ယေဇဗေလလက်ဖြင့် သေဆုံးခဲ့ရသော ငါ့အစေအပါးပရောဖက်များ၊ ထာဝရဘုရား၏အစေအပါးများ အားလုံးတို့အတွက် ငါလက်တုံ့ပြန်မည်။ ထို့အတွက် သင်သည် သင့်သခင်အာဟပ်မင်းကြီး၏မင်းမျိုးမင်းနွယ်တို့ကို သုတ်သင်ပစ်ရမည်။
ဆာလံ 94:1 - မြန်မာ့စံမီသမ္မာကျမ်း လက်တုံ့ပြန်တော်မူသောဘုရားသခင် အို ထာဝရဘုရား၊ လက်တုံ့ပြန်တော်မူသောဘုရားသခင်၊ ရောင်ခြည်တော်ကိုလွှတ်တော်မူပါ။ Common Language Bible အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အပြစ်ပေးပိုင်တော်မူသော ဘုရားဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်၏အမျက်တော်ကိုပေါ်လွင်ထင်ရှား စေတော်မူပါ။ Garrad Bible လက် စား ချေ တော် မူ သော ဘု ရား၊ လက် စား ချေ တော် မူ သော ဘု ရား၊ အို ယေ ဟော ဝါ၊ ရောင် ခြည် တော် ကို လွှတ် တော် မူ ပါ။ Judson Bible အပြစ်ကို ပေးပိုင်တော်မူသော ဘုရားသခင် ထာဝရဘုရား၊ အပြစ်ကို ပေးပိုင်တော်မူသော ဘုရားသခင်၊ ရောင်ခြည်တော်ကိုလွှတ်တော်မူပါ။ |
ယေဇဗေလလက်ဖြင့် သေဆုံးခဲ့ရသော ငါ့အစေအပါးပရောဖက်များ၊ ထာဝရဘုရား၏အစေအပါးများ အားလုံးတို့အတွက် ငါလက်တုံ့ပြန်မည်။ ထို့အတွက် သင်သည် သင့်သခင်အာဟပ်မင်းကြီး၏မင်းမျိုးမင်းနွယ်တို့ကို သုတ်သင်ပစ်ရမည်။
ဘုရားသခင်သည် လှပခြင်းနှင့်ပြည့်စုံသော ဇိအုန်ပေါ်မှ ရောင်ခြည်တော်ကိုလွှတ်တော်မူ၏။
အစ္စရေး၏သိုးထိန်းဖြစ်တော်မူ၍ ယောသပ်ကို သိုးအုပ်ကဲ့သို့ပို့ဆောင်တော်မူသောအရှင်၊ စူးစိုက်နားထောင်တော်မူပါ။ ခေရုဗိမ်တို့အလယ်၌ စံပယ်တော်မူသောအရှင်၊ ရောင်ခြည်တော်ကိုလွှတ်တော်မူပါ။
စိတ်အားငယ်သောသူတို့အား “အားယူကြလော့။ မကြောက်ကြနှင့်။ ကြည့်ရှုလော့။ သင်တို့၏ဘုရားသခင်သည် လက်စားချေရန် ကြွလာမည်။ အကျိုးအပြစ်ပေးရန် ကြွလာမည်။ ဘုရားသခင်ကိုယ်တော်တိုင်ကြွလာ၍ သင်တို့ကို ကယ်တင်တော်မူမည်”ဟု ဆိုကြလော့။
ကိုယ်တော်သည် ဖြောင့်မတ်ခြင်းကိုရင်အုပ်တန်ဆာကဲ့သို့ ဝတ်ဆင်တော်မူ၏။ ခေါင်းပေါ်၌ ကယ်တင်ခြင်းသံခမောက်ကို ဆောင်းတော်မူ၏။ လက်စားချေခြင်းဝတ်ရုံကိုဝတ်ဆင်၍ စိတ်အားထက်သန်ခြင်းဝတ်လုံကို လွှမ်းခြုံတော်မူ၏။
ဘေဘီလုံမြို့မှထွက်ပြေးလွတ်မြောက်လာသောသူတို့၏အသံကို ကြားရလေပြီ။ သူတို့သည် ငါတို့ဘုရားသခင် ထာဝရဘုရား လက်တုံ့ပြန်ခြင်းအကြောင်း၊ ဗိမာန်တော်အတွက် လက်တုံ့ပြန်ခြင်းအကြောင်းကို ဇိအုန်မြို့တွင် ကြွေးကြော်ကြလေပြီ။
အကြောင်းမူကား ဘေဘီလုံမြို့ကို တိုက်ခိုက်ဖျက်ဆီးမည့်သူ ရောက်လာပြီ။ ဘေဘီလုံစစ်သူရဲတို့ အဖမ်းခံရပြီ။ သူတို့၏လေးတို့သည်လည်း ကျိုးလေပြီ။ ထာဝရဘုရားသည် အကျိုးအပြစ်အလျောက် ပြန်ပေးဆပ်သောဘုရားသခင် ဖြစ်တော်မူသောကြောင့် အမှန်ပင် ပြန်ပေးဆပ်တော်မူမည်။
ဘေဘီလုံမြို့မှ ထွက်ပြေးကြ။ အသက်ဘေးလွတ်အောင် ပြေးကြ။ ထိုမြို့၏အပြစ်ကြောင့် အဖျက်ဆီးမခံကြနှင့်။ အကြောင်းမူကား ထာဝရဘုရားလက်တုံ့ပြန်ရာအချိန်ကျရောက်ပြီ။ ထိုမြို့ခံထိုက်သောအပြစ်ကို ပြန်ပေးဆပ်စေတော်မူမည်။
ထာဝရဘုရားသည် သဝန်တိုသောဘုရား၊ လက်တုံ့ပြန်သောဘုရား ဖြစ်တော်မူ၏။ ထာဝရဘုရားသည် လက်တုံ့ပြန်၏။ အမျက်တော်လည်း ပြင်းထန်၏။ ထာဝရဘုရားသည် ရန်သူတို့ကို လက်တုံ့ပြန်၏။ ရန်သူတို့အတွက် အမျက်တော်သိုထားတော်မူ၏။
ချစ်ရသောသူတို့၊ ကိုယ်တိုင်လက်တုံ့မပြန်ဘဲ အမျက်တော်လက်သို့ အပ်နှံထားကြလော့။ အကြောင်းမူကား “ထာဝရဘုရားမိန့်တော်မူသည်မှာ လက်တုံ့ပြန်ခြင်းသည် ငါနှင့်ဆိုင်၏။ ငါကိုယ်တိုင်တုံ့ပြန်မည်”ဟု ကျမ်းစာ၌ရေးထား၏။
လက်စားချေခြင်း၊ လက်တုံ့ပြန်ခြင်းသည် ငါနှင့်ဆိုင်၏။ သူတို့သည် အချိန်တန်လျှင် ခြေချော်လိမ့်မည်။ သူတို့၏ဘေးဒုက္ခနေ့ရက်သည်နီးပြီ။ သူတို့ကြုံရမည့်အမှုသည် အလျင်အမြန်ရောက်လာလိမ့်မည်။
ထိုအခါ ကိုယ်တော်သည် ဘုရားသခင်ကိုမသိသောသူတို့နှင့် ငါတို့သခင်ယေရှု၏ကောင်းမြတ်သောသတင်းကို မနာခံသောသူတို့အား တရားသဖြင့်စီရင်တော်မူလိမ့်မည်။
အကြောင်းမူကား “လက်တုံ့ပြန်ခြင်းသည် ငါနှင့်ဆိုင်၏။ ငါကိုယ်တိုင်တုံ့ပြန်မည်”ဟူ၍လည်းကောင်း၊ “ထာဝရဘုရားသည် မိမိလူမျိုးတို့ကို တရားစီရင်တော်မူမည်”ဟူ၍လည်းကောင်း မိန့်တော်မူသောအရှင်ကို ငါတို့သိကြ၏။