ဇာခရိ 1:7 - Common Language Bible7 ဧကရာဇ်ဘုရင်ဒါရိနန်းစံဒုတိယနှစ်၊ ရှေ ဗတ်လတည်းဟူသောဧကဒသမလ၊ နှစ် ဆယ့်လေးရက်နေ့၌ထာဝရဘုရားသည် ညဥ့်အခါငါ့အားဗျာဒိတ်ရူပါရုံတစ်ခု ကိုပြတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible7 ဒါ ရိ မင်း နန်း စံ နှစ် နှစ်၊ ရှေ ဗတ် ခေါ် ဧ ကာ ဒ သ မ လ နှစ် ဆယ့် လေး ရက် တွင်၊ ဣ ဒေါ မြေး၊ ဗာ ခ ရိ သား ပရော ဖက် ဖြစ် သူ ငါ ဇာ ခ ရိ သို့၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် ရူ ပါ ရုံ တော် ရောက် လာ သည့် အ တိုင်း၊ အခန်းကိုကြည့်ပါ။Judson Bible7 ဒါရိမင်းကြီး နန်းစံနှစ်နှစ်၊ ဧကာဒသမလတည်းဟူသော ရှေဗတ်လ နှစ်ဆယ်လေးရက်နေ့တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဣဒေါသားဖြစ်သော ဗာရခိ၏သား ပရောဖက်ဇာခရိသို့ ရောက်လာ၍၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 တစ်ဖန် ဒါရိမင်းကြီးနန်းစံ ဒုတိယနှစ်၊ ရှေဗတ်လဟုခေါ်သော တစ်ဆယ့်တစ်လ၊ နှစ်ဆယ့်လေးရက်နေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဣဒေါ၏မြေး၊ ဗေရခိ၏သား ပရောဖက်ဇာခရိထံသို့ရောက်လာ၏။ အခန်းကိုကြည့်ပါ။ |
ငါသည်မိမိပရောဖက်များမှတစ်ဆင့် သင်တို့၏ဘိုးဘေးတို့အားအမိန့်ပညတ် များနှင့်သတိပေးစကားများကိုမိန့်မှာ သတိပေးခဲ့၏။ သူတို့သည်ငါ၏စကားကို လျစ်လှူရှုခဲ့ကြသဖြင့် ထိုက်သင့်သည့် အပြစ်ဒဏ်ကိုခံရကြ၏။ ထိုအခါသူ တို့သည်နောင်တရ၍လာကြ၏။ အနန္တ တန်ခိုးရှင်ငါထာဝရဘုရားသည်မိမိ စိတ်ပြဋ္ဌာန်းထားသည့်အတိုင်း သူတို့အား အပြစ်နှင့်အလျောက်ဆုံးမတော်မူကြောင်း ကိုလည်းသိမှတ်လာကြကုန်၏'' ဟုသူ တို့အားကြားပြောရန်မိန့်မှာတော်မူ၏။