ခေါင်းထောင်မိလျှင် ကိုယ်တော်သည် အကျွန်ုပ်ကိုခြင်္သေ့ကဲ့သို့လိုက်ဖမ်း၍ အကျွန်ုပ်အား ကြောက်မက်ဖွယ်အမှုကို ပြတော်မူဦးမည်။
ဆာလံ 88:7 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၏အမျက်ဒေါသသည် အကျွန်ုပ်အပေါ်၌ လေးလံလျက်ရှိပါ၏။ ကိုယ်တော်၏လှိုင်းလုံးရှိသမျှတို့သည်လည်း အကျွန်ုပ်ကို ဖုံးလွှမ်းလျက်ရှိပါ၏။(စေလာ) Common Language Bible အမျက်တော်သည်ကျွန်တော်မျိုးအားဖိလျက် ရှိပါ၏။ ကျွန်တော်မျိုးသည်အမျက်တော်၏ လှိုင်းတံပိုးအောက်တွင်ပိပြား၍နေပါ၏။ Garrad Bible လှိုင်း တံ ပိုး တော် ရှိ သ မျှ ဖြင့် နှိမ့် နင်း တော် မူ ပါ ပြီ။ Judson Bible အမျက်တော်သည် အကျွန်ုပ်အပေါ်၌ ဖိလျက်ရှိပါ၏။ လှိုင်းတံပိုးတော်အပေါင်းတို့နှင့် နှိပ်စက်တော်မူ၏။ |
ခေါင်းထောင်မိလျှင် ကိုယ်တော်သည် အကျွန်ုပ်ကိုခြင်္သေ့ကဲ့သို့လိုက်ဖမ်း၍ အကျွန်ုပ်အား ကြောက်မက်ဖွယ်အမှုကို ပြတော်မူဦးမည်။
အကယ်စင်စစ် အနန္တတန်ခိုးရှင်ထံမှ မြားတို့သည် ငါ့ကိုယ်၌စိုက်ဝင်လျက်ရှိ၏။ ငါ့စိတ်ဝိညာဉ်သည် ထိုမြားတို့၏အဆိပ်ရည်ကို သောက်သုံးနေရ၏။ ဘုရားသခင်ထံမှ ကြောက်မက်ဖွယ်ရာတို့သည် ငါ့ရှေ့၌ တန်းစီလျက်ရှိ၏။
ဤသည်ကား ကိုယ်တော်၏ဒေါသ၊ ကိုယ်တော်၏အမျက်တော်ကြောင့် ဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကိုချီးမြှောက်ပြီးမှ ပစ်ချတော်မူ၏။
အကြောင်းမူကား ကိုယ်တော်၏လက်တော်သည် အကျွန်ုပ်အပေါ်၌ နေ့ညမပြတ်လေးလံလျက်ရှိပါ၏။ အကျွန်ုပ်၏စိုပြည်လန်းဆန်းမှုသည် နွေကာလ၏အပူရှိန်၌ကဲ့သို့ ကုန်ခန်းပါပြီ။(စေလာ)
အို ထာဝရဘုရား၊ ကိုယ်တော်၏အမျက်တော်ဖြင့် အကျွန်ုပ်ကို ဆုံးမတော်မမူပါနှင့်။ ကိုယ်တော်၏အမျက်ဒေါသဖြင့် အကျွန်ုပ်ကို ပဲ့ပြင်တော်မမူပါနှင့်။
ကိုယ်တော်၏ရေတံခွန်တို့မြည်ဟည်းသံဖြင့် နက်ရှိုင်းရာအရပ်သည် နက်ရှိုင်းရာအရပ်ကိုဟစ်ခေါ်ပါ၏။ ကိုယ်တော်၏လှိုင်းလုံးများနှင့် လှိုင်းတံပိုးအပေါင်းတို့သည် အကျွန်ုပ်အပေါ်လွှမ်းမိုးသွားကြပါ၏။
အကျွန်ုပ်သည် ဟစ်ခေါ်ရ၍ ပင်ပန်းပါပြီ။ အကျွန်ုပ်၏အာခေါင်သည် ခြောက်ပါပြီ။ အကျွန်ုပ်၏မျက်စိသည် အကျွန်ုပ်၏ဘုရားသခင်ကိုမျှော်ကြည့်ရ၍ အားအင်ကုန်ခန်းပါပြီ။
အကယ်စင်စစ် အကျွန်ုပ်တို့သည် ကိုယ်တော်၏အမျက်တော်ကြောင့် ပျက်စီးကြရပါ၏။ ကိုယ်တော်၏အမျက်ဒေါသကြောင့် ထိတ်လန့်ခြင်းရှိကြပါ၏။
ကိုယ်တော်သည် ပင်လယ်ရေနက်ထဲသို့ အကျွန်ုပ်ကိုပစ်ချလိုက်သောအခါ ရေသည် အကျွန်ုပ်ကို ဝိုင်းရံလျက်ရှိပါ၏။ လှိုင်းလုံးကြီးလှိုင်းလုံးငယ်တို့သည်လည်း အကျွန်ုပ်ကို လွှမ်းမိုးကြပါ၏။
ထိုအခါ ငါက ‘အကျွန်ုပ်သည် ကိုယ်တော့်ထံမှ နှင်ထုတ်ခံရသော်လည်း ကိုယ်တော်ရှိရာသန့်ရှင်းသောဗိမာန်တော်သို့ အကျွန်ုပ်မျှော်ကြည့်လျက်နေပါမည်’ဟု ဆို၏။
သားတော်ကိုယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကိုမနာခံသောသူမူကား အသက်ကိုမတွေ့မမြင်ရသည်သာမက ဘုရားသခင်၏အမျက်တော်သည် သူ့အပေါ်၌တည်၏။
ငါတို့သည် အပြစ်အရာ၌ သေဆုံး၍ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်မည့်အကြောင်း ကိုယ်တော်သည် သစ်တိုင်ပေါ်တွင် ငါတို့အပြစ်များကို မိမိ၏ကိုယ်ခန္ဓာ၌ ကိုယ်တော်တိုင်ဆောင်ယူတော်မူ၏။ သင်တို့သည် ကိုယ်တော်၏ဒဏ်ချက်တော်အားဖြင့် အနာရောဂါပျောက်ကင်းခြင်းအခွင့်ကိုရရှိကြ၏။