သင်သည် ဉာဏ်ပညာရှိလျှင် ထိုဉာဏ်ပညာရှိခြင်းသည် သင့်အတွက်ဖြစ်၏။ သင်သည် ပြက်ရယ်ပြုလျှင် သင်သာ ခံရလိမ့်မည်။
ဇာခရိ 12:14 - မြန်မာ့စံမီသမ္မာကျမ်း ကျန်မျိုးနွယ်စုအားလုံးတို့သည်လည်း မျိုးနွယ်စုအလိုက်တစ်စုစီနှင့် သူတို့၏မယားများလည်း တစ်စုစီ ငိုကြွေးမြည်တမ်းကြလိမ့်မည်။ Common Language Bible အခြားအိမ်ထောင်မိသားစုများစသည် ဖြင့် တိုင်းပြည်တွင်ရှိသမျှသောအိမ်ထောင် မိသားစုတို့သည်သီးသန့်စွာငိုကြွေး မြည်တမ်းကြလိမ့်မည်။ အိမ်ထောင်မိသားစု တစ်ခုစီ၌လည်းအမျိုးသားများသီး သန့်၊ အမျိုးသမီးများသီးသန့်ဖြင့်ငို ကြွေးကြလိမ့်မည်။ Garrad Bible ကျန် သ မျှ သော အ နွယ် သား တို့ တွင်၊ အိမ် ထောင် တိုင်း သည် ယောက်ျား မိန်း မ အ ခြား စီ၊ အ သီး အ ခြား မြည် တမ်း ရ ကြ လ တ္တံ့။ Judson Bible ကျန်ကြွင်းသော အဆွေအမျိုးအပေါင်းတို့သည် တစ်မျိုးတခြားစီ၊ သူတို့မိန်းမများ တစ်စုတခြားစီ ငိုကြွေးမြည်တမ်းကြလိမ့်မည်။ |
သင်သည် ဉာဏ်ပညာရှိလျှင် ထိုဉာဏ်ပညာရှိခြင်းသည် သင့်အတွက်ဖြစ်၏။ သင်သည် ပြက်ရယ်ပြုလျှင် သင်သာ ခံရလိမ့်မည်။
ထိုဘေးမှလွတ်၍ အသက်ရှင်ကျန်ရစ်သောသူတို့သည်လည်း သူတို့အပြစ်ကြောင့် ချိုင့်ဝှမ်းရှိခိုငှက်ကဲ့သို့ တောင်ပေါ်တွင် ညည်းညူနေလိမ့်မည်။
လေဝိအမျိုးအနွယ်၏မျိုးနွယ်စုတစ်စု၊ သူတို့၏မယားများတစ်စု၊ ရှိမိမျိုးနွယ်စုတစ်စု၊ သူတို့၏မယားများတစ်စု အပါအဝင်
ထိုနေ့ရက်တွင် ဒါဝိဒ်အမျိုးအနွယ်မှစ၍ ဂျေရုဆလင်မြို့သူမြို့သားတို့ အပြစ်နှင့်မစင်ကြယ်မှုများကို ဆေးကြောရန် စမ်းရေတွင်းတစ်ခု ပေါ်လာလိမ့်မည်”ဟု မိန့်တော်မူ၏။