ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်သွားတော်မူသောအခါ သုံ့ပန်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွား၍ လူတို့ထံမှမက ငြင်းဆန်သောသူတို့ထံမှပင် လက်ဆောင်များကိုခံယူတော်မူ၏။ ဤသည်ကား ထာဝရအရှင်ဘုရားသခင်သည် ထိုအရပ်၌ကိန်းဝပ်တော်မူရန်ဖြစ်၏။
တမန်တော်ဝတ္ထု 1:9 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့မိန့်တော်မူပြီးနောက် သူတို့ကြည့်ရှုလျက်နေကြစဉ် ကိုယ်တော်သည် အထက်သို့ချီဆောင်ခြင်းကိုခံတော်မူ၍ မိုးတိမ်သည် ကိုယ်တော်ကို သူတို့မြင်ကွင်းမှဆောင်ယူသွားလေ၏။ Common Language Bible ဤသို့မိန့်တော်မူပြီးနောက်တမန်တော်တို့ ကြည့်လျက်နေကြစဉ် ကိုယ်တော်သည်ကောင်းကင် ဘုံသို့ဆောင်ယူခြင်းကိုခံတော်မူ၏။ ထိုနောက် မိုးတိမ်သည်ကိုယ်တော်ကိုဖုံးကွယ်လေ၏။ Garrad Bible တ မန် တော် တို့ ရှု မြင် ကြ စဉ် ချီ ဆောင် ခြင်း ကို ခံ တော် မူ ရာ မိုး တိမ် သည် မျက် ကွယ် အောင် ခံ ယူ လေ ၏။ Judson Bible တမန်တော်တို့သည် ကြည့်ရှုလျက်နေကြစဉ်၊ သခင်ဘုရားသည် အထက်သို့ဆောင်ယူခြင်းကို ခံတော်မူ၍၊ မိုးတိမ်သည် ကိုယ်တော်ကို မျက်ကွယ်အောင် ခံယူလေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ မိန့်တော်မူပြီးနောက် တမန်တော်တို့သည် ကြည့်ရှုနေကြစဉ် သခင်ဘုရားသည် ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကိုခံတော်မူ၍ မိုးတိမ်သည် ကိုယ်တော်ကို သူတို့၏မြင်ကွင်းမှ ဖုံးကွယ်လေ၏။ |
ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်သွားတော်မူသောအခါ သုံ့ပန်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွား၍ လူတို့ထံမှမက ငြင်းဆန်သောသူတို့ထံမှပင် လက်ဆောင်များကိုခံယူတော်မူ၏။ ဤသည်ကား ထာဝရအရှင်ဘုရားသခင်သည် ထိုအရပ်၌ကိန်းဝပ်တော်မူရန်ဖြစ်၏။
ထာဝရဘုရားက မောရှေအား “သင်နှင့်ငါပြောသောစကားကို လူတို့ကြား၍ သင့်ကို အစဉ်အမြဲယုံကြစေရန် ငါသည် သင့်ထံသို့မိုးတိမ်တိုက်ဖြင့်ကြွလာမည်”ဟု မိန့်တော်မူ၏။ မောရှေသည်လည်း လူတို့၏စကားများကို ထာဝရဘုရားထံ ကြားလျှောက်လေ၏။
ထိုအခါ ထာဝရဘုရားသည် မိုးတိမ်ဖြင့် ဆင်းသက်တော်မူ၍ ထိုအရပ်၌ သူနှင့်အတူရပ်လျက် ထာဝရဘုရားဟူသောနာမတော်ကို ထုတ်ဖော်ပြသတော်မူ၏။
အီဂျစ်ပြည်နှင့်ဆိုင်သောဗျာဒိတ်တော်။ ကြည့်ရှုလော့။ ထာဝရဘုရားသည် လျင်မြန်သောတိမ်တိုက်ကိုစီး၍ အီဂျစ်ပြည်သို့ ကြွလာတော်မူ၏။ အီဂျစ်ပြည်၏ရုပ်တုတို့သည် ကိုယ်တော်၏ရှေ့၌ လှုပ်ခါကြ၍ အီဂျစ်ပြည်သားတို့သည် စိတ်ပျက်အားလျော့ကြလိမ့်မည်။
ညအချိန် စိတ်အာရုံတွင် လူသားနှင့်တူသောသူတစ်ဦး မိုးတိမ်ကိုစီးလျက်ကြွလာသည်ကို ငါမြင်ရ၏။ ရှေးအရှင်သခင်ရှိရာသို့ရောက်လာသောအခါ သူ့ကိုအထံတော်သို့ ခေါ်သွင်းကြ၏။
သခင်ယေရှုသည် သူတို့အား ထိုသို့မိန့်တော်မူပြီးနောက် ကောင်းကင်သို့ဆောင်ယူခြင်းကိုခံတော်မူ၍ ဘုရားသခင်၏လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
ထိုအခါ လူ့သားသည် တန်ခိုးနှင့် ကြီးမားသောဘုန်းအသရေတို့ဖြင့် မိုးတိမ်ကိုစီးလျက် ကြွလာသည်ကို လူတို့မြင်ရကြလိမ့်မည်။
သို့ဖြစ်လျှင် လူ့သားသည် ယခင်နေခဲ့ရာအရပ်သို့တက်သွားသည်ကို သင်တို့မြင်ရပါမူ မည်သို့ဖြစ်မည်နည်း။
“ဂါလိလဲနယ်သားတို့၊ အဘယ်ကြောင့်ရပ်လျက် ကောင်းကင်ကို စူးစိုက်ကြည့်နေကြသနည်း။ သင်တို့ထံမှ ကောင်းကင်သို့ ဆောင်ယူခြင်းကိုခံတော်မူသော ထိုယေရှုသည် ကောင်းကင်သို့တက်သွားတော်မူသည်ကို သင်တို့မြင်ရသည့်အတိုင်းပင် တစ်ဖန်ကြွလာတော်မူလိမ့်မည်”ဟု မြွက်ဆိုကြ၏။
ရွေးကောက်တော်မူသောတမန်တော်များကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် မိန့်မှာတော်မူပြီးနောက် အထက်သို့ဆောင်ယူခြင်းခံတော်မူသောနေ့တိုင်အောင် ဖြစ်ပျက်သမျှတို့ကို ပထမစာစောင်၌ ငါရေးသားဖော်ပြခဲ့၏။
ထို့နောက် အသက်ရှင်လျက်ကျန်ရစ်သောငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားနှင့်တွေ့ဆုံရန် ထိုသူတို့နှင့်အတူ မိုးတိမ်အားဖြင့် ချီဆောင်ခြင်းခံရကြလိမ့်မည်။ ဤသို့ဖြင့် ငါတို့သည် သခင်ဘုရားနှင့်အတူ အစဉ်အမြဲနေရကြလိမ့်မည်။
ဘုရားဝတ်၌မွေ့လျော်ခြင်း၏လျှို့ဝှက်နက်နဲသောအရာသည် အမှန်ပင်ကြီးမြတ်လှပေ၏။ ကိုယ်တော်သည် သွေးသားအားဖြင့်ထင်ရှားပြီး ဝိညာဉ်တော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် ကောင်းကင်တမန်တို့၏ရှုမြင်ခြင်း၊ သတင်းတော်ကိုလူမျိုးခြားတို့ကြား၌ ဟောပြောခြင်း၊ ဤလောကတွင် လက်ခံယုံကြည်ခြင်းတို့ကိုခံရလျက် ဘုန်းအသရေနှင့်တကွ အထက်သို့ဆောင်ယူခြင်းကိုခံတော်မူ၏။
ကြည့်ရှုလော့။ ကိုယ်တော်သည် မိုးတိမ်များဖြင့်ကြွလာတော်မူ၏။ ထိုအခါ ကိုယ်တော်ကိုထိုးဖောက်ခဲ့သူတို့မှစ၍ လူအပေါင်းတို့သည် မိမိတို့မျက်စိဖြင့် ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးနွယ်စုအားလုံးသည် ကိုယ်တော်ကြောင့် ရင်ဘတ်စည်တီးလျက်မြည်တမ်းကြလိမ့်မည်။ မှန်ပေ၏။ အာမင်။
ထိုအခါ ကောင်းကင်မှကြီးသောအသံက “ဤအရပ်သို့တက်လာခဲ့ကြလော့”ဟု ထိုသူနှစ်ဦးတို့အားဆိုသည်ကို ကြားလျှင် သူတို့သည် မိုးတိမ်ဖြင့် ကောင်းကင်သို့တက်သွားကြ၏။ သူတို့၏ရန်သူများသည်လည်း သူတို့ကိုကြည့်နေကြ၏။
ထိုသူတို့သည် မိန်းမများအားဖြင့် ညစ်ညူးစေခြင်းမခံခဲ့ရသောသူများဖြစ်ကြ၏။ အကြောင်းမူကား သူတို့သည် လူပျိုစစ်စစ်ဖြစ်ကြ၏။ သူတို့သည် သိုးသငယ်တော်သွားလေရာသို့လိုက်ပါသောသူများဖြစ်ကြပြီး ဘုရားသခင်နှင့်သိုးသငယ်တော်တို့အတွက် အသီးဦးအဖြစ် လူတို့အထဲမှ ရွေးနုတ်ဝယ်ယူခြင်းခံရသောသူများဖြစ်ကြ၏။