တမန်တော်ဝတ္ထု 15:25 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်အတွက် မိမိတို့အသက်ကိုဆက်ကပ်ထားသူများဖြစ်ကြသည့် ငါတို့ချစ်သော ဗာနဗ၊ ပေါလုတို့နှင့်အတူ လူတို့ကိုရွေးကောက်ပြီး သင်တို့ထံသို့ စေလွှတ်ရန် ငါတို့အားလုံး သဘောတူဆုံးဖြတ်ကြသည်နှင့်အညီ Common Language Bible သို့ဖြစ်၍ကျွန်ုပ်တို့သည်အစည်းအဝေးပြု လုပ်၍လူအချို့ကိုရွေးချယ်လျက် သင်တို့ထံ သို့စေလွှတ်ရန်အားလုံးသဘောတူဆုံးဖြတ် ကြပါသည်။ ထိုသူတို့သည်ကျွန်ုပ်တို့ချစ်ခင် သူဗာနဗ၊ ပေါလုတို့နှင့်အတူလိုက်သွား ကြပါလိမ့်မည်။- Garrad Bible ငါ တို့ ကြား သိ ရ သ ဖြင့် ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ နာ မ တော် အ တွက် အ သက် စွန့် စား သူ ငါ တို့ ချစ် လှ သော ဗာ န ဗ နှင့် ပေါ လု တို့ ကို ရွေး ကောက် သူ တို့ ပါ သင် တို့ ထံ စေ လွှတ် သင့် ကြောင်း တ ညီ တ ညွတ် တည်း သ ဘော တူ ကြ သည့် အ လျောက်၊ Judson Bible ငါတို့သခင်ယေရှုခရစ်၏ နာမတော်ကြောင့် မိမိအသက်ကို စွန့်စားသောသူတည်းဟူသော၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်၍ ကျွန်ုပ်တို့သည် လူတချို့ကိုရွေးချယ်၍ ကျွန်ုပ်တို့ချစ်ခင်ရသောပေါလု၊ ဗာနဗတို့နှင့်အတူ သင်တို့ထံလွှတ်လိုက်ရန် စိတ်သဘောညီညွတ်စွာ ဆုံးဖြတ်ကြပါ၏။ |
အလုံးစုံတို့ကို အစမှစ၍ သေချာစွာစိစစ်လေ့လာခဲ့သောငါသည်လည်း အသင် သင်ယူခဲ့ပြီးသောအကြောင်းအရာများ ဧကန်အမှန်ဖြစ်ကြောင်းသိရှိစေရန် ၎င်းတို့ကို အသင့်ထံ အစဉ်လိုက်ရေးသားသင့်သည်ဟုထင်မှတ်ပါ၏။
သူတို့အားလုံးသည် အမျိုးသမီးများနှင့် ယေရှု၏မယ်တော်မာရိမှစ၍ ကိုယ်တော်၏ညီတော်များနှင့်အတူ တစ်စိတ်တစ်သဘောတည်းဖြင့် ဆုတောင်းခြင်းအမှုကို အစဉ်တစိုက်ပြုနေကြ၏။
ထိုအခါ ပေါလု၊ ဗာနဗတို့နှင့် ထိုသူတို့ကြား၌ ပြင်းထန်သောသဘောထားကွဲလွဲမှုနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ညီအစ်ကိုတို့သည် ပေါလု၊ ဗာနဗနှင့် မိမိတို့ထဲမှ လူအချို့တို့ကို ဤပြဿနာအတွက် ဂျေရုဆလင်မြို့ရှိ တမန်တော်များနှင့်အသင်းတော်အကြီးအကဲများထံသို့သွားကြရန် ခန့်အပ်ကြ၏။
ထိုအခါ တမန်တော်များ၊ အသင်းတော်အကြီးအကဲများနှင့် အသင်းတော်တစ်ခုလုံးသည် သူတို့အထဲမှ လူကိုရွေးကောက်၍ ပေါလု၊ ဗာနဗတို့နှင့်အတူ အန္တိအုတ်မြို့သို့စေလွှတ်ရန် ဆုံးဖြတ်ကြကာ ညီအစ်ကိုတို့တွင် ဦးဆောင်သူများဖြစ်ကြသော ဗာရှဗခေါ်ယုဒနှင့် သိလတို့ကို ရွေးကောက်ကြ၏။
ပေါလုနှင့်ဗာနဗတို့သည်လည်း အန္တိအုတ်မြို့၌နေလျက် အခြားသောသူများစွာတို့နှင့်အတူ သခင်ဘုရား၏နှုတ်ကပတ်တရားကို ဟောပြော၍သွန်သင်ကြ၏။
ထိုအခါ တမန်တော်များနှင့် အသင်းတော်အကြီးအကဲများသည် ဤအကြောင်းအရာကို ကြည့်ရှုသုံးသပ်ရန် စုဝေးကြ၏။
ပင်တေကုတ္တေပွဲနေ့ရောက်သောအခါ ထိုသူအပေါင်းတို့သည် တစ်နေရာတည်း၌ စုဝေးနေကြ၏။
သူတို့သည် နေ့တိုင်း တညီတညွတ်တည်းဖြင့် ဗိမာန်တော်၌ အစဉ်တစိုက်စုဝေးကြ၍ တစ်အိမ်ပြီးတစ်အိမ်မုန့်ဖဲ့ခြင်းအမှုကိုပြုလျက် စေတနာစိတ်နှင့်ရွှင်မြူးသောစိတ်တို့ဖြင့် အစားအစာကို ဝေမျှစားသောက်ကြကာ
သခင်ဘုရား၌ကြိုးစားလုပ်ဆောင်နေသူ တရုဖဲနနှင့်တရုဖောသတို့ကို နှုတ်ဆက်ပေးကြလော့။ သခင်ဘုရား၌အလွန်ကြိုးစားလုပ်ဆောင်သူ ငါချစ်သောပေရသိကို နှုတ်ဆက်ပေးကြလော့။
ညီအစ်ကိုတို့၊ သင်တို့အားလုံးသည် ပြောဆိုရာ၌ညီညွတ်မှုရှိ၍ အချင်းချင်းကွဲပြားခြင်းမရှိဘဲ တစ်စိတ်တစ်သဘောတည်းဖြင့် စည်းစည်းလုံးလုံးရှိကြမည့်အကြောင်း ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်ကိုအမှီပြု၍ သင်တို့အား ငါတိုက်တွန်းနှိုးဆော်ပါ၏။
ဤသို့ဖြင့် မဏ္ဍိုင်များဖြစ်သည်ဟု မှတ်ယူခြင်းခံရသော ယာကုပ်၊ ကေဖနှင့် ယောဟန်တို့သည် ငါ့အားပေးထားသော ကျေးဇူးတော်ကိုသိမြင်၍ မိတ်ဖွဲ့ခြင်းလက်ယာလက်ကို ငါနှင့်ဗာနဗတို့အားကမ်းလျက် ငါတို့သည် လူမျိုးခြားတို့ထံသို့သွားရန်နှင့် သူတို့မူကား အရေဖျားလှီးထားသောသူတို့ထံသို့သွားရန် သဘောတူကြ၏။
ငါ၌ဖြစ်နေသောအရာများနှင့် ငါပြုနေသည့်အမှုကို သင်တို့လည်းသိရှိနိုင်ရန် သခင်ဘုရား၌သစ္စာရှိသောအမှုတော်ဆောင်ဖြစ်သည့် ချစ်ရသောညီ တုခိတ်သည် အလုံးစုံတို့ကို သင်တို့အား ပြောပြလိမ့်မည်။
သခင်ဘုရား၌ အစေအပါးချင်းဖြစ်ပြီး သစ္စာရှိသောအမှုတော်ဆောင်ဖြစ်သည့် ချစ်ရသောညီတုခိတ်သည် ငါနှင့်ပတ်သက်သည့်အကြောင်းအရာရှိသမျှတို့ကို သင်တို့အား ပြောပြလိမ့်မည်။
သင်တို့ထဲကတစ်ဦးဖြစ်သူ၊ သစ္စာရှိသည့် ချစ်ရသောညီဩနေသိမ်သည်လည်း သူနှင့်အတူပါ၏။ သူတို့သည် ဤအရပ်၌ ဖြစ်ပျက်နေသောအကြောင်းအရာအားလုံးကို သင်တို့အား ပြောပြကြလိမ့်မည်။
ထိုသို့ဆိုရာ၌ ကျွန်တစ်ဦးကဲ့သို့မဟုတ်တော့ဘဲ ကျွန်ထက် ပို၍မြတ်သည့် ချစ်သောညီအစ်ကိုအဖြစ် ရရှိခြင်းကိုဆိုလို၏။ အထူးသဖြင့် ငါ့အတွက် ထိုသို့ဖြစ်လေပြီ။ သင့်အတွက်မူကား သွေးသား၌လည်းကောင်း၊ သခင်ဘုရား၌လည်းကောင်း မည်မျှပို၍ ထိုကဲ့သို့ဖြစ်လိမ့်မည်နည်း။
ငါတို့ချစ်သောညီအစ်ကိုပေါလုသည်လည်း သူ၌ပေးအပ်ထားတော်မူသော ဉာဏ်ပညာနှင့်အညီ သင်တို့ထံရေးလိုက်သည့်အတိုင်း ငါတို့သခင်ဘုရား၏စိတ်ရှည်တော်မူခြင်းသည် ကယ်တင်ခြင်းအတွက်ဖြစ်သည်ဟု မှတ်ယူကြလော့။