သူတို့သည် ထာဝရဘုရားပြုတော်မူသော အမှုများတည်းဟူသော ရေနက်ရာအရပ်တွင် ပြုတော်မူသော ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကိုမြင်ရကြ၏။
ဆာလံ 95:5 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ပင်လယ်ကိုဖန်ဆင်း၍ ပိုင်တော်မူ၏။ ကုန်းမြေကိုလည်း လက်တော်ဖြင့် ပုံဖော်ဖန်ဆင်းတော်မူ၏။ Common Language Bible ကိုယ်တော်သည်မိမိဖန်ဆင်းတော်မူသော ပင်လယ်ကိုလည်းကောင်း၊ မိမိလက်တော်ဖြင့်ပြုပြင်တော်မူသည့်ကုန်းမြေ ကိုလည်းကောင်းအစိုးရတော်မူ၏။ Garrad Bible ပိုင် တော် မူ ရာ ပင် လယ် ကို ဖန် ဆင်း ၍၊ လက် တော် ဖြင့် ကုန်း ကို ပြု ပြင် တော် မူ ၏။ Judson Bible ပင်လယ်ကိုလည်း ဖန်ဆင်း၍ ပိုင်တော်မူ၏။ ကုန်းကိုလည်း လက်တော်နှင့် ပြုပြင်တော်မူ၏။ |
သူတို့သည် ထာဝရဘုရားပြုတော်မူသော အမှုများတည်းဟူသော ရေနက်ရာအရပ်တွင် ပြုတော်မူသော ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကိုမြင်ရကြ၏။
ထိုဘုရားသခင်သည် ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ၎င်းတို့၌ရှိသမျှသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ သစ္စာတော်သည် အစဉ်အမြဲတည်၏။
ကိုယ်တော်သည် ပင်လယ်ရေများကို တာတမံကဲ့သို့စုဝေးစေ၍ နက်ရှိုင်းသောရေထုများကို သိုလှောင်တိုက်ထဲ၌ ထားတော်မူ၏။
မြေကြီး၊ ကွင်းပြင်များနှင့် ကမ္ဘာကြီး၏အဦးဆုံးသောမြေမှုန့်များကို ဖန်ဆင်းတော်မမူမီ ငါ့ကိုဖြစ်တည်စေတော်မူပြီ။
ရေသည် ကိုယ်တော်၏အမိန့်ကို မကျူးလွန်မည့်အကြောင်း ပင်လယ်၏နယ်နိမိတ်ကို သတ်မှတ်တော်မူသောအခါ၌လည်းကောင်း၊ ကမ္ဘာမြေကြီး၏အခြေအမြစ်တို့ကို အမှတ်အသားပြုတော်မူသောအခါ၌လည်းကောင်း
သင်တို့သည် ငါ့ကို မကြောက်ရွံ့ကြသလော။ ငါ့ရှေ့၌မတုန်လှုပ်ကြသလော။ ပင်လယ်ရေမကျော်လွန်နိုင်အောင် သဲနယ်နိမိတ်ကို အရံအတားအဖြစ် ငါနေရာချထား၏။ ပင်လယ်သည် ဟုန်းဟုန်းမြည်သော်လည်း နယ်နိမိတ်ကိုမကျော်နိုင်။ လှိုင်းတံပိုးထသော်လည်း နယ်နိမိတ်ကို မလွှမ်းမိုးနိုင်။
သူက “ငါသည် ဟေဗြဲလူမျိုးဖြစ်၏။ ပင်လယ်နှင့်ကုန်းမြေကို ဖန်ဆင်းတော်မူသောကောင်းကင်ဘုံရှင်ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်သူ ဖြစ်ပါသည်”ဟု သူတို့အား ဆို၏။