တမန်တော်ဝတ္ထု 15:34 - မြန်မာ့စံမီသမ္မာကျမ်း [သို့သော် သိလသည် ထိုနေရာ၌နေရစ်ရန် ဆုံးဖြတ်လေ၏။] Common Language Bible သို့သော်လည်းသိလသည်နေရစ်ရန်ဆုံးဖြတ်၏။ Judson Bible သို့သော်လည်း၊ သိလသည် အလိုအလျောက် နေရစ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် သိလသည် အန္တိအုတ်မြို့တွင် နေရစ်လေ၏။ |
ထို့နောက် အချိန်အတန်ကြာနေပြီးမှ ညီအစ်ကိုတို့သည် သူတို့ကို ငြိမ်းချမ်းစွာပြန်လွှတ်သဖြင့် သူတို့သည် မိမိတို့ကိုစေလွှတ်သောသူတို့ထံသို့ ပြန်သွားကြ၏။
ပေါလုနှင့်ဗာနဗတို့သည်လည်း အန္တိအုတ်မြို့၌နေလျက် အခြားသောသူများစွာတို့နှင့်အတူ သခင်ဘုရား၏နှုတ်ကပတ်တရားကို ဟောပြော၍သွန်သင်ကြ၏။
အာပေါလုသည် အခါယပြည်သို့သွားလိုသောအခါ ညီအစ်ကိုများသည် သူ့ကိုအားပေး၍ ထိုပြည်ရှိတပည့်တော်များအား သူ့ကို ကြိုဆိုလက်ခံရန် စာရေးပေးကြ၏။ သူသည် ရောက်သောအခါ ကျေးဇူးတော်အားဖြင့်ယုံကြည်လာသူများကို များစွာကူညီလေ၏။
ငါ့ညီအာပေါလုနှင့်ပတ်သက်၍ သူသည် ညီအစ်ကိုများနှင့်အတူ သင်တို့ထံသို့လာရန် သူ့ကို လေးလေးနက်နက် ငါတိုက်တွန်းခဲ့သော်လည်း သူသည် ယခုလာရန် ဆန္ဒအလျဉ်းမရှိ။ သို့သော် အခွင့်သာသောအခါ သူလာလိမ့်မည်။