ဆီဇာရီးယားမြို့တွင် အီတလီတပ်ဟုခေါ်သောတပ်ဖွဲ့မှ ကော်နေလိအမည်ရှိသော တပ်မှူးတစ်ယောက်ရှိ၏။
တမန်တော်ဝတ္ထု 18:22 - မြန်မာ့စံမီသမ္မာကျမ်း ဆီဇာရီးယားမြို့သို့ရောက်လျှင် ဂျေရုဆလင်မြို့သို့ တက်သွား၍ အသင်းတော်ကိုနှုတ်ဆက်ပြီးမှ အန္တိအုတ်မြို့သို့ ဆင်းသွားလေ၏။ Common Language Bible သူသည်ကဲသရိမြို့သို့ရောက်လျှင်သင်္ဘောမှ ဆင်းပြီးနောက် ယေရုရှလင်မြို့သို့သွား၍ အသင်းတော်ကိုနှုတ်ဆက်၏။ ထိုနောက်အန္တိ အုတ်မြို့သို့သွား၏။- Garrad Bible ကဲ သ ရိ မြို့ တွင် ဆိုက် သော် မြို့ တော် သို့ တက် သွား၍ အ သင်း တော် ကို နှုတ် ဆက် ပြီး လျှင် အ န္တိ အုတ် မြို့ သို့ ဆင်း သွား၏။ Judson Bible ကဲသရိမြို့သို့ရောက်လျှင် ယေရုရှလင်မြို့သို့ တက်၍ အသင်းတော်နှင့် နှုတ်ဆက်ပြီးမှ အန္တိအုတ်မြို့သို့ သွားပြန်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဆီဇာရီးယားမြို့သို့ ရောက်သောအခါ ဂျေရုဆလင်မြို့သို့တက်၍ အသင်းတော်ကိုနှုတ်ဆက်ပြီးလျှင် အန္တိအုတ်မြို့သို့ ဆင်းသွား၏။ |
ဆီဇာရီးယားမြို့တွင် အီတလီတပ်ဟုခေါ်သောတပ်ဖွဲ့မှ ကော်နေလိအမည်ရှိသော တပ်မှူးတစ်ယောက်ရှိ၏။
နောက်တစ်နေ့၌ သူသည် ဆီဇာရီးယားမြို့သို့ ရောက်လေ၏။ ကော်နေလိသည် မိမိ၏ဆွေမျိုးများနှင့် ရင်းနှီးသောမိတ်ဆွေများကို စုရုံးထားလျက် သူတို့ကိုစောင့်မျှော်နေ၏။
ထိုခဏချင်းတွင် ဆီဇာရီးယားမြို့မှ ငါ့ထံသို့စေလွှတ်လိုက်သည့် လူသုံးဦးတို့သည် ငါရှိနေသောအိမ်သို့ ရောက်လာကြ၏။
အန္တိအုတ်မြို့၌ရှိသောအသင်းတော်တွင် ဗာနဗ၊ နိဂါဟုခေါ်သောရှိမောင်၊ ကုရေနေမြို့သားလုကိ၊ နယ်စားဟေရုဒ်နှင့်နို့စို့ဖက်ဖြစ်သူမာနင်နှင့် ရှောလု စသည့်ပရောဖက်များနှင့်ဆရာများရှိကြ၏။
ထိုမြို့မှတစ်ဆင့် ရွက်လွှင့်ကာ ယခု သူတို့ဆောင်ရွက်ပြီးစီးသွားသောအမှုတော်အတွက် ဘုရားသခင်၏ကျေးဇူးတော်၌အပ်နှံခြင်းခံခဲ့ရာအန္တိအုတ်မြို့သို့ ပြန်သွားကြ၏။
ထိုသူတို့မှတစ်ဆင့်ပေးလိုက်သော စာ၌ကား “တမန်တော်များနှင့်အသင်းတော်အကြီးအကဲများဖြစ်ကြသော ညီအစ်ကိုတို့သည် အန္တိအုတ်မြို့၊ ဆီးရီးယားပြည်နှင့် ဆီလီဆီးယားပြည်ရှိ လူမျိုးခြားထဲမှ ညီအစ်ကိုတို့အား နှုတ်ခွန်းဆက်သလိုက်ပါ၏။
ဤသို့ဖြင့် သူတို့ကို လွှတ်လိုက်သောအခါ သူတို့သည် အန္တိအုတ်မြို့သို့ ဆင်းသွားကြ၍ တပည့်တော်အစုအဝေးကို စုဝေးစေပြီးလျှင် စာကို ပေးအပ်ကြ၏။
ပေါလုနှင့်ဗာနဗတို့သည်လည်း အန္တိအုတ်မြို့၌နေလျက် အခြားသောသူများစွာတို့နှင့်အတူ သခင်ဘုရား၏နှုတ်ကပတ်တရားကို ဟောပြော၍သွန်သင်ကြ၏။
ဂျေရုဆလင်မြို့သို့ရောက်ကြသောအခါ အသင်းတော်မှစ၍ တမန်တော်များနှင့် အသင်းတော်အကြီးအကဲများသည် သူတို့ကို ကြိုဆိုလက်ခံကြ၏။ သူတို့သည်လည်း မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသမျှတို့ကို ပြောကြားကြ၏။
ထို့နောက် တပ်မှူးကြီးသည် တပ်မှူးနှစ်ဦးကိုခေါ်၍ “ညကိုးနာရီအချိန်၌ ဆီဇာရီးယားမြို့သို့သွားရန် စစ်သားနှစ်ရာ၊ လှံတပ်သားနှစ်ရာနှင့် မြင်းတပ်သားခုနစ်ဆယ်တို့ကို ပြင်ဆင်ကြလော့။
ဖေတ္တုမင်းသည် ထိုပြည်သို့ရောက်၍ သုံးရက်ကြာသောအခါ ဆီဇာရီးယားမြို့မှ ဂျေရုဆလင်မြို့သို့ တက်သွားလေ၏။
ဖေတ္တုမင်းသည် ဂျူးလူမျိုးတို့ကို ကျေးဇူးပြုလိုသဖြင့် ပေါလုအား “သင်သည် ဂျေရုဆလင်မြို့သို့တက်သွား၍ ထိုမြို့၌ ငါ၏ရှေ့တွင် ဤအမှုများနှင့်ပတ်သက်ပြီး စစ်ဆေးစီရင်ခံလိုသလော”ဟု မေးလေ၏။
ဖိလိပ္ပုမူကား အာဇုတ်မြို့၌ပေါ်လာ၍ ဆီဇာရီးယားမြို့သို့ရောက်သည့်တိုင်အောင် မြို့ရွာအားလုံးတို့ကိုလှည့်လည်၍ ကောင်းမြတ်သောသတင်းကိုဟောပြောလေ၏။