ဗာနဗသည် ရောက်လာ၍ ဘုရားသခင်၏ကျေးဇူးတော်ကိုမြင်သောအခါ ဝမ်းမြောက်လျက် ထိုသူအပေါင်းတို့အား စိတ်နှလုံးခိုင်မြဲစွာဖြင့် သခင်ဘုရား၌ ဆက်လက်တည်နေကြရန် တိုက်တွန်းနှိုးဆော်လေ၏။
တမန်တော်ဝတ္ထု 15:40 - မြန်မာ့စံမီသမ္မာကျမ်း ပေါလုမူကား သိလကိုရွေးချယ်ပြီး ညီအစ်ကိုတို့အားဖြင့် သခင်ဘုရား၏ကျေးဇူးတော်သို့ အပ်နှံခြင်းကိုခံယူလျက် ထွက်ခွာသွားလေ၏။ Common Language Bible ပေါလုမူကားသိလကိုရွေးချယ်၍ထွက်ခွာ သွားလေသည်။ ယုံကြည်သူများသည်ပေါလု အားသခင်ဘုရား၏ကျေးဇူးတော်သို့အပ်နှံ ကြ၏။- Garrad Bible ပေါ လု မူ ကား သိ လ ကို ရွေး ကောက်၍ အ ရှင် ဘု ရား၏ ကျေး ဇူး တော် သို့ ညီ အစ် ကို တို့ အပ် လိုက် သည့် အ တိုင်း ထွက် သွား ပြီး လျှင်၊ Judson Bible ညီအစ်ကိုတို့သည် ပေါလုကို ဘုရားသခင်၏ ကျေးဇူးတော်သို့ အပ်နှံကြသဖြင့်၊ သူသည်သိလကို ရွေးချယ်ပြီးလျှင် ထွက်၍၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ပေါလုသည်လည်း သိလကိုခေါ်၍ ထွက်ခွာစဉ် ယုံကြည်သူများသည် ပေါလုအား သခင်ဘုရား၏ကျေးဇူးတော်သို့ အပ်နှံကြ၏။ |
ဗာနဗသည် ရောက်လာ၍ ဘုရားသခင်၏ကျေးဇူးတော်ကိုမြင်သောအခါ ဝမ်းမြောက်လျက် ထိုသူအပေါင်းတို့အား စိတ်နှလုံးခိုင်မြဲစွာဖြင့် သခင်ဘုရား၌ ဆက်လက်တည်နေကြရန် တိုက်တွန်းနှိုးဆော်လေ၏။
ထိုအခါ သူတို့သည် အစာရှောင်၍ ဆုတောင်းကြကာ ထိုသူနှစ်ဦးတို့အပေါ် လက်တင်ပြီးနောက် သူတို့ကိုစေလွှတ်လိုက်ကြ၏။
ထိုမြို့မှတစ်ဆင့် ရွက်လွှင့်ကာ ယခု သူတို့ဆောင်ရွက်ပြီးစီးသွားသောအမှုတော်အတွက် ဘုရားသခင်၏ကျေးဇူးတော်၌အပ်နှံခြင်းခံခဲ့ရာအန္တိအုတ်မြို့သို့ ပြန်သွားကြ၏။
ထိုအခါ တမန်တော်များ၊ အသင်းတော်အကြီးအကဲများနှင့် အသင်းတော်တစ်ခုလုံးသည် သူတို့အထဲမှ လူကိုရွေးကောက်၍ ပေါလု၊ ဗာနဗတို့နှင့်အတူ အန္တိအုတ်မြို့သို့စေလွှတ်ရန် ဆုံးဖြတ်ကြကာ ညီအစ်ကိုတို့တွင် ဦးဆောင်သူများဖြစ်ကြသော ဗာရှဗခေါ်ယုဒနှင့် သိလတို့ကို ရွေးကောက်ကြ၏။
ယုဒနှင့်သိလတို့ကိုယ်တိုင်သည်လည်း ပရောဖက်များဖြစ်ကြသောကြောင့် များစွာသောစကားတို့ဖြင့် ညီအစ်ကိုတို့ကို တိုက်တွန်းနှိုးဆော်လျက် ခိုင်ခံ့မြဲမြံစေကြ၏။
သို့သော် ထိုမိန်းမ၏သခင်တို့သည် မိမိတို့အကျိုးစီးပွားအတွက် မျှော်လင့်ချက်မရှိတော့ကြောင်း သိမြင်သဖြင့် ပေါလုနှင့်သိလတို့ကိုဖမ်းဆီး၍ အကြီးအကဲများရှိရာ ဈေးအရပ်သို့ ဆွဲခေါ်သွားကြ၏။
သူတို့ထဲမှ အချို့တို့သည် ယုံကြည်၍ ပေါလုနှင့်သိလတို့နောက်သို့ လိုက်ကြ၏။ ထိုသူတို့တွင် ဘုရားသခင်ကိုကိုးကွယ်သော ဂရိအမျိုးသားအမြောက်အမြားပါ၍ ထင်ပေါ်ကျော်ကြားသော အမျိုးသမီးတို့သည်လည်းမနည်းလှပေ။
ယခု သင်တို့ကို ဘုရားသခင်၌လည်းကောင်း၊ ကိုယ်တော်၏ကျေးဇူးတော်နှင့်ဆိုင်သော နှုတ်ကပတ်တော်၌လည်းကောင်း ငါအပ်နှံ၏။ နှုတ်ကပတ်တော်သည် သင်တို့ကို တည်ဆောက်မြှင့်တင်လျက် သန့်ရှင်းစေခြင်းခံရသောသူအပေါင်းတို့နှင့်အတူ အမွေတော်ကိုရရှိစေနိုင်စွမ်းရှိ၏။
သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ယခု ငါဖြစ်သည့်အတိုင်း ငါဖြစ်၏။ ငါ့အပေါ်သက်ရောက်သော ကိုယ်တော်၏ကျေးဇူးတော်သည်လည်း အချည်းနှီးမဖြစ်သည်သာမက ငါသည် သူတို့အားလုံးထက် သာ၍ကြိုးစားလုပ်ဆောင်ခဲ့၏။ ထိုသို့ဆိုသော် ငါကမဟုတ်ဘဲ ငါနှင့်အတူရှိသော ဘုရားသခင်၏ကျေးဇူးတော်ကသာ လုပ်ဆောင်တော်မူခြင်းဖြစ်၏။
သခင်ဘုရားသည် သင်၏စိတ်ဝိညာဉ်နှင့်အတူရှိပါစေသော။ ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါစေသော။
ငါနှင့်အတူရှိသောသူအားလုံးတို့သည် သင့်ကိုနှုတ်ဆက်ကြ၏။ ယုံကြည်ခြင်းအားဖြင့် ငါတို့အားချစ်ခင်သောသူများကို နှုတ်ဆက်ပေးလော့။ ကျေးဇူးတော်သည် သင်တို့အားလုံးနှင့်အတူရှိပါစေသော။