ဗာနဗနှင့်ရှောလုတို့သည် ထောက်ပံ့ခြင်းအမှုကို ပြီးစီးအောင်ဆောင်ရွက်ပြီးနောက် မာကုဟုခေါ်သောယောဟန်ကို မိမိတို့နှင့်အတူခေါ်ဆောင်၍ ဂျေရုဆလင်မြို့မှ ပြန်လာကြ၏။
တမန်တော်ဝတ္ထု 15:35 - မြန်မာ့စံမီသမ္မာကျမ်း ပေါလုနှင့်ဗာနဗတို့သည်လည်း အန္တိအုတ်မြို့၌နေလျက် အခြားသောသူများစွာတို့နှင့်အတူ သခင်ဘုရား၏နှုတ်ကပတ်တရားကို ဟောပြော၍သွန်သင်ကြ၏။ Common Language Bible ပေါလုနှင့်ဗာနဗတို့သည်အန္တိအုတ်မြို့တွင် ဆက်လက်နေထိုင်၍ သခင်ဘုရား၏နှုတ်ကပတ် တော်ကိုအခြားသူများနှင့်အတူဟောပြော သွန်သင်ကြ၏။ Garrad Bible ပေါ လု နှင့် ဗာ န ဗ တို့ မူ ကား အ ခြား သူ များ နှင့် တ ကွ အ န္တိ အုတ် မြို့ တွင် အ ရှင် ဘု ရား၏ တ ရား တော် ကို သွန် သင် ဟော ပြော လျက် နေ ထိုင် ကြ၏။ Judson Bible ပေါလုနှင့် ဗာနဗတို့သည်လည်း အန္တိအုတ်မြို့၌ နေလျက်၊ အခြားသောသူများတို့နှင့်တကွ ဆုံးမဩဝါဒပေး၍၊ သခင်ဘုရား၏ နှုတ်ကပတ်တရားတည်းဟူသော ဧဝံဂေလိတရားကို ဟောပြောကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနည်းတူ ပေါလုနှင့် ဗာနဗသည်လည်း အန္တိအုတ်မြို့၌ ဆက်လက်နေထိုင်ကာ အခြားသူတို့နှင့်တကွ သခင်ဘုရား၏နှုတ်ကပတ်တရားတော်ကို ဟောပြောသွန်သင်ကြ၏။ |
ဗာနဗနှင့်ရှောလုတို့သည် ထောက်ပံ့ခြင်းအမှုကို ပြီးစီးအောင်ဆောင်ရွက်ပြီးနောက် မာကုဟုခေါ်သောယောဟန်ကို မိမိတို့နှင့်အတူခေါ်ဆောင်၍ ဂျေရုဆလင်မြို့မှ ပြန်လာကြ၏။
အန္တိအုတ်မြို့၌ရှိသောအသင်းတော်တွင် ဗာနဗ၊ နိဂါဟုခေါ်သောရှိမောင်၊ ကုရေနေမြို့သားလုကိ၊ နယ်စားဟေရုဒ်နှင့်နို့စို့ဖက်ဖြစ်သူမာနင်နှင့် ရှောလု စသည့်ပရောဖက်များနှင့်ဆရာများရှိကြ၏။
အုပ်ချုပ်ရေးမှူးသည် ဖြစ်ပျက်သောအမှုအရာကိုမြင်လျှင် သခင်ဘုရားနှင့်ပတ်သက်သောသွန်သင်ချက်ကို အံ့ဩချီးမွမ်းလျက် ယုံကြည်လေ၏။
မည်သည့်အတားအဆီးမျှမရှိဘဲ ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ရဲရင့်ခြင်းအပြည့်အဝဖြင့် ဟောပြောကာ သခင်ယေရှုခရစ်တော်၏အကြောင်းများကို သွန်သင်လေ၏။
ငါတို့သည် လူတိုင်းကို ခရစ်တော်၌စုံလင်ရင့်ကျက်သောသူအဖြစ် ဆက်သနိုင်ရန် လူတိုင်းကို သတိပေးဆုံးမကာ ဉာဏ်ပညာရှိသမျှတို့ဖြင့် လူတိုင်းကို သွန်သင်လျက် ထိုသခင်အကြောင်းကို ဟောပြောကြ၏။
ငါသည် ထိုသက်သေခံချက်အတွက် သံတော်ဆင့်နှင့်တမန်တော်အဖြစ်လည်းကောင်း၊ ယုံကြည်ခြင်းနှင့်သမ္မာတရားတို့ကို လူမျိုးခြားတို့အား သွန်သင်သောဆရာအဖြစ်လည်းကောင်း ခန့်အပ်ထားခြင်းခံရ၏။ ငါသည် မုသားမပါ ဟုတ်မှန်ရာကိုပြော၏။
နှုတ်ကပတ်တော်ကိုဟောပြောလော့။ အခွင့်အခါကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မဆုတ်မနစ်ကြိုးစားလော့။ စိတ်ရှည်ခြင်းအပြည့်အဝဖြင့်သွန်သင်လျက် အပြစ်ဖော်ပြခြင်း၊ သတိပေးခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်းတို့ကိုပြုလော့။