Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 13:31 - Garrad Bible

31 ကိုယ် တော် သည် လူ မျိုး တော် ရှေ့ ကိုယ် တော့် အ ကြောင်း ယ ခု သက် သေ ခံ သော ဂါ လိ လဲ နယ် မှ ယေ ရု ရှ လင် မြို့ သို့ လိုက် ပါ ခဲ့ သူ တို့ အား နေ့ ရက် များ စွာ ထင် ရှား တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

31 ထို​နောက်​ထို​အ​ရှင်​သည်​ယ​ခင်​က​မိ​မိ​နှင့်​အ​တူ ဂါ​လိ​လဲ​ပြည်​မှ​ယေ​ရု​ရှ​လင်​မြို့​သို့​လိုက်​ပါ ကြ​သူ​တို့​အား ရက်​ပေါင်း​များ​စွာ​ကိုယ်​ထင်​ပြ တော်​မူ​၏။ သူ​တို့​သည်​ယ​ခု​အ​ခါ​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ကိုယ်​တော်​၏​အ​ကြောင်း​ကို သက်​သေ​ခံ​လျက်​ရှိ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

31 ဂါ​လိ​လဲ​ပြည်​မှ ယေ​ရု​ရှ​လင်​မြို့​သို့​နောက်​တော်၌ လိုက်​သော​သူ​တို့​အား နေ့​ရက်​များ​စွာ ကိုယ်​ကို ထင်​ရှား​ပြ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

31 ကိုယ်တော်​သည် ဂါလိလဲ​နယ်​မှ ဂျေရုဆလင်​မြို့​သို့ မိမိ​နှင့်အတူ​လိုက်ပါ​ခဲ့​ကြ​သော​သူ​တို့​အား ရက်​ပေါင်း​များစွာ​အတွင်း ကိုယ်​ထင်ရှား​ပြ​တော်မူ​၏။ ယခု​အခါ ထို​သူ​တို့​သည် လူ​တို့​ရှေ့တွင် ကိုယ်တော်​၏​သက်သေ​များ​ဖြစ်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

31 ထို​အရှင်​သည် ဂါလိလဲပြည်​မှ ဂျေရုဆလင်မြို့​သို့ သူ​နှင့်အတူ လိုက်ပါလာကြသော​သူတို့​အား ရက်ပေါင်း​များစွာ ကိုယ်ထင်ပြတော်မူ၏။ ယခု​တွင် ထို​သူတို့​သည် လူများ​ရှေ့တွင် သခင်ဘုရား​၏​သက်သေများ​ဖြစ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 13:31
18 ပူးပေါင်းရင်းမြစ်များ  

ဆယ့် တစ် ပါး သော တ ပည့် တော် တို့ မူ ကား ယေ ရှု မှာ တော် မူ ရာ ဂါ လိ လဲ နယ် ရှိ တောင် ပေါ် သို့ သွား၍ ကိုယ် တော် ကို တွေ့ မြင် သော် ရှိ ခိုး ကြ၏။


ထို အ ဖြစ် အ ပျက် များ နှင့် စပ် လျဉ်း သော သက် သေ ခံ များ ကား သင် တို့ တည်း။


သင်တို့လည်း အစကပင်ငါနှင့်အတူရှိနေသောကြောင့် သက်သေခံကြ၏။


အ ချင်း ဂါ လိ လဲ နယ် သား တို့၊ အ ဘယ် ကြောင့် ကောင်း ကင် သို့ ကြည့် လျက် နေ ကြ သ နည်း။ သင် တို့ ထံ မှ ကောင်း ကင် သို့ ချီ ဆောင် ခြင်း ကို ခံ တော် မူ သော ထို ယေ ရှု သည် တက် ကြွ တော် မူ ရာ သင် တို့ မြင် ရ သည့် နည်း တူ ပင် ဆင်း ကြွ တော် မူ လိမ့် မည် ဟု ပြော ဆို ကြ ၏။


အို သော် ဖိ လု မင်း၊ စီ ရင် ရာ ခံ ပြီး နောက် ယေ ရှု သည် ရက် ပေါင်း လေး ဆယ် အ တွင်း တ မန် တော် တို့ အား ထင် ရှား လျက် ဘု ရား သ ခင့် နိုင် ငံ တော် နှင့် စပ် ဆိုင် သော အ ကြောင်း အ ရာ များ ကို ဟော ပြော လျက် သက် သေ နိ မိတ် အ များ ဖြင့် အ သက် ရှင် ကြောင်း ဖော် ပြ တော် မူ သည့် ပြင်၊


သို့ ရာ တွင် သင် တို့ အ ပေါ် သို့ သန့် ရှင်း သော ဝိ ညာဉ် တော် ဆင်း သက် သည့် အ ခါ သင် တို့ သည် တန် ခိုး ရ ရှိ ကြ သ ဖြင့် ယေ ရု ရှ လင် မြို့၊ ယု ဒ နယ်၊ ရှ မာ ရိ နယ် မှ စ၍ မြေ ကြီး အ စွန်း အ ဖျား တိုင် အောင် ငါ့ သက် သေ များ ဖြစ် ရ ကြ လိမ့် မည် ဟု မိန့် တော် မူ ပြီး နောက်၊


ငါ တို့ လည်း ယေ ရု ရှ လင် မြို့ မှ စ၍ ယု ဒ လူ မျိုး တို့ တိုင်း ပြည်၌၊ ထို အ ရှင် ပြု သ မျှ အ ကြောင်း မျက် မြင် သက် သေ ဖြစ် ကြ ပါ၏။ ထို အ ရှင် ကို ပင် ကား တင်၍ ကွပ် မျက် ကြ သော်၊


ထို ယေ ရှု ကို ဘု ရား သ ခင် ရှင် ပြန် ထ မြောက် စေ တော် မူ ရာ ငါ တို့ ရှိ သ မျှ သည် သက် သေ ဖြစ် ကြ ၏။


သန့် ရှင်း ဖြောင့် မတ် သော အ ရှင် ကို ငြင်း ဆို၍ အ သက် ပိုင် ရှင် ကို အ သေ သတ် ကြ ရာ ငါ တို့ သက် သေ ခံ သည့် အ တိုင်း ဘု ရား သ ခင် သည် သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် စေ တော် မူ၏။


ဤ အ ကြောင်း အ ရာ များ ကို ငါ တို့ သက် သေ ခံ ကြ သည့် ပြင် လိုက် နာ သူ တို့ အား ဘု ရား သ ခင် သ နား တော် မူ သည့် သန့် ရှင်း သော ဝိ ညာဉ် တော် လည်း သက် သေ ခံ တော် မူ သည် ဟု ပြန် ဆို ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ