ထိုနေ့ရက်တွင် မေဂိဒ္ဒေါလွင်ပြင်၊ ဟာဒဒြိမ္မုန်မြို့၌ ငိုကြွေးကြသကဲ့သို့ ဂျေရုဆလင်မြို့၌ ပြင်းထန်စွာငိုကြွေးကြလိမ့်မည်။
ထိုအခါ၌ယေရုရှလင်မြို့တွင်ငိုကြွေး မြည်တမ်းမှုသည်မေဂိဒ္ဒေါလွင်ပြင်တွင် ဗာလ နတ်ဘုရားအတွက်ငိုကြွေးမြည်တမ်းမှုကဲ့ သို့ကြီးကျယ်ပေလိမ့်မည်။-
ထို နေ့ ရက် ကာ လ၊ မေ ဂိ ဒ္ဒေါ ချိုင့် တွင်၊ ဟာ ဒ ဒြိ မ္မုန် အ တွက် မြည် တမ်း လေ့ ရှိ သည့် နည်း တူ၊ ယေ ရု ရှ လင် မြို့၌ မြည် တမ်း ကြ မည့် ပြင်၊
မေဂိဒ္ဒေါချိုင့်တွင် ဟာဒဒြိမ္မုန်မြို့မှာ ငိုကြွေးမြည်တမ်းသကဲ့သို့၊ ထိုကာလ၌ ယေရုရှလင်မြို့မှာ ကြီးစွာသော ငိုကြွေးမြည်တမ်းခြင်း ရှိလိမ့်မည်။
ယောရှိမင်းကြီးလက်ထက်တွင် အီဂျစ်ဘုရင်ဖာရောနေခေါမင်းကြီးသည် အဆီးရီးယားဘုရင်ကိုတိုက်ခိုက်ရန် ယူဖရေးတီးမြစ်သို့ စစ်ချီသွားသည်ကို ယောရှိမင်းကြီးထွက်လာ၍ မေဂိဒ္ဒေါအရပ်တွင် သူ့ကိုရင်ဆိုင်တိုက်ခိုက်ရာ သူသည် ယောရှိမင်းကြီးကိုတွေ့ပြီး ကွပ်မျက်လိုက်လေ၏။
သို့သော် ယောရှိမင်းကြီးသည် နောက်ပြန်မလှည့်ဘဲ နေခေါမင်းကြီးကို ရင်ဆိုင်တိုက်ခိုက်၏။ နေခေါမင်းကြီးအား ဘုရားသခင်မိန့်တော်မူသောစကားကို နားမထောင်ဘဲ ရုပ်ဖျက်ကာ မေဂိဒ္ဒေါလွင်ပြင်သို့ ချီတက်၍ စစ်ပွဲသို့ဝင်၏။
ထို့ကြောင့် ရဲမက်တို့သည် သူ့ကို စစ်ရထားပေါ်မှချ၍ အခြားစစ်ရထားတစ်ခုပေါ်သို့တင်ကာ ဂျေရုဆလင်မြို့သို့ ပြန်ခေါ်ဆောင်လာ၏။ မင်းကြီးအနိစ္စရောက်၍ ဘိုးဘေးတို့၏သင်္ချိုင်းတွင် သူ့ကို သင်္ဂြိုဟ်ကြ၏။ ယုဒပြည်သူဂျေရုဆလင်မြို့သားအပေါင်းတို့သည် ယောရှိမင်းကြီးအတွက် ငိုကြွေးမြည်တမ်းကြလေ၏။
တစ်ပြည်လုံးတွင် မျိုးနွယ်စုအလိုက် ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ဒါဝိဒ်အမျိုးအနွယ်၏မျိုးနွယ်စုတစ်စု၊ သူတို့၏ကြင်ရာတော်များတစ်စု၊ နာသန်အမျိုးအနွယ်၏မျိုးနွယ်စုတစ်စု၊ သူတို့၏မယားများတစ်စု၊
ထို့နောက် လူ့သား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ ထင်ရှားလိမ့်မည်။ ထိုအခါ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးနွယ်စုအားလုံးတို့သည် ရင်ဘတ်စည်တီးလျက် မြည်တမ်းကာ လူ့သားသည် တန်ခိုးနှင့်ကြီးမားသောဘုန်းအသရေတို့ဖြင့် ကောင်းကင်မှ မိုးတိမ်များစီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။
ကြည့်ရှုလော့။ ကိုယ်တော်သည် မိုးတိမ်များဖြင့်ကြွလာတော်မူ၏။ ထိုအခါ ကိုယ်တော်ကိုထိုးဖောက်ခဲ့သူတို့မှစ၍ လူအပေါင်းတို့သည် မိမိတို့မျက်စိဖြင့် ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးနွယ်စုအားလုံးသည် ကိုယ်တော်ကြောင့် ရင်ဘတ်စည်တီးလျက်မြည်တမ်းကြလိမ့်မည်။ မှန်ပေ၏။ အာမင်။
ထိုဝိညာဉ်တို့သည် ဘုရင်များကို ဟေဗြဲဘာသာစကားအားဖြင့် အာမဂေဒုန်ဟုခေါ်သောအရပ်၌ စုဝေးစေကြ၏။