သင်တို့ စားသောက်ကြသောအခါ ကိုယ့်အဖို့သာ ကိုယ်စားသောက်ကြသည်မဟုတ်လော။
စားပွဲသောက်ပွဲကျင်းပကြသည်မှာလည်း မိမိတို့အာသာချင်ရဲပြေစေရန်သာလျှင် ဖြစ်ပေသည်'' ဟုမိန့်တော်မူ၏။
စား ပွဲ သောက် ပွဲ များ ကို ပြု ကြ သည် မှာ၊ ကိုယ် ကို ရည် ဆောင် ကြ သည် မ ဟုတ် လော။
စားသောက်သောအခါ၌လည်း ကိုယ်အလိုအလျောက် စားသောက်ကြသည် မဟုတ်လော။
ထိုနေ့တွင် သူတို့သည် ထာဝရဘုရားရှေ့တော်တွင် အားရဝမ်းသာစွာစားသောက်ကြ၏။ ဒါဝိဒ်မင်းကြီး၏သားတော်ရှောလမုန်ကိုလည်း ဒုတိယအကြိမ်မင်းမြှောက်၍ အုပ်ချုပ်သူမင်းအဖြစ်လည်းကောင်း၊ ဇာဒုတ်ကိုလည်း ယဇ်ပုရောဟိတ်အဖြစ်လည်းကောင်း ထာဝရဘုရားရှေ့မှောက်တွင် ဘိသိက်ပေးကြ၏။
သင်သည် မီးရှို့ရာယဇ်အတွက် သိုးကို ငါ့ထံသို့မယူဆောင်ခဲ့။ ယဇ်ပူဇော်ခြင်းဖြင့် ငါ့ကိုဂုဏ်ပြုချီးမွမ်းခြင်းမပြု။ ငါသည် ပူဇော်သက္ကာအားဖြင့် သင့်ကို ဝန်လေးစေသည်မဟုတ်။ လော်ဗန်အားဖြင့်လည်း သင့်ကို ပင်ပန်းစေခဲ့သည်မဟုတ်။
သူတို့က “အကျွန်ုပ်တို့ အဘယ်ကြောင့် အစာရှောင်ရမည်နည်း။ အကျွန်ုပ်တို့အစာရှောင်သည်ကို ကိုယ်တော်မြင်တော်မမူ။ အကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုယ် အဘယ်ကြောင့်နှိမ့်ချရမည်နည်း။ အကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချသည်ကို ကိုယ်တော်သိမှတ်တော်မမူ”ဟု ဆိုကြ၏။ အကယ်စင်စစ် သင်တို့သည် အစာရှောင်ရာနေ့၌ ကိုယ့်အလိုရှိရာကို ကိုယ်လုပ်ကြ၏။ အလုပ်သမားများကို အဓမ္မစေခိုင်းကြ၏။
သူတို့သည် ငါ့ထံ လှူဖွယ်ဝတ္ထုများကို ပူဇော်သောအခါ ယဇ်ကောင်များကိုပူဇော်၍ အသားကို စားကြ၏။ ထိုပူဇော်သက္ကာတို့ကို ထာဝရဘုရား လက်ခံတော်မမူ။ သူတို့၏ဒုစရိုက်ကို မှတ်ထားပြီး သူတို့၏အပြစ်ကို ဒဏ်ခတ်မည်။ သူတို့ကို အီဂျစ်ပြည်သို့ ပြန်သွားစေမည်။
သူတို့သည် စပျစ်ဝိုင်ကို ထာဝရဘုရားထံ သွန်းလောင်းပူဇော်ရမည်မဟုတ်။ သူတို့၏ပူဇော်သက္ကာတို့ကိုလည်း ကိုယ်တော်လက်ခံတော်မူမည်မဟုတ်။ ထိုပူဇော်သက္ကာသည် သူတို့အဖို့ အသုဘအစာကဲ့သို့ ဖြစ်၏။ စားသောသူအားလုံး ညစ်ညူးခြင်းသို့ ရောက်လိမ့်မည်။ အကယ်စင်စစ် ထိုအစာသည် သူတို့စားဖို့သာ ဖြစ်၏။ ထာဝရဘုရားအိမ်တော်သို့ မယူဆောင်လာရ။
“ပြည်သူပြည်သားအပေါင်းနှင့် ယဇ်ပုရောဟိတ်တို့အား ‘ဤနှစ်ပေါင်းခုနစ်ဆယ်ပတ်လုံး ပဉ္စမလနှင့် သတ္တမလတို့တွင် သင်တို့ အစာရှောင်ငိုကြွေးမြည်တမ်းခဲ့ကြသည်မှာ ငါ့အဖို့ အစာရှောင်ခြင်း အမှန်တကယ်ဟုတ်ခဲ့သလော။
ဂျေရုဆလင်မြို့နှင့် အနီးဝန်းကျင်ရှိမြို့ရွာများ၌ လူအများစိုးရိမ်ကြောင့်ကြမှုကင်းစွာနေထိုင်ကြရစဉ်က၊ နေဂေ့အရပ်နှင့်မြေနိမ့်ဒေသတွင် လူသူနေထိုင်သေးစဉ်က ထာဝရဘုရားသည် ရှေးပရောဖက်တို့မှတစ်ဆင့် ဤစကားတို့ကိုမိန့်တော်မူခဲ့ရသည် မဟုတ်လော’ဟူ၍ ပြောကြားလော့”ဟု မိန့်ဆို၏။
ထို့ကြောင့် သင်တို့သည် စားသည်ဖြစ်စေ၊ သောက်သည်ဖြစ်စေ၊ မည်သည့်အမှုကိုပြုသည်ဖြစ်စေ ခပ်သိမ်းသောအမှုတို့ကို ဘုရားသခင်၏ဘုန်းတော်အတွက် ပြုကြလော့။
ထိုအရပ်တွင် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ စားရမည်။ သင်တို့လုပ်ဆောင်လေရာရာ၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားကောင်းချီးပေးတော်မူသောကြောင့် သင်တို့နှင့်သင်တို့၏အိမ်သူအိမ်သားတို့သည် ဝမ်းမြောက်ကြရမည်။
ထိုငွေဖြင့် နွား၊ သိုး၊ စပျစ်ဝိုင်၊ သေရည်သေရက်စသည်တို့ကို သင်အလိုရှိသမျှ၊ သင်တောင့်တသမျှ ဝယ်ယူပြီးလျှင် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ စား၍ သင်၏အိမ်သူအိမ်သားများနှင့်အတူ ဝမ်းမြောက်ရမည်။
သင်တို့ပြုသမျှသောအရာတို့ကိုလည်း ပြောဆိုမှု၌ဖြစ်စေ၊ လုပ်ဆောင်မှု၌ဖြစ်စေ အရာခပ်သိမ်းတို့ကို သခင်ယေရှု၏နာမတော်၌ပြုလျက် ကိုယ်တော်အားဖြင့် ခမည်းတော်ဘုရားသခင်ကို ကျေးဇူးတင်ကြလော့။
ထိုအခါ ထာဝရဘုရားက ရှမွေလအား “သူ၏ရုပ်ရည်အဆင်းနှင့် အရပ်အမောင်းကို မကြည့်နှင့်။ သူ့ကို ငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည် အပြင်ပန်းသဏ္ဌာန်ကိုသာ ကြည့်တတ်၏။ ထာဝရဘုရားမူကား စိတ်နှလုံးကို ကြည့်တော်မူ၏”ဟု မိန့်တော်မူ၏။