အာသမင်းကြီးလည်း သူ့ကိုရင်ဆိုင်တိုက်ခိုက်ရန် စစ်ချီထွက်ပြီး မရေရှမြို့အနီး ဇေဖသချိုင့်ဝှမ်းတွင် စစ်ခင်းကျင်းထား၏။
ဆာလံ 9:20 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ သူတို့ကိုကြောက်လန့်စေတော်မူပါ။ မိမိတို့သည် လူသက်သက်သာဖြစ်ကြောင်း လူမျိုးတကာတို့အားသိစေတော်မူပါ။(စေလာ) Common Language Bible အို ထာဝရဘုရား၊ သူတို့အားကြောက်လန့်စေတော်မူပါ။ မိမိတို့သည်လူမျှသာဖြစ်ကြောင်းကို သိစေတော်မူပါ။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ လူ မျိုး ခြား တို့ ၌ ကြောက် မက် ဖွယ် စီ မံ၍၊ လူ မျှ သာ ဖြစ် ကြောင်း သိ ကြ ပါ စေ သော။ Judson Bible အိုထာဝရဘုရား၊ သူတို့ကို ခြောက်လှန့်တော်မူပါ။ သို့ဖြစ်၍ မိမိတို့သည် လူသက်သက်ဖြစ်သည်ကို လူမျိုးတို့သည် သိကြပါလိမ့်မည်။ |
အာသမင်းကြီးလည်း သူ့ကိုရင်ဆိုင်တိုက်ခိုက်ရန် စစ်ချီထွက်ပြီး မရေရှမြို့အနီး ဇေဖသချိုင့်ဝှမ်းတွင် စစ်ခင်းကျင်းထား၏။
ကယ်တင်ခြင်းသည် ထာဝရဘုရားထံတော်မှလာ၏။ ကိုယ်တော်၏ကောင်းချီးမင်္ဂလာသည် ကိုယ်တော်၏လူမျိုးတော်အပေါ် သက်ရောက်ပါစေသော။(စေလာ)
အဆင့်အတန်းနိမ့်သောသူတို့သည် အခိုးအငွေ့သာဖြစ်ကြပြီး အဆင့်အတန်းမြင့်သောသူတို့သည် လိမ်လည်ခြင်းသာဖြစ်ကြ၏။ ချိန်ခွင်၌ချိန်လျှင် သူတို့နှစ်မျိုးပေါင်းသည် အခိုးအငွေ့ထက်ပေါ့၏။
ကိုယ်တော်သည် အုပ်ချုပ်သူမင်းတို့၏စိတ်ကို နှိမ့်ချတော်မူ၏။ ကမ္ဘာမြေကြီးပေါ်ရှိ ရှင်ဘုရင်တို့အတွက် ကြောက်ရွံ့ဖွယ်ဖြစ်တော်မူ၏။
ကြောက်ရွံ့ထိတ်လန့်ဖွယ်ဘေးတို့သည် သူတို့အပေါ်သို့ကျရောက်လိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော်၏လူမျိုးတော်တို့ကျော်လွန်သွားသည်အထိ၊ ကိုယ်တော်ဝယ်ယူတော်မူသောလူမျိုးတော်တို့ ကျော်လွန်သွားသည်အထိ ကိုယ်တော်၏ကြီးမားသောလက်ရုံးတော်ကြောင့် သူတို့သည် ကျောက်တုံးကဲ့သို့ တိတ်ဆိတ်နေကြလိမ့်မည်။
ငါ့ကိုကြောက်ရွံ့ထိတ်လန့်သောသဘောကို သင့်ရှေ့မှ ငါစေလွှတ်၍ သင်ရောက်မည့်အရပ်ရှိ လူမျိုးအပေါင်းတို့ကို ကစဥ့်ကလျားဖြစ်စေကာ သင်၏ရန်သူအပေါင်းတို့ကို နောက်သို့ပြန်လှည့်စေမည်။
အီဂျစ်ပြည်သားတို့သည် ဘုရားမဟုတ်၊ လူမျှသာဖြစ်၏။ သူတို့၏မြင်းသည်လည်း ဝိညာဉ်မဟုတ်၊ အသွေးအသားမျှသာဖြစ်၏။ ထာဝရဘုရား လက်တော်ကိုဆန့်သောအခါ ကူညီသောသူသည် ခလုတ်တိုက်၍ အကူညီခံရသူသည် လဲကျလိမ့်မည်။ သူတို့အားလုံးသည် အတူတကွပျက်စီးကြလိမ့်မည်။
သူတို့ကို မစွန့်ပစ်ဘဲ အစဉ်ကောင်းစားစေမည့်အကြောင်း ငါသည် သူတို့နှင့် ထာဝရပဋိညာဉ်ဖွဲ့မည်။ သူတို့သည် ငါ့ထံမှ မထွက်သွားမည့်အကြောင်း ငါ့ကိုကြောက်ရွံ့ရိုသေခြင်းသဘောကို သူတို့စိတ်နှလုံးထဲသို့ သွင်းပေးမည်။
“အချင်းလူသား၊ တိုင်ရာမင်းကြီးအား ဤသို့ဆင့်ဆိုလော့။ ဘုရားရှင်ထာဝရဘုရားက ‘သင်သည် ဘဝင်မြင့်၍ ငါသည် ဘုရားဖြစ်၏။ သမုဒ္ဒရာအလယ် ဘုရားတို့၏ပလ္လင်တော်၌ စံမြန်း၏ဟု သင်ဆို၏။ သင်သည် ဘုရားမဟုတ် လူသားဖြစ်လျက်နှင့် သင့်စိတ်ထဲတွင် သင့်ကိုယ်သင် ဘုရားဟုထင်မှတ်၏။
‘သင်သည် သင့်ကိုသတ်သောသူ၏ရှေ့မှောက်တွင် ငါသည် ဘုရားဖြစ်၏ဟု ဆိုနိုင်ဦးမည်လော။ စင်စစ် လူသတ်သမားတို့အဖို့ သင်သည် ဘုရားမဟုတ်။ လူသားသာဖြစ်၏။
ဘုရားရှင်ထာဝရဘုရားက ‘ရုပ်တုတို့ကိုလည်း ငါဖျက်ဆီးပစ်မည်။ မင်ဖစ်မြို့ရှိဘုရားဆင်းတုတို့ကိုလည်း ကွယ်ပျောက်စေမည်။ အီဂျစ်ပြည်တွင် ခေါင်းဆောင်တစ်ယောက်မျှ ရှိတော့မည်မဟုတ်။ အီဂျစ်ပြည်တစ်ပြည်လုံး ကြောက်ရွံ့ထိတ်လန့်အောင် ငါပြုမည်။
မိုးကောင်းကင်တစ်ခွင်အောက်ရှိ လူမျိုးတို့သည် သင်တို့သတင်းကိုကြား၍ သင်တို့ရှေ့၌တုန်လှုပ်ချောက်ချားမည့်အကြောင်း သင်တို့ကိုထိတ်လန့်ကြောက်ရွံ့သောသဘောကို ယနေ့ သူတို့အပေါ်သို့ ငါစတင်ကျရောက်စေမည်’ဟု မိန့်တော်မူ၏။