ညအချိန်၌ ငါကြည့်လိုက်ရာ လူတစ်ဦးသည် အနီရောင်မြင်းကိုစီးလာပြီး မုရတုပင်တို့အလယ်တောနက်ထဲတွင် ရပ်နေ၍ သူ့နောက်တွင် မြင်းနီ၊ မြင်းညို၊ မြင်းဖြူတို့လည်း ရပ်နေသည်ကို ငါမြင်ရ၏။
ဇာခရိ 6:2 - မြန်မာ့စံမီသမ္မာကျမ်း ပထမစစ်ရထားတွင် မြင်းနီများ၊ ဒုတိယစစ်ရထားတွင် မြင်းနက်များ၊ Common Language Bible ပထမစစ်မြင်းရထားတွင်မြင်းနီများ၊ ဒုတိယစစ်မြင်းရထားတွင်မြင်းနက်များ၊- Garrad Bible ပ ဌ မ ရ ထား ၌ မြင်း နီ များ၊ ဒု တိ ယ ရ ထား ၌ မြင်း နက် များ၊ Judson Bible ပထမရထား၌ မြင်းနီ၊ ဒုတိယရထား၌ မြင်းနက်၊ |
ညအချိန်၌ ငါကြည့်လိုက်ရာ လူတစ်ဦးသည် အနီရောင်မြင်းကိုစီးလာပြီး မုရတုပင်တို့အလယ်တောနက်ထဲတွင် ရပ်နေ၍ သူ့နောက်တွင် မြင်းနီ၊ မြင်းညို၊ မြင်းဖြူတို့လည်း ရပ်နေသည်ကို ငါမြင်ရ၏။
မြင်းနက်များကသောစစ်ရထားသည် မြောက်ပြည်သို့ ထွက်သွား၍ မြင်းဖြူများကသောစစ်ရထားသည် သူတို့နောက်သို့ လိုက်၏။ အစက်အပြောက်ပါသောမြင်းများကသောစစ်ရထားသည် တောင်ပြည်သို့ ထွက်သွားလေ၏”ဟု ဆို၏။
တစ်ဖန် ကောင်းကင်၌ အခြားသောနိမိတ်လက္ခဏာကိုတွေ့မြင်ရ၏။ ခေါင်းခုနစ်လုံးနှင့် ဦးချိုဆယ်ချောင်းရှိ၍ သူ၏ခေါင်းများပေါ်တွင် သရဖူခုနစ်ခုကိုဆောင်းထားသည့် နီရဲသောနဂါးကြီးတစ်ကောင်ရှိ၏။
ငါ့ကို ဝိညာဉ်တော်အားဖြင့် တောကန္တာရထဲသို့ ခေါ်ဆောင်သွားလေ၏။ ထိုအခါ ခေါင်းခုနစ်လုံးနှင့်ဦးချိုဆယ်ချောင်းရှိ၍ ဘုရားသခင်ကိုစော်ကားသော အမည်နာမများဖြင့်ပြည့်နေသည့် နီမြန်းသောသားရဲပေါ်၌ ထိုင်နေသောမိန်းမတစ်ယောက်ကို ငါမြင်ရ၏။