ကိုယ်တော်သည် အချိန်အခါများအတွက် လကိုဖန်ဆင်းတော်မူ၏။ နေသည် မိမိဝင်ရမည့်အချိန်ကိုသိ၏။
ဆာလံ 89:37 - မြန်မာ့စံမီသမ္မာကျမ်း ၎င်းသည် လကဲ့သို့လည်းကောင်း၊ မိုးကောင်းကင်ရှိ သစ္စာရှိသောသက်သေကဲ့သို့လည်းကောင်း အစဉ်တည်မြဲလိမ့်မည်”ဟူ၍ဖြစ်၏။(စေလာ) Common Language Bible သူ၏နိုင်ငံသည်မိုးကောင်းကင်တွင်တည်မြဲသော သက်သေဖြစ်သည့်လကဲ့သို့ အစဉ်အမြဲတည်လျက်နေလိမ့်မည်'' ဟု မိန့်တော်မူ၏။ Garrad Bible အာ ကာ သ ရှိ တည် မြဲ သော သက် သေ ကဲ့ သို့ လည်း ကောင်း၊ ကာ လ အ စဉ် မြဲ မြံ လိမ့် မည် ဟူ၍ တည်း။ Judson Bible လကဲ့သို့လည်းကောင်း၊ မိုးကောင်းကင်၌ သစ္စာစောင့်သော သက်သေကဲ့သို့လည်းကောင်း၊ အစဉ်မြဲမြံရမည်ဟု ကိုယ်တော်သည် မိန့်တော်မူပါပြီ။ |
ကိုယ်တော်သည် အချိန်အခါများအတွက် လကိုဖန်ဆင်းတော်မူ၏။ နေသည် မိမိဝင်ရမည့်အချိန်ကိုသိ၏။
သူ၏လက်ထက်၌ ဖြောင့်မတ်သောသူသည် ကြီးပွား၍ လကွယ်ပျောက်သွားသည်အထိ ငြိမ်းချမ်းမှုအပြည့်ရှိပါစေသော။
အို ထာဝရဘုရား၊ ကောင်းကင်သည် ကိုယ်တော်ပြုတော်မူသောအံ့ဖွယ်သောအမှုတို့ကို ချီးမွမ်းပါ၏။ ကိုယ်တော်၏သစ္စာတော်ကိုလည်း သန့်ရှင်းသောသူတို့၏အစုအဝေးထဲတွင် ချီးမွမ်းပါ၏။