ထို့နောက် တစ်ဆယ့်တစ်ပါးသောတပည့်တော်တို့သည် ဂါလိလဲနယ်သို့သွား၍ သူတို့အား ယေရှုမှာကြားထားတော်မူသောတောင်ပေါ်သို့ တက်ကြပြီး
တမန်တော်ဝတ္ထု 13:31 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ဂါလိလဲနယ်မှ ဂျေရုဆလင်မြို့သို့ မိမိနှင့်အတူလိုက်ပါခဲ့ကြသောသူတို့အား ရက်ပေါင်းများစွာအတွင်း ကိုယ်ထင်ရှားပြတော်မူ၏။ ယခုအခါ ထိုသူတို့သည် လူတို့ရှေ့တွင် ကိုယ်တော်၏သက်သေများဖြစ်ကြ၏။ Common Language Bible ထိုနောက်ထိုအရှင်သည်ယခင်ကမိမိနှင့်အတူ ဂါလိလဲပြည်မှယေရုရှလင်မြို့သို့လိုက်ပါ ကြသူတို့အား ရက်ပေါင်းများစွာကိုယ်ထင်ပြ တော်မူ၏။ သူတို့သည်ယခုအခါဣသရေလ အမျိုးသားတို့အား ကိုယ်တော်၏အကြောင်းကို သက်သေခံလျက်ရှိကြ၏။- Garrad Bible ကိုယ် တော် သည် လူ မျိုး တော် ရှေ့ ကိုယ် တော့် အ ကြောင်း ယ ခု သက် သေ ခံ သော ဂါ လိ လဲ နယ် မှ ယေ ရု ရှ လင် မြို့ သို့ လိုက် ပါ ခဲ့ သူ တို့ အား နေ့ ရက် များ စွာ ထင် ရှား တော် မူ၏။ Judson Bible ဂါလိလဲပြည်မှ ယေရုရှလင်မြို့သို့နောက်တော်၌ လိုက်သောသူတို့အား နေ့ရက်များစွာ ကိုယ်ကို ထင်ရှားပြတော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအရှင်သည် ဂါလိလဲပြည်မှ ဂျေရုဆလင်မြို့သို့ သူနှင့်အတူ လိုက်ပါလာကြသောသူတို့အား ရက်ပေါင်းများစွာ ကိုယ်ထင်ပြတော်မူ၏။ ယခုတွင် ထိုသူတို့သည် လူများရှေ့တွင် သခင်ဘုရား၏သက်သေများဖြစ်ကြ၏။ |
ထို့နောက် တစ်ဆယ့်တစ်ပါးသောတပည့်တော်တို့သည် ဂါလိလဲနယ်သို့သွား၍ သူတို့အား ယေရှုမှာကြားထားတော်မူသောတောင်ပေါ်သို့ တက်ကြပြီး
“ဂါလိလဲနယ်သားတို့၊ အဘယ်ကြောင့်ရပ်လျက် ကောင်းကင်ကို စူးစိုက်ကြည့်နေကြသနည်း။ သင်တို့ထံမှ ကောင်းကင်သို့ ဆောင်ယူခြင်းကိုခံတော်မူသော ထိုယေရှုသည် ကောင်းကင်သို့တက်သွားတော်မူသည်ကို သင်တို့မြင်ရသည့်အတိုင်းပင် တစ်ဖန်ကြွလာတော်မူလိမ့်မည်”ဟု မြွက်ဆိုကြ၏။
တစ်နည်းအားဖြင့် ယောဟန်ဗတ္တိဇံပေးသည့်အချိန်မှစ၍ ငါတို့ထံမှ အထက်သို့ ဆောင်ယူခြင်းကိုခံတော်မူသည့်နေ့ရက်တိုင်အောင် ငါတို့နှင့်လိုက်ပါသူများထဲမှ တစ်ဦးသည် ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ငါတို့နှင့်အတူ သက်သေခံသူဖြစ်ရမည်”ဟု ဆိုလေ၏။
ကိုယ်တော်သည် ဒုက္ခဝေဒနာခံစားတော်မူပြီးနောက် မိမိအသက်ရှင်လျက်ရှိကြောင်း ထိုတမန်တော်တို့အား အထောက်အထားများစွာတို့ဖြင့်ပြသကာ ရက်ပေါင်းလေးဆယ်အတွင်း သူတို့ထံထင်ရှား၍ ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောတော်မူ၏။
သို့သော် သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်သက်ရောက်လာသောအခါ သင်တို့သည် တန်ခိုးကိုရရှိလျက် ဂျေရုဆလင်မြို့၊ ယုဒနယ်နှင့်ရှမာရိနယ်တစ်ခုလုံးသာမက မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေများဖြစ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ငါတို့သည် ဂျေရုဆလင်မြို့မှစ၍ ဂျူးလူမျိုးတို့၏တိုင်းပြည်၌ ကိုယ်တော်ပြုခဲ့သောအရာအားလုံး၏သက်သေများဖြစ်ကြ၏။ လူတို့သည် ကိုယ်တော်ကို သစ်တိုင်ပေါ်၌ဆွဲထား၍ အသေသတ်ခဲ့ကြ၏။
သို့ရာတွင် လူအားလုံးထံ၌မဟုတ်ဘဲ သက်သေအဖြစ် ဘုရားသခင်ကြိုတင်ခန့်ထားသော ငါတို့ထံ၌သာ ကိုယ်ထင်ရှားပြတော်မူ၏။ ကိုယ်တော်သည် သေသောသူတို့ထဲမှ ထမြောက်တော်မူပြီးနောက် ငါတို့သည် ကိုယ်တော်နှင့်အတူစားသောက်ခဲ့ကြ၏။
ဘုရားသခင်သည် ထိုယေရှုကို ထမြောက်စေတော်မူ၏။ ငါတို့အားလုံးသည် ဤအကြောင်းအရာ၏သက်သေများဖြစ်ကြ၏။
အသက်ပေးပိုင်သောအရှင်ကိုမူ သင်တို့ကွပ်မျက်ကြ၏။ သို့သော် ဘုရားသခင်သည် ထိုအရှင်ကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူ၏။ ငါတို့သည် ဤအမှုအရာ၏သက်သေများဖြစ်ကြ၏။
ငါတို့သည် ဤအကြောင်းအရာတို့၏သက်သေများဖြစ်ကြ၏။ ဘုရားသခင်သည် မိမိစကားကိုနားထောင်သောသူတို့အား ပေးတော်မူသည့် သန့်ရှင်းသောဝိညာဉ်တော်သည်လည်း သက်သေဖြစ်တော်မူ၏”ဟု ပြန်ဖြေကြ၏။