သူသည် ပုန်းအောင်းနေသောခြင်္သေ့ကဲ့သို့ ကွယ်ရာမှ ချောင်းမြောင်းနေတတ်၏။ အဖိနှိပ်ခံရသောသူကိုဖမ်းဆီးရန် ချောင်းမြောင်းနေတတ်၏။ အဖိနှိပ်ခံရသောသူကို သူ၏ပိုက်ကွန်ထဲသို့ဆွဲယူဖမ်းဆီးတတ်၏။
ဆာလံ 83:3 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ကိုယ်တော်၏လူမျိုးတော်အပေါ် ဉာဏ်နီဉာဏ်နက်ထုတ်၍ ကိုယ်တော်ကာကွယ်ထားသောသူတို့အပေါ် လျှို့ဝှက်ကြံစည်ကြပါ၏။ Common Language Bible သူတို့သည်ကိုယ်တော်ရှင်၏လူစုတော်အား တိုက်ခိုက်ရန်လျှို့ဝှက်ကြံစည်လျက်နေကြ ပါ၏။ ကိုယ်တော်ရှင်ကွယ်ကာထားတော်မူသော သူတို့အားဆန့်ကျင်ရန်တိုင်ပင်လျက်နေ ကြပါ၏။ Garrad Bible လူ မျိုး တော့် တစ် ဘက် တိုင် ပင် စဉ်း လဲ၍၊ မြတ် နိုး တော် မူ သူ တို့ တစ် ဘက် ကြံ စည် လျက်၊ Judson Bible ကိုယ်တော်၏လူစုတစ်ဖက်၌ ပရိယာယ်ကိုကြံ၍၊ ကိုယ်တော်ကွယ်ကာတော်မူသော သူတို့တစ်ဖက်၌ တိုင်ပင်ကြပါ၏။ |
သူသည် ပုန်းအောင်းနေသောခြင်္သေ့ကဲ့သို့ ကွယ်ရာမှ ချောင်းမြောင်းနေတတ်၏။ အဖိနှိပ်ခံရသောသူကိုဖမ်းဆီးရန် ချောင်းမြောင်းနေတတ်၏။ အဖိနှိပ်ခံရသောသူကို သူ၏ပိုက်ကွန်ထဲသို့ဆွဲယူဖမ်းဆီးတတ်၏။
တိုင်းနိုင်ငံတို့သည် အဘယ်ကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ကြသနည်း။ လူတို့သည်လည်း အဘယ်ကြောင့် အချည်းနှီးသောအရာကို ကြံစည်ကြသနည်း။
အကြောင်းမူကား ဒုက္ခရောက်သောနေ့၌ ကိုယ်တော်သည် မိမိ၏ကိန်းအောင်းရာအရပ်၌ ငါ့ကိုဝှက်ထားတော်မူလိမ့်မည်။ ကိုယ်တော်၏တဲတော်၌ရှိသည့် ကွယ်ကာရာအရပ်၌ ငါ့ကိုဖုံးကွယ်ထား၍ ကျောက်ဆောင်ပေါ်၌ ငါ့ကိုဆွဲတင်တော်မူလိမ့်မည်။
ကိုယ်တော်သည် သူတို့ကို လူတို့၏လျှို့ဝှက်ကြံစည်မှုများမှကင်းလွတ်စေရန် ရှေ့တော်ရှိကွယ်ကာရာအရပ်၌ ဖုံးကွယ်ထားတော်မူ၏။ ခိုက်ရန်ဖြစ်ပွားတတ်သောလျှာများနှင့်ကင်းဝေးစေရန် သူတို့ကိုယာယီတဲ၌ဝှက်ထားတော်မူ၏။
သူတို့သည် ငါ့အသက်ကိုသတ်ရန် စောင့်မျှော်နေကြသည်နှင့်အညီ ပူးပေါင်းကြံစည်လျက်၊ ချောင်းမြောင်းလျက် ငါ၏ခြေလှမ်းများကိုစောင့်ကြည့်ကြ၏။
ဆိုးညစ်သောအမှုကိုပြုသောသူတို့၏ လျှို့ဝှက်ကြံစည်မှုမှလည်းကောင်း၊ အပြစ်ဒုစရိုက်ပြုသောသူတို့၏စုဝေးရာမှလည်းကောင်း အကျွန်ုပ်ကိုဖုံးကွယ်ထားတော်မူပါ။
အမြင့်ဆုံးသောအရှင်၏ကွယ်ကာရာအရပ်၌ နေသောသူသည် အနန္တတန်ခိုးရှင်၏အရိပ်ကို ခိုရလိမ့်မည်။
လာကြ။ သူတို့ကို လိမ္မာပါးနပ်စွာပြုကြစို့။ သို့မဟုတ်လျှင် သူတို့သည် များပြားလာကြလိမ့်မည်။ စစ်ဖြစ်လျှင် သူတို့သည် ငါတို့၏ရန်သူတို့နှင့်ပေါင်း၍ ငါတို့ကိုတိုက်ခိုက်ပြီး ဤပြည်မှ ထွက်သွားကြလိမ့်မည်”ဟု ဆိုလေ၏။
အကြောင်းမှာ သင်တို့သည် သေဆုံးခဲ့ပြီဖြစ်၍ သင်တို့၏အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ဝှက်ထားလျက်ရှိ၏။
ဖိလိတ္တိလူမျိုးတို့က “ဟေဗြဲလူမျိုးတို့ကို ဓား၊ လှံ တစ်စုံတစ်ရာမျှ မလုပ်စေနှင့်”ဟု ဆိုသဖြင့် ထိုစဉ်က အစ္စရေးတစ်ပြည်လုံးတွင် ပန်းပဲသမားတစ်ယောက်မျှ မတွေ့ရချေ။