ဘုရားရှင်သည် ဇိအုန်တောင်နှင့်ဂျေရုဆလင်မြို့၌ ပြုရမည့်အမှုရှိသမျှကို ပြုပြီးသောအခါ စိတ်နှလုံးခက်ထန်သော၊ မျက်နှာထောင်လွှားသော အဆီးရီးယားဘုရင်ကို အပြစ်ဒဏ်ပေးမည်။
ဇေဖနိ 2:13 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် မြောက်ဘက်အရပ်သို့ လက်ကိုဆန့်၍ အဆီးရီးယားပြည်ကို ဖျက်ဆီးမည်။ နိနေဝေမြို့ကိုလည်း လူသူကင်းမဲ့ရာ၊ ခြောက်သွေ့သောကန္တာရကဲ့သို့ ဖြစ်စေမည်။ Common Language Bible ထာဝရဘုရားသည်လက်တော်ကိုဆန့်၍ တန်ခိုးတော်ဖြင့်အာရှုရိပြည်ကိုသုတ် သင်ဖျက်ဆီးတော်မူလိမ့်မည်။ ကိုယ်တော် သည်နိနေဝေမြို့ကိုရေမရှိသည့်ကန္တာရ သဖွယ် လူသူဆိတ်ငြိမ်ရာမြို့ပျက်ဖြစ်စေ တော်မူမည်။- Garrad Bible ကိုယ် တော် သည်၊ မြောက် ပိုင်း အာ ရှု ရိ ပြည် ကို၊ ဆန့် တန်း သော လက် ရုံး တော် ဖြင့် ဖျက် ဆီး ပြီး လျှင်၊ နိ န ဝေ မြို့ တော် ကို လည်း သဲ က န္တာ ရ ကဲ့ သို့၊ သွေ့ ခြောက် သော မြို့ ဆိုး ကုန်း ဖြစ် စေ တော် မူ သည့် အ တိုင်း၊ Judson Bible မြောက်မျက်နှာကိုလည်းတိုက်၍ အာရှုရိပြည်ကို ဖျက်ဆီးတော်မူမည်။ နိနေဝေမြို့ကို လူဆိတ်ညံရာ အရပ်၊ လွင်ပြင်ကဲ့သို့ သွေ့ခြောက်သောအရပ် ဖြစ်စေတော်မူမည်။ |
ဘုရားရှင်သည် ဇိအုန်တောင်နှင့်ဂျေရုဆလင်မြို့၌ ပြုရမည့်အမှုရှိသမျှကို ပြုပြီးသောအခါ စိတ်နှလုံးခက်ထန်သော၊ မျက်နှာထောင်လွှားသော အဆီးရီးယားဘုရင်ကို အပြစ်ဒဏ်ပေးမည်။
ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရားသည် ထိုဘုရင်၏အကြံ့ခိုင်ဆုံးစစ်သည်တို့ထံ ပိန်ချုံးခြင်းရောဂါကို လွှတ်တော်မူမည်။ သူ၏ဘုန်းအသရေတောက်လောင်သွားအောင် အောက်မှရှို့တော်မူမည်။
အဆီးရီးယားလူမျိုးသည် အမင်္ဂလာရှိ၏။ ထိုလူမျိုးသည် ငါ့အမျက်တော်ကြိမ်လုံးဖြစ်၏။ သူတို့ကိုင်ဆောင်သောတုတ်သည် ငါ၏အမျက်ဖြစ်၏။
ထိုနေ့ရက်၌ ဘုရားရှင်သည် အဆီးရီးယားပြည်၊ အီဂျစ်ပြည်၊ ပါသရုပြည်၊ အီသီယိုးပီးယားပြည်၊ ဧလံပြည်၊ ရှိနာပြည်၊ ဟာမတ်ပြည်နှင့် ပင်လယ်ကမ်းရိုးတန်းဒေသတို့မှ ကြွင်းကျန်နေသော မိမိ၏လူမျိုးတော်တို့ကို ပြန်သိမ်းယူရန် ဒုတိယအကြိမ် လက်ကိုဆန့်တော်မူမည်။
ဤသည်ကား ကမ္ဘာမြေတစ်ခွင်လုံးအတွက် ကြံစည်ထားသောအကြံအစည်တော်ဖြစ်၏။ ဤသည်ကား တိုင်းနိုင်ငံအားလုံးတို့အပေါ် ဆန့်သောလက်တော်ဖြစ်၏။
ထိုအခါ အဆီးရီးယားဘုရင်သနာခရိပ်မင်းကြီးသည် တပ်စခန်းသိမ်း၍လှည့်ပြန်သွားပြီး နိနေဝေမြို့၌ စံမြန်းလေ၏။
ဟာဇော်မြို့သည် ခွေးအတို့ခိုအောင်းရာ၊ လူသူကင်းမဲ့ရာ အစဉ်ဖြစ်မည်။ မည်သူမျှ ထိုမြို့၌ နေထိုင်တော့မည်မဟုတ်။ တည်းခိုသောသူ ရှိတော့မည်မဟုတ်”ဟု မိန့်တော်မူ၏။
“ထလော့။ နိနေဝေမြို့ကြီးသို့ သွားလော့။ သူတို့ပြုသောမကောင်းမှုများသည် ငါ့ရှေ့မှောက်တွင် ထင်ရှားလှပြီဖြစ်၍ သူတို့ကို ဆန့်ကျင်ဟောပြောလော့”ဟု မိန့်ဆို၏။
“သင်ထ၍ နိနေဝေမြို့ကြီးသို့ သွားလော့။ ငါမိန့်မှာသောသတင်းစကားများကို ထိုမြို့အား ပြောကြားလော့”ဟု မိန့်ဆို၏။
သူတို့သည် အဆီးရီးယားပြည်ကို ဓားဖြင့်စောင့်ကြပ်လိမ့်မည်။ နိမ်ရောဒပြည်အဝင်ဝတို့၌လည်း စောင့်ကြပ်လိမ့်မည်။ အဆီးရီးယားလူမျိုးတို့သည် ငါတို့ပြည်သို့လာ၍ ငါတို့နယ်နိမိတ်ထဲသို့ ကျူးကျော်ဝင်ရောက်သောအခါ သူတို့သည် ငါတို့ကို အဆီးရီးယားလူမျိုးတို့လက်မှ ကယ်တင်လိမ့်မည်။
နိနေဝေမြို့နှင့်ဆိုင်သောဗျာဒိတ်တော်၊ ဧလကောရှရွာသားနာဟုံခံရသောဗျာဒိတ်နိမိတ်ဆိုင်ရာမှတ်တမ်းကား ဤသို့တည်း။
ထိုအရပ်၌ပင် သင်သည် မီးလောင်ခံရမည်။ ဓားဖြင့် ခုတ်သတ်ခံရမည်။ ယာလက်ကျိုင်းဝါးမျိုခံရသကဲ့သို့ ဝါးမျိုခံရမည်။ သင့်ကိုယ်သင် ယာလက်ကျိုင်းကဲ့သို့ တိုးပွားစေလော့။ သင့်ကိုယ်သင် အရာဘကျိုင်းကဲ့သို့ တိုးပွားစေလော့။
သင့်ကိုမြင်သောသူအားလုံးတို့သည် ထွက်ပြေးကြ၍ ‘နိနေဝေမြို့ကြီး ပျက်စီးလေပြီ။ သူ့အဖို့ မည်သူမြည်တမ်းမည်နည်း’ဟု ဆိုကြလိမ့်မည်။ သင့်ကို နှစ်သိမ့်ပေးမည့်သူများကို အဘယ်မှာ ငါရှာတွေ့နိုင်မည်နည်း”ဟု မိန့်တော်မူ၏။
“ငါ့လက်ကိုဆန့်ပြီး ယုဒပြည်သူ ဂျေရုဆလင်မြို့သားအားလုံးကို တိုက်ခိုက်မည်။ ထိုအရပ်၌ ကြွင်းကျန်သောဗာလဘုရားနှင့် ရုပ်တုကိုးကွယ်သောယဇ်ပုရောဟိတ်များဖြစ်သော လူမျိုးခြားတို့၏ယဇ်ပုရောဟိတ်များကို အမည်နာမနှင့်တကွ ငါဖျက်ဆီးပစ်မည်။