ဒါရိမင်းကြီးနန်းစံ ဒုတိယနှစ်၊ အဋ္ဌမလတွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဣဒေါ၏မြေး၊ ဗေရခိ၏သား ပရောဖက်ဇာခရိထံသို့ရောက်လာ၍
ဇာခရိ 1:7 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ဒါရိမင်းကြီးနန်းစံ ဒုတိယနှစ်၊ ရှေဗတ်လဟုခေါ်သော တစ်ဆယ့်တစ်လ၊ နှစ်ဆယ့်လေးရက်နေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဣဒေါ၏မြေး၊ ဗေရခိ၏သား ပရောဖက်ဇာခရိထံသို့ရောက်လာ၏။ Common Language Bible ဧကရာဇ်ဘုရင်ဒါရိနန်းစံဒုတိယနှစ်၊ ရှေ ဗတ်လတည်းဟူသောဧကဒသမလ၊ နှစ် ဆယ့်လေးရက်နေ့၌ထာဝရဘုရားသည် ညဥ့်အခါငါ့အားဗျာဒိတ်ရူပါရုံတစ်ခု ကိုပြတော်မူ၏။- Garrad Bible ဒါ ရိ မင်း နန်း စံ နှစ် နှစ်၊ ရှေ ဗတ် ခေါ် ဧ ကာ ဒ သ မ လ နှစ် ဆယ့် လေး ရက် တွင်၊ ဣ ဒေါ မြေး၊ ဗာ ခ ရိ သား ပရော ဖက် ဖြစ် သူ ငါ ဇာ ခ ရိ သို့၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် ရူ ပါ ရုံ တော် ရောက် လာ သည့် အ တိုင်း၊ Judson Bible ဒါရိမင်းကြီး နန်းစံနှစ်နှစ်၊ ဧကာဒသမလတည်းဟူသော ရှေဗတ်လ နှစ်ဆယ်လေးရက်နေ့တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဣဒေါသားဖြစ်သော ဗာရခိ၏သား ပရောဖက်ဇာခရိသို့ ရောက်လာ၍၊ |
ဒါရိမင်းကြီးနန်းစံ ဒုတိယနှစ်၊ အဋ္ဌမလတွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဣဒေါ၏မြေး၊ ဗေရခိ၏သား ပရောဖက်ဇာခရိထံသို့ရောက်လာ၍
သို့သော် ငါ့အစေအပါးပရောဖက်တို့အား ငါမိန့်မှာထားသောစကားများနှင့် ပြဋ္ဌာန်းချက်များသည် သင်တို့ဘိုးဘေးတို့အပေါ်ကျရောက်လာခဲ့သည်မဟုတ်လော။ ထို့နောက် သူတို့ပြန်လှည့်လာ၍ ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်ပိုင်းဖြတ်ထားသည့်အတိုင်း ငါတို့အပြုအမူအကျင့်အကြံတို့နှင့်အညီ ငါတို့ကို အပြစ်ပေးတော်မူပြီ’ဟူ၍ ဆိုကြသည်”ဟု မိန့်ဆို၏။
ညအချိန်၌ ငါကြည့်လိုက်ရာ လူတစ်ဦးသည် အနီရောင်မြင်းကိုစီးလာပြီး မုရတုပင်တို့အလယ်တောနက်ထဲတွင် ရပ်နေ၍ သူ့နောက်တွင် မြင်းနီ၊ မြင်းညို၊ မြင်းဖြူတို့လည်း ရပ်နေသည်ကို ငါမြင်ရ၏။
သို့ဖြစ်၍ ဖြောင့်မတ်သောသူ အာဗေလ၏သွေးမှစ၍ ဗိမာန်တော်နှင့်ယဇ်ပလ္လင်ကြားတွင် သင်တို့သတ်ခဲ့သော ဗာရခိ၏သား ဇာခရိ၏သွေးတိုင်အောင် မြေကြီးပေါ်၌ သွန်းလောင်းခြင်းခံရသည့် ဖြောင့်မတ်သောသူတို့၏သွေးကြွေးရှိသမျှသည် သင်တို့အပေါ်သို့ ကျရောက်လိမ့်မည်။