ဂုဏ်သရေကြီးမြင့်သော လွှတ်တော်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဘုရားသခင်၏နိုင်ငံတော်ကို စောင့်မျှော်နေသူလည်းဖြစ်သော အရိမသဲမြို့သားယောသပ်သည်ရောက်လာ၍ ပိလတ်မင်းထံသို့ ရဲရင့်စွာဝင်ကာ ယေရှု၏အလောင်းတော်ကို တောင်းလေ၏။
တမန်တော်ဝတ္ထု 17:12 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် များစွာသောသူတို့သည် ယုံကြည်ကြ၏။ ထိုသူတို့တွင် ဂုဏ်သရေရှိသောဂရိအမျိုးသမီးများနှင့်အမျိုးသားများလည်း မနည်းလှပေ။ Common Language Bible ထို့ကြောင့်သူတို့အများပင်ယုံကြည်လာကြ၏။ ယင်းသို့ယုံကြည်သူတို့တွင်ဂုဏ်အသရေရှိ ဂရိအမျိုးသမီး၊ အမျိုးသားအမြောက် အမြားပါဝင်၏။- Garrad Bible နေ့ စဉ် ကျမ်း စာ ကို စစ် ဆေး သော ကြောင့် အ များ တို့ ယုံ ကြည် ကြ၏။ ဂုဏ် အ သ ရေ ရှိ ဂ ရိတ် လူ မျိုး မိန်း မ ယော ကျ်ား အ များ လည်း ယုံ ကြည် ကြ ၏။ Judson Bible ထိုကြောင့်၊ ယုဒလူအများတို့သည် ယုံကြည်ခြင်းသို့ရောက်ကြ၏။ အသရေထင်ရှားသော ဟေလသမိန်းမတို့နှင့် ယောက်ျားအများတို့သည်လည်း ယုံကြည်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့အားဖြင့် ဂျူးလူမျိုးများစွာတို့သည် ယုံကြည်သက်ဝင်လာကြ၏။ ဂုဏ်သရေရှိဂရိအမျိုးသား၊ အမျိုးသမီးတို့သည်လည်း ယုံကြည်သက်ဝင်လာကြ၏။ |
ဂုဏ်သရေကြီးမြင့်သော လွှတ်တော်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဘုရားသခင်၏နိုင်ငံတော်ကို စောင့်မျှော်နေသူလည်းဖြစ်သော အရိမသဲမြို့သားယောသပ်သည်ရောက်လာ၍ ပိလတ်မင်းထံသို့ ရဲရင့်စွာဝင်ကာ ယေရှု၏အလောင်းတော်ကို တောင်းလေ၏။
မည်သူမဆို ထိုအရှင်၏အလိုတော်ကို ဆောင်ရွက်လိုသောဆန္ဒရှိလျှင် ဤသွန်သင်ချက်သည် ဘုရားသခင်ထံမှလာသလော၊ သို့မဟုတ် ငါသည် ကိုယ့်ဆန္ဒအလျောက်ဟောပြောနေသလောဆိုသည်ကို သိလိမ့်မည်။
ထိုအခါ ပေါလုနှင့်ဗာနဗတို့သည် ရဲရင့်စွာဟောပြောလျက် “ဘုရားသခင်၏နှုတ်ကပတ်တရားကို သင်တို့အား ဦးစွာဟောပြောရန်လိုအပ်၏။ သို့သော် သင်တို့သည် ၎င်းကိုငြင်းပယ်၍ မိမိတို့ကိုယ်ကို ထာဝရအသက်နှင့်မထိုက်တန်ဟု စီရင်ကြသောကြောင့် ငါတို့သည် လူမျိုးခြားတို့ထံသို့ လှည့်သွားကြ၏။
သို့သော် ဂျူးလူမျိုးတို့သည် ဘုရားသခင်ကိုကိုးကွယ်သော ဂုဏ်သရေရှိအမျိုးသမီးများနှင့် မြို့၏ခေါင်းဆောင်များကို တိုက်တွန်း၍ ပေါလုနှင့်ဗာနဗတို့ကို ညှဉ်းဆဲစေရန် သွေးထိုးလှုံ့ဆော်ကာ သူတို့ကို မိမိတို့၏အရပ်ဒေသမှ နှင်ထုတ်ကြ၏။
ပေါလုနှင့်ဗာနဗတို့သည် ဣကောနိမြို့၌လည်း ဂျူးလူမျိုး၏ဝတ်ပြုစည်းဝေးကျောင်းသို့ဝင်၍ ထိုနည်းတူ ဟောပြောကြရာ ဂျူးလူမျိုးနှင့်ဂရိလူမျိုးအမြောက်အမြားတို့သည် ယုံကြည်ကြ၏။
ဘုရားသခင်ကိုချီးမွမ်းလျက် လူအပေါင်းတို့ရှေ့တွင် မျက်နှာရကြ၏။ သခင်ဘုရားသည်လည်း ကယ်တင်ခြင်းခံရသောသူတို့၏အရေအတွက်ကို နေ့စဉ်နှင့်အမျှတိုးပွားစေတော်မူ၏။
ညီအစ်ကိုတို့၊ သင်တို့ခေါ်ယူတော်မူခြင်းခံရစဉ်ကအကြောင်းကို ဆင်ခြင်ကြလော့။ လူ့အမြင်အရ သင်တို့တွင် ပညာရှိများစွာမပါ။ အစွမ်းထက်သောသူများစွာမပါ။ မြင့်မြတ်သောသူများစွာမပါ။
အကြောင်းမူကား ထင်ရှားလာသောအရာရှိသမျှသည် အလင်းဖြစ်၏။ သို့ဖြစ်၍ “အိပ်ပျော်နေသောသူ၊ နိုးလော့။ သေသောသူတို့ထဲမှ ထမြောက်လော့။ ထိုအခါ ခရစ်တော်သည် သင့်အား အလင်းကိုပေးတော်မူလိမ့်မည်”ဟု ဆိုထား၏။
ချမ်းသာသောသူသည် မိမိနှိမ့်ချခြင်းခံရသောအခါ ဂုဏ်ယူဝမ်းမြောက်စေ။ အကြောင်းမူကား ချမ်းသာသောသူသည် မြက်ပွင့်ကဲ့သို့ ကွယ်ပျောက်သွားလိမ့်မည်။
ထို့ကြောင့် ညစ်ညူးခြင်းရှိသမျှနှင့် ပြည့်လျှံကဲလွန်သောမကောင်းမှုတို့ကို ဖယ်ရှား၍ သင်တို့အထဲ၌ ထည့်သွင်းထားသောနှုတ်ကပတ်တော်ကို နူးညံ့သိမ်မွေ့သောစိတ်ဖြင့်ခံယူကြလော့။ ထိုနှုတ်ကပတ်တော်သည် သင်တို့၏စိတ်ဝိညာဉ်ကို ကယ်တင်နိုင်၏။