သို့ဖြစ်၍ အသိတရားရှိသောသူတို့၊ နားထောင်ကြပါလော့။ ဆိုးယုတ်သောအမှုသည် ဘုရားသခင်နှင့် ဝေးပါစေ။ မကောင်းမှုသည် အနန္တတန်ခိုးရှင်နှင့် ဝေးပါစေ။
ဆာလံ 92:15 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား ဖြောင့်မှန်တော်မူကြောင်း ပြောကြားကြလိမ့်မည်။ ကိုယ်တော်သည် ငါ၏ကျောက်ဆောင်ဖြစ်တော်မူ၏။ ကိုယ်တော်၌မတရားမှုမရှိ။ Common Language Bible ဤကားထာဝရဘုရားသည်တရား မျှတတော်မူကြောင်းကိုလည်းကောင်း ငါ့ကိုကွယ်ကာသောအရှင်သည်ကောင်းမြတ် စုံလင်တော်မူကြောင်းကိုလည်းကောင်း ဖော်ပြလိုက်ခြင်းဖြစ်သည်။ Garrad Bible ငါ့ ကျောက် တောင် ဖြစ် သော ထာ ဝ ရ ဘု ရား ဖြောင့် မတ်၍၊ အ ဓ မ္မ နှင့် ကင်း တော် မူ ကြောင်း၊ ဖော် ပြ ခွင့် ရ ကြ လိမ့် သ တည်း။ Judson Bible ထိုသို့သောအားဖြင့် ငါ၏ကျောက်၊ ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၍၊ မတရားသောအမှုနှင့် ကင်းလွတ်တော်မူသည်ဟု ထင်ရှားလိမ့်သတည်း။ |
သို့ဖြစ်၍ အသိတရားရှိသောသူတို့၊ နားထောင်ကြပါလော့။ ဆိုးယုတ်သောအမှုသည် ဘုရားသခင်နှင့် ဝေးပါစေ။ မကောင်းမှုသည် အနန္တတန်ခိုးရှင်နှင့် ဝေးပါစေ။
ထိုသူကား ရေစီးသောချောင်းနားမှာ စိုက်ထား၍ မိမိအချိန်တန်သောအခါအသီးသီးပြီး အရွက်မညှိုးနွမ်းတတ်သောအပင်နှင့်တူ၏။ ပြုလေသမျှတို့၌အောင်မြင်တတ်၏။
ထာဝရဘုရားသည် မိမိ၏လမ်းတော်ရှိသမျှတို့၌ ဖြောင့်မတ်၍ မိမိပြုတော်မူသောအမှုရှိသမျှတို့၌ သစ္စာရှိတော်မူ၏။
ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏ရဲတိုက်၊ ငါ့ကိုကယ်တင်တော်မူသောအရှင်၊ ငါ၏ဘုရား၊ ငါခိုလှုံရာကျောက်ဆောင်၊ ငါ၏ဒိုင်းလွှား၊ ငါ၏ကယ်တင်ခြင်းဦးချိုနှင့် ငါခိုကိုးရာဖြစ်တော်မူ၏။
ကိုယ်တော်သာလျှင် ငါ၏ကျောက်ဆောင်၊ ငါ့ကိုကယ်တင်သောအရှင်၊ ငါ၏ခိုကိုးရာဖြစ်တော်မူ၏။ ငါသည် တုန်လှုပ်လိမ့်မည်မဟုတ်။
ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် အသက်ကိုရှည်စေတတ်၏။ ဆိုးယုတ်သောသူတို့၏နှစ်ကာလမူကား တိုတတ်၏။
ထိုမြို့တွင် စံနေတော်မူသောထာဝရဘုရားမူကား မတရားမှုကို မပြု၊ ဖြောင့်မတ်တော်မူသောဘုရားဖြစ်၏။ နံနက်အရုဏ်လင်းချိန်တိုင်းတွင် မိမိ၏ဖြောင့်မတ်ခြင်းကို မပျက်မကွက်ဖော်ပြတော်မူ၏။ သို့သော် မတရားသောသူသည် ရှက်ကြောက်ရမည်ကို မသိပါတကား။
သို့ဖြစ်လျှင် ငါတို့သည် မည်သို့ဆိုရမည်နည်း။ ဘုရားသခင်၌ မတရားမှုရှိသလော။ လုံးဝမရှိပေ။
အို ကျောက်ဆောင်၊ ကိုယ်တော်ပြုတော်မူသောအမှုသည် ပြီးပြည့်စုံပါ၏။ မှန်ပေ၏။ ကိုယ်တော်၏နည်းလမ်းတော်ရှိသမျှတို့သည် တရားမျှတပါ၏။ ကိုယ်တော်သည် မတရားမှုကိုမပြု၊ သစ္စာရှိသောဘုရားဖြစ်တော်မူ၏။ ဖြောင့်မတ်မှန်ကန်သောဘုရားဖြစ်တော်မူ၏။
မောရှေသေဆုံးသောအခါ အသက်တစ်ရာ့နှစ်ဆယ်ရှိ၏။ သူ၏မျက်စိမမှုန်၊ သူ၏ခွန်အားလည်း မလျော့သေး။
မုသားနှင့်ကင်းစင်တော်မူသောဘုရားသခင်သည် ထိုထာဝရအသက်ကို ရှေးကာလများမတိုင်မီကပင် ကတိပေးတော်မူပြီး