ပြုသောကြောင့် ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ၊ အာရှပြည်၌နေထိုင်သောသူအပေါင်းတို့သည် သခင်ဘုရား၏နှုတ်ကပတ်တရားကို ကြားနာရကြ၏။
ဤအဖြစ်အပျက်များပြီးဆုံးပြီးနောက် ပေါလုသည် မာကေဒေါနိပြည်နှင့်အခါယပြည်တို့ကို ဖြတ်သွား၍ ဂျေရုဆလင်မြို့သို့သွားရန် ဝိညာဉ်တော်အားဖြင့်ဆုံးဖြတ်လျက် “ငါသည် ထိုမြို့သို့သွားပြီးလျှင် ရောမမြို့ကိုလည်း မြင်ရမည်”ဟု ဆို၏။
ထိုအခါ တစ်မြို့လုံး ရုန်းရင်းဆန်ခတ်ဖြစ်လေ၏။ လူတို့သည် ပေါလုနှင့်အတူလိုက်ပါသည့် မာကေဒေါနိပြည်သား ဂါယုနှင့်အာရိတ္တာခုတို့ကို ဖမ်းဆီးပြီး ဇာတ်ရုံထဲသို့ တစ်ဟုန်ထိုးပြေးဝင်သွားကြ၏။
ထိုရုန်းရင်းဆန်ခတ်မှု ရပ်တန့်သွားပြီးနောက် ပေါလုသည် တပည့်တော်တို့ကိုခေါ်၍ တိုက်တွန်းနှိုးဆော်ကာ သူတို့အား နှုတ်ဆက်ပြီးလျှင် မာကေဒေါနိပြည်သို့ထွက်ခွာသွားလေ၏။
ငါသည် ဤလက်များဖြင့် ငါမှစ၍ ငါနှင့်အတူရှိသောသူတို့၏လိုအပ်ချက်များအတွက် လုပ်ဆောင်ခဲ့ကြောင်း သင်တို့ကိုယ်တိုင်သိကြ၏။
ငါမှစ၍ အသင်းတော်တစ်ခုလုံးကိုလက်ခံသောအိမ်ရှင်ဂါယုသည် သင်တို့ကိုနှုတ်ဆက်၏။ မြို့တော်ဘဏ္ဍာထိန်းဧရတ္တုနှင့် ငါတို့၏ညီအစ်ကိုကွာတုတို့သည် သင်တို့ကိုနှုတ်ဆက်ကြ၏။
သင်တို့နေရာကိုဖြတ်လျက် မာကေဒေါနိပြည်သို့ သွားပြီးနောက် တစ်ဖန် မာကေဒေါနိပြည်မှ သင်တို့ထံသို့ပြန်လာ၍ သင်တို့၏ပို့ဆောင်ပေးခြင်းအားဖြင့် ယုဒပြည်သို့သွားမည်ဟု စီစဉ်ထား၏။
မာကေဒေါနိပြည်မှလာသော ညီအစ်ကိုများသည် ငါလိုအပ်သည့်အရာကို ဖြည့်ဆည်းပေးခဲ့သည်ဖြစ်၍ ငါသည် သင်တို့နှင့်အတူရှိစဉ် လိုအပ်ချက်ရှိသည့်အခါ မည်သူ့အတွက်မျှ ဝန်ထုပ်ဝန်ပိုးမဖြစ်ခဲ့ပေ။ ငါသည် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် မိမိကိုယ်ကို အရာရာ၌စောင့်စည်းခဲ့သည့်နည်းတူ နောင်၌လည်း စောင့်စည်းဦးမည်။
ငါ့ညီတိတုကိုမတွေ့ရသောကြောင့် ငါသည် စိတ်မသာမယာဖြစ်၍ ထိုသူတို့ကိုနှုတ်ဆက်ပြီးလျှင်မာကေဒေါနိပြည်သို့ ငါထွက်ခွာသွား၏။
ညီအစ်ကိုတို့၊ မာကေဒေါနိပြည်ရှိအသင်းတော်များအား ဘုရားသခင်ပေးတော်မူသော ကျေးဇူးတော်အကြောင်းကို သင်တို့အား ငါတို့ပြောပြလိုပါ၏။
သခင်ဘုရားကိုယ်တော်တိုင်၏ဘုန်းတော်နှင့် ငါတို့၏စေတနာစိတ်တို့ကိုထင်ရှားစေရန် ငါတို့ပြုစုနေသော ဤကျေးဇူးပြုခြင်းအမှု၌ ငါတို့နှင့်အတူလိုက်ပါရန် အသင်းတော်များထံမှ ခန့်ထားခြင်းခံရသူလည်းဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သခင်ဘုရား၏နှုတ်ကပတ်တရားသည် သင်တို့ထံမှ မာကေဒေါနိပြည်နှင့်အခါယပြည်သို့ ပဲ့တင်ထပ်သွားခဲ့သည်သာမက ဘုရားသခင်အပေါ်၌ရှိသော သင်တို့၏ယုံကြည်ခြင်းအကြောင်းသည်လည်း နေရာအနှံ့သို့ ပျံ့နှံ့လေပြီဖြစ်သောကြောင့် ငါတို့၌ပြောစရာတစ်စုံတစ်ခုမျှမရှိ။
ဧရတ္တုသည် ကောရိန္သုမြို့၌ နေရစ်ခဲ့၏။ တရောဖိမ်ကိုမူကား နာမကျန်းဖြစ်နေသဖြင့် မိလက်မြို့တွင် ငါထားခဲ့၏။