အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 88:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင် ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​ရှေ့​၌ နေ့​ည​မပြတ်​အော်ဟစ်​တောင်းလျှောက်​ပါ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ကျွန်​တော်​မျိုး​ကို​ကယ်​တင်​တော်​မူ​သော ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ ကျွန်​တော်​မျိုး​သည်​နေ့​အ​ချိန်​၌​ဟစ်​အော်​၍ ည​အ​ချိန်​၌​ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့ ချဉ်း​ကပ်​ပါ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ကို ကယ် တင် ပိုင် ရှင် ဘု ရား သ ခင်၊ ရှေ့ တော်၌ နေ့ ညဉ့် မ ပြတ် အော် ဟစ် ရာ၊

အခန်းကိုကြည့်ပါ။

Judson Bible

အ​ကျွန်ုပ်​ကို ကယ်​တင်​တော်​မူ​သော ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ရှေ့​တော်၌ နေ့​ည​မ​ပြတ် အော်​ဟစ်​ပါ၏။

အခန်းကိုကြည့်ပါ။



ဆာ​လံ 88:1
30 ပူးပေါင်းရင်းမြစ်များ  

အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကို စောင့်မျှော်​ပါ​၏​။


ဧဇရဟိတ်​လူမျိုး ဧသန်​နှင့် မဟေလ​၏​သား​များ​ဖြစ်​သော ဟေမန်​၊ ကာလကောလ​နှင့် ဒါရဒ စသော​ပညာရှိ​အပေါင်း​တို့​ထက် သာ၍​ဉာဏ်ပညာရှိ​သဖြင့် သူ့​ဝန်းကျင်​တစ်ခွင်ရှိ တိုင်းနိုင်ငံ​အားလုံး​တို့​တွင် နာမည်​ကျော်ကြား​လေ​၏​။


ရှောလမုန်​မင်းကြီး​သည်​လည်း ဟိရံ​မင်းကြီး​၏​နန်းတွင်းသူ​နန်းတွင်းသား​တို့ စားစရာ​အဖို့ ဂျုံ​ကောရ​နှစ်သောင်း​နှင့် ကြိတ်​ထား​သော​သံလွင်ဆီ ကောရ​နှစ်ဆယ်​ကို ပေး​၏​။ ထိုသို့ ရှောလမုန်​မင်းကြီး​သည် ဟိရံ​မင်းကြီး​အဖို့ နှစ်စဉ်​ပြု​ပေး​လေ​၏​။


ဇေရ​၏​သား​များ​မှာ ဇိမရိ​၊ ဧသန်​၊ ဟေမန်​၊ ကာလကောလ​၊ ဒါရ အားလုံး​ပေါင်း​ငါး​ယောက် ရှိ​၏​။


ကောဟတ်​၏​သား​များ​မှာ အာမရံ​၊ ဣဇဟာ​၊ ဟေဗြုန်​၊ ဩဇေလ တို့​ဖြစ်​ကြ​၏​။


မျက်စိ​ကို​ဖွင့်​၊ နား​ကို​စွင့်​တော်မူ​၍ ကိုယ်တော်​၏​အစေအပါး​အစ္စရေး​လူမျိုး​တို့​အတွက် ရှေ့​တော်​၌ နေ့ညမပြတ်​ဆုတောင်း​ပေး​သော​ကိုယ်တော်​၏​အစေအပါး အကျွန်ုပ်​၏​ဆုတောင်းသံ​ကို နားညောင်း​တော်မူ​ပါ​။ အစ္စရေး​လူမျိုး​တို့ ကျူးလွန်​မိ​သော​အပြစ်​၊ အကျွန်ုပ်​နှင့်​အကျွန်ုပ်​၏​ဘိုးဘေး​အမျိုးအနွယ်​တို့ ကျူးလွန်​မိ​သော​အပြစ်​တို့​ကို ဝန်ချတောင်းပန်​ပါ​၏​။


အကျွန်ုပ်​အတွက် ကယ်တင်​ခြင်း​အစွမ်းသတ္တိ​ဖြစ်​တော်မူ​သော အို ဘုရားရှင်​ထာဝရဘုရား​၊ စစ်တိုက်​ရ​သော​နေ့​တွင် ကိုယ်တော်​သည် အကျွန်ုပ်​၏​ဦးခေါင်း​ကို အုပ်မိုး​ကွယ်ကာ​ပေး​တော်မူ​၏​။


အကျွန်ုပ်​၏​ဘုရားသခင်​၊ နေ့​အချိန်​၌​အကျွန်ုပ်​ခေါ်​သော်လည်း ကိုယ်တော်​သည် ထူး​တော်​မ​မူ​ပါ​။ ညအချိန်​၌​လည်း အကျွန်ုပ်​တွင် ငြိမ်သက်ချမ်းသာမှု​မ​ရှိ​ပါ​။


ထို​သူ​သည် ထာဝရဘုရား​ထံ​မှ ကောင်းချီးမင်္ဂလာ​ကို​လည်းကောင်း​၊ သူ့​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​ထံမှ ဖြောင့်မတ်​ခြင်း​ကို​လည်းကောင်း ရရှိ​လိမ့်မည်​။


ထာဝရဘုရား​သည် ငါ​၏​အလင်း​၊ ငါ့​ကို​ကယ်တင်​သော​အရှင်​ဖြစ်​တော်မူ​၏​။ ငါ​သည် မည်သူ့​ကို​ကြောက်​ရ​မည်နည်း​။ ထာဝရဘုရား​သည် ငါ့​အသက်​၏ မှီခို​ရာ​ဖြစ်​တော်မူ​၏​။ ငါ​သည် မည်သူ့​ကို​ကြောက်ရွံ့​ရ​မည်နည်း​။


အကျွန်ုပ်​ထံမှ မျက်နှာ​လွှဲ​တော်​မ​မူ​ပါ​နှင့်​။ အမျက်​တော်​ထွက်​၍ ကိုယ်တော်​၏​အစေအပါး​ကို ငြင်းပယ်​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​သည် အကျွန်ုပ်​ကို​ကူညီမစ​သော​အရှင် ဖြစ်​ပါ​၏​။ အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​၊ အကျွန်ုပ်​ကို​ပစ်ပယ်​တော်​မ​မူ​ပါ​နှင့်​။ အကျွန်ုပ်​ကို​စွန့်ပစ်​တော်​မ​မူ​ပါ​နှင့်​။


သမင်​ဒရယ်​သည် ရေ​စီး​သော​ချောင်း​တို့​ကို​တောင့်တ​သကဲ့သို့ အကျွန်ုပ်​၏​စိတ်ဝိညာဉ်​သည် ကိုယ်တော်​ကို​တောင့်တ​ပါ​၏​ဘုရား​။


အို ဘုရားသခင်​၊ အကျွန်ုပ်​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​၊ လူသတ်​ခြင်း​အပြစ်​မှ အကျွန်ုပ်​ကို​ကယ်နုတ်​တော်မူ​ပါ​။ အကျွန်ုပ်​၏​လျှာ​သည် ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​ကို ရွှင်လန်း​စွာ​သီချင်းဆို​ပါ​မည်​။


မိုက်မဲ​သော​သူ​က “​ဘုရားသခင်​မ​ရှိ​”​ဟု မိမိ​စိတ်နှလုံး​ထဲ၌ ဆို​တတ်​၏​။ ထိုသို့သော​သူ​တို့​သည် အကျင့်ပျက်ပြား​၍ စက်ဆုပ်ရွံရှာ​ဖွယ်​ကောင်း​သော​မတရားမှု​ကို​ပြု​တတ်​ကြ​၏​။ ကောင်း​သော​အမှု​ကို ပြု​သော​သူ​မ​ရှိ​။


ဘုရားသခင်​ထံ​တော်​၌ ငါ​၏​ကယ်တင်​ခြင်း​နှင့် ငါ​၏​ဘုန်းအသရေ​ရှိ​၏​။ ဘုရားသခင်​သည် ငါ​၏​ခိုင်ခံ့​သော​ကျောက်ဆောင်​၊ ငါ​၏​ခိုလှုံ​ရာ​ဖြစ်​တော်မူ​၏​။


အကျွန်ုပ်​တို့​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​၊ ကိုယ်တော်​သည် အံ့ဩဖွယ်​အမှု​များ​ဖြင့် ဖြောင့်မတ်​ခြင်း​ထဲ၌ အကျွန်ုပ်​တို့​ကို​ထူး​တော်မူ​၏​။ ကိုယ်တော်​သည် ကမ္ဘာမြေ​အစွန်း​ရှိသမျှ​နှင့် ဝေးလံ​သော​ပင်လယ်​၌​နေ​သော​သူ​တို့​၏ ကိုးစား​ရာ​ဖြစ်​တော်မူ​၏​။


ငါ​တို့​၏​ဝန်ထုပ်​များ​ကို နေ့စဉ်နေ့တိုင်း​ထမ်း​ပေး​တော်မူ​သော​ဘုရားရှင်​သည် မင်္ဂလာရှိ​ပါစေသော​။ ဘုရားသခင်​သည် ငါ​တို့​ကို​ကယ်တင်​သော​အရှင် ဖြစ်​တော်မူ​၏​။(​စေလာ)


အကျွန်ုပ်​တို့​ကို​ကယ်တင်​တော်မူ​သော​ဘုရားသခင်​၊ ကိုယ်တော့်​နာမ​တော်​၏​ဘုန်းအသရေ​တော်​ကို​ထောက်​၍ အကျွန်ုပ်​တို့​ကို ကူညီမစ​တော်မူ​ပါ​။ ကိုယ်တော်​၏​နာမ​တော်​ကို​ထောက်၍ အကျွန်ုပ်​တို့​ကို​ကယ်နုတ်​ပြီး အကျွန်ုပ်​တို့​၏​အပြစ်​များ​ကို ဖြေလွှတ်​တော်မူ​ပါ​။


အို ဘုရားရှင်​၊ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ အကြောင်းမူကား အကျွန်ုပ်​သည် ကိုယ်တော်​ကို တစ်နေ့လုံး​ခေါ်​ပါ​၏​။


ကြည့်ရှု​လော့​။ ဘုရားသခင်​သည် ငါ့​ကို​ကယ်တင်​သော​အရှင် ဖြစ်​တော်မူ​၏​။ ငါ​သည် ကြောက်ရွံ့​ခြင်း​မ​ရှိ​ဘဲ ယုံကြည်ကိုးစား​မည်​။ အကြောင်းမူကား ထာဝရဘုရား​သည် ငါ​၏​ခွန်အား​၊ ငါ​၏​တေးသီချင်း​၊ ငါ့​ကို ကယ်တင်​သော​အရှင်​ဖြစ်​တော်မူ​၏​”​ဟု ဆို​လိမ့်မည်​။


အို ဂျေရုဆလင်​မြို့​၊ ကင်းစောင့်​တို့​ကို သင်​၏​မြို့ရိုး​များ​ပေါ်တွင် ငါ​ချထား​ပြီ​။ သူ​တို့​သည် နေ့နေ့​ညည တိတ်တိတ်နေ​မည်​မ​ဟုတ်​။ ထာဝရဘုရား​ကို အောက်မေ့​စေ​သော​သူ​တို့​၊ နှုတ်ဆိတ်​မ​နေ​ကြ​နှင့်​။


ငါ့​ဝိညာဉ်​သည် ငါ​၏​ကယ်တင်ရှင်​ဘုရားသခင်​၌ ရွှင်မြူး​၏။


ဘုရားသခင်​သည်​လည်း မိမိ​ထံ နေ့​ည​မပြတ်​အော်ဟစ်​တောင်းလျှောက်​နေ​သည့် မိမိ​ရွေးကောက်​တော်မူ​သော​သူ​တို့​အတွက် တရားသဖြင့်​မ​စီရင်​ဘဲ ကြာရှည်​စွာ​ဆိုင်း​ထား​တော်မူ​လိမ့်မည်​လော။


အကြောင်းမူကား လူမျိုးခြား​တို့​အတွက်​ပေါ်ထွန်း​သော​အလင်း​ကို​လည်းကောင်း၊ ကိုယ်တော်​၏​လူမျိုး​တော် အစ္စရေး​လူမျိုး​အတွက်​ဘုန်း​အသရေ​ဖြစ်​သော လူ​အပေါင်း​တို့​ရှေ့၌​ပြင်ဆင်​ထား​သည့် ကိုယ်တော်​၏​ကယ်တင်​ခြင်း​ကျေးဇူး​ကို​လည်းကောင်း အကျွန်ုပ်​၏​မျက်စိ​ဖြင့် မြင်​ရ​ပါ​ပြီ”​ဟု ဆို​လေ​၏။


မုဆိုးမ​ဖြစ်​လျက် အသက်​ရှစ်ဆယ့်​လေး​နှစ်​ပင်​ရှိ​ပြီ​ဖြစ်​၏။ သူ​သည် ဗိမာန်​တော်​မှ​မ​ခွာ​ဘဲ ဆုတောင်း​ခြင်း​နှင့် အစာရှောင်​ခြင်း​တို့​ဖြင့် နေ့​ည​မပြတ် ဘုရား​ဝတ်​ကို​ပြု​လျက်​နေ​၏။


ငါ​တို့​သည် သင်​တို့​နှင့်​လူ​ချင်း​တွေ့​နိုင်​ရန်​နှင့် သင်​တို့​၏​ယုံကြည်​ခြင်း​တွင် လိုအပ်​သည့်​အပိုင်း​များ​ကို ဖြည့်ဆည်း​ပေး​နိုင်​ရန် နေ့​ရော​ည​ပါ အလွန်​စိတ်အား​ထက်သန်​စွာ​ဖြင့် ဆုတောင်း​နေ​ကြ​၏။


ငါ​သည် နေ့​ရော​ည​ပါ​ဆုတောင်း​သောအခါ သင့်​အကြောင်း​ကို အမြဲမပြတ်​သတိရ​လျက် စင်ကြယ်​သော​အသိစိတ်​ဖြင့် ဘိုးဘေး​တို့​လက်ထက်​က​ပင် ဝတ်ပြု​လာ​ခဲ့​သော ဘုရားသခင်​၏​ကျေးဇူး​တော်​ကို ငါ​ချီးမွမ်း​၏။


ခိုးယူ​ခြင်း​တို့​ကို​မ​ပြု​ဘဲ အစဉ်​ကောင်းမွန်​စွာ​သစ္စာစောင့်​နေ​ကြောင်း​ကို​ပြသ​ရန် တိုက်တွန်း​နှိုးဆော်​လော့။ ထိုသို့ပြုလျှင် သူ​တို့​သည် အရာရာ​၌ ငါ​တို့​ကယ်တင်ရှင်​ဘုရားသခင်​၏​သွန်သင်​ချက်​ကို တင့်တယ်​စေ​ကြ​လိမ့်မည်။


ကြီးမြတ်​သည့်​ဘုရားသခင်​ဖြစ်​တော်မူ​သော ငါ​တို့​၏​ကယ်တင်ရှင်​ယေရှု​ခရစ်တော်​၏​ဘုန်း​တော်​ပေါ်ထွန်း​ခြင်း​တည်းဟူသော မင်္ဂလာရှိ​သော​မျှော်လင့်​ခြင်း​ကို စောင့်မျှော်​ရန်​လည်းကောင်း ဆုံးမ​သွန်သင်​လျက်​ရှိ​၏။