ထိုအရပ်ကို “ထာဝရဘုရား ပြင်ဆင်တော်မူမည်”ဟူသောအမည်ဖြင့် အာဗြဟံခေါ်သည့်အတိုင်း ယနေ့တိုင်အောင် “ထာဝရဘုရား၏တောင်ပေါ်၌ ပြင်ဆင်ထားပေလိမ့်မည်”ဟု ဆိုလေ့ရှိ၏။
ဆာလံ 83:18 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ဖြင့် ထာဝရဘုရားဟူသောနာမတော်ရှိသည့် ကိုယ်တော်တစ်ပါးတည်းသာလျှင် ကမ္ဘာမြေတစ်ခွင်လုံး၌ အမြင့်ဆုံးသောအရှင်ဖြစ်ကြောင်းကို သူတို့သိကြပါစေသော။ Common Language Bible သူတို့သည်ကိုယ်တော်ရှင်တစ်ပါးတည်းသာလျှင် ထာဝရဘုရားဖြစ်တော်မူ၍ ကမ္ဘာတစ်ဝန်းလုံးတွင်ဘုရင်တကာတို့၏ဘုရင် ဖြစ်တော်မူကြောင်းကိုသိရှိကြပါစေသော။ Garrad Bible ယေ ဟော ဝါ ဟူ ၍ နာ မ တော် ရှိ သော ကိုယ် တော် သာ လျှင်၊ မြေ တစ် ပြင် လုံး အ ထက်၊ မြင့် မြတ် သော ဘုရား ဖြစ် တော် မူ ကြောင်း၊ သိ ကြ ပါ စေ သော။ Judson Bible ထာဝရဘုရားဟူ၍ နာမတော်ရှိသော ကိုယ်တော်တစ်ပါးတည်းသာလျှင်၊ မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရား ဖြစ်တော်မူကြောင်းကို သိကြပါစေသော။ |
ထိုအရပ်ကို “ထာဝရဘုရား ပြင်ဆင်တော်မူမည်”ဟူသောအမည်ဖြင့် အာဗြဟံခေါ်သည့်အတိုင်း ယနေ့တိုင်အောင် “ထာဝရဘုရား၏တောင်ပေါ်၌ ပြင်ဆင်ထားပေလိမ့်မည်”ဟု ဆိုလေ့ရှိ၏။
အို ထာဝရဘုရား၊ ထူးတော်မူပါ။ အကျွန်ုပ်ကို ထူးတော်မူပါ။ သို့မှ ထာဝရဘုရားသည် ဘုရားသခင်မှန်ကြောင်း၊ ကိုယ်တော်သည် လူတို့၏စိတ်ကိုပြောင်းလဲစေနိုင်ကြောင်းကို ဤလူတို့သိရလိမ့်မည်”ဟု ဆုတောင်းလေ၏။
အို အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်တစ်ပါးတည်းသာ ထာဝရဘုရားဖြစ်တော်မူကြောင်းကို မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံး သိမြင်စေရန် အကျွန်ုပ်တို့ကို ထိုဘုရင်၏လက်မှ ယခုကယ်နုတ်တော်မူပါ”ဟု ဆုတောင်းလေ၏။
ထာဝရဘုရားသည် ကောင်းကင်၌ ခြိမ်းသံကိုပေးတော်မူ၏။ အမြင့်ဆုံးသောအရှင်သည် မိမိအသံကို မိုးသီးနှင့်တောက်လောင်သောမီးခဲများနှင့်တကွ လွှင့်တော်မူ၏။
အကျွန်ုပ်အသက်ကိုရန်ရှာသောသူတို့သည် အရှက်ကွဲ၍ အသရေပျက်ကြရပါစေသော။ အကျွန်ုပ်ဒုက္ခရောက်ရန်ကြံစည်သောသူတို့သည် နောက်သို့ပြန်ဆုတ်၍ မျက်နှာပျက်ကြရပါစေသော။
သူတို့ကို အမျက်ဒေါသဖြင့် အပြီးသတ်သုတ်သင်တော်မူပါ။ သူတို့မရှိတော့သည်အထိ အပြီးသတ်သုတ်သင်တော်မူပါ။ ထိုအခါ ဘုရားသခင်သည် ယာကုပ်မှစ၍ ကမ္ဘာမြေအစွန်းတိုင်အောင် အုပ်စိုးတော်မူကြောင်း သိကြပါလိမ့်မည်။(စေလာ)
ထာဝရဘုရားသည် တရားစီရင်တော်မူခြင်းအားဖြင့် မိမိအကြောင်းကိုထင်ရှားစေတော်မူပြီ။ ဆိုးယုတ်သောသူသည် မိမိလက်ဖြင့်ပြုလုပ်ထားသောအရာ၌ ကျော့မိလေပြီ။(ဟိဂ္ဂယွန်။စေလာ)
အို အမြင့်ဆုံးသောအရှင်၊ အကျွန်ုပ်သည် ကိုယ်တော်၌ ဝမ်းမြောက်ရွှင်လန်းပါမည်။ ကိုယ်တော်၏နာမတော်ကို သီဆိုချီးမွမ်းပါမည်။
အကြောင်းမူကား အို ထာဝရဘုရား၊ ကိုယ်တော်သည် ကမ္ဘာမြေတစ်ခွင်လုံးတွင် အမြင့်ဆုံးသောအရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ဘုရားအပေါင်းတို့ထက် အလွန်ချီးမြှောက်ခြင်းခံရတော်မူ၏။
ငါသည် အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား အနန္တတန်ခိုးရှင်ဘုရားသခင်အဖြစ် ထင်ရှားပြခဲ့သော်လည်း ထာဝရဘုရားဟူသောငါ၏နာမကို သူတို့မသိခဲ့ကြပေ။
ငါသည် ထာဝရဘုရားဖြစ်၏။ ထိုနာမသည် ငါ၏နာမဖြစ်၏။ ငါ၏ဘုန်းအသရေကို အခြားသောသူအားလည်းကောင်း၊ ငါခံထိုက်သောချီးမွမ်းခြင်းကို ရုပ်တုဆင်းတုတို့အားလည်းကောင်း ငါမပေး။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမူကား တရားမျှတခြင်းကြောင့် ချီးမြှောက်ခြင်းခံရမည်။ သန့်ရှင်းသောအရှင်သည် မိမိသန့်ရှင်းတော်မူကြောင်းကို ဖြောင့်မတ်ခြင်းအားဖြင့် ထင်ရှားစေတော်မူမည်။
အကြောင်းမူကား သင့်ကိုဖန်ဆင်းတော်မူသောအရှင်သည် သင်၏ခင်ပွန်းဖြစ်၏။ နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။ သင့်ကိုရွေးနုတ်တော်မူသောအရှင်သည် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်ဖြစ်၏။ မြေကြီးတစ်ပြင်လုံး၏ဘုရားဟု ခေါ်ဝေါ်ခြင်းခံရ၏။
ကြည့်ရှုလော့။ ယခု သူတို့ကို ငါသိစေမည်။ ငါ့လက်ရုံးရည်၊ ငါ့အစွမ်းတန်ခိုးကို သူတို့အား သိမြင်စေမည်။ “ထာဝရဘုရား”ဟူသည်မှာ ငါ၏နာမဖြစ်ကြောင်း သူတို့သိကြရလိမ့်မည်။
ထိုသို့ အီဂျစ်ပြည်ကို ဒဏ်ခတ်သောအခါမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
လူမျိုးတကာတို့ရှေ့တွင် ငါသည် ကြီးမြတ်သောဘုရား၊ သန့်ရှင်းသောဘုရားဖြစ်ကြောင်း ထင်ရှားပြသောအခါမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
အရှင်မင်းကြီးသည် လူ့အသိုင်းအဝိုင်းမှ နှင်ထုတ်ခံရပြီး တောတိရစ္ဆာန်တို့နှင့်အတူ နေထိုင်ရလိမ့်မည်။ နွားကဲ့သို့ မြက်ကိုစားရလိမ့်မည်။ မိုးကောင်းကင်နှင်းများနှင့် စိုလျက်နေလိမ့်မည်။ အမြင့်ဆုံးသောအရှင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူကို ပေးတော်မူကြောင်း အရှင်မင်းကြီး သိမှတ်သည့်တိုင်အောင် ခုနစ်နှစ်ပတ်လုံး နေထိုင်ကျော်လွှားရလိမ့်မည်။
သင်သည် လူ့အသိုင်းအဝိုင်းမှ နှင်ထုတ်ခြင်းခံရပြီး တောတိရစ္ဆာန်တို့နှင့်အတူ နေထိုင်ရမည်။ နွားကဲ့သို့ မြက်ကိုစားရမည်။ အမြင့်ဆုံးသောအရှင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူကို ပေးတော်မူကြောင်း သင်သိမှတ်သည့်တိုင်အောင် ခုနစ်နှစ်ပတ်လုံး နေထိုင်ကျော်လွှားရမည်”ဟု ကောင်းကင်မှ အသံတော်ရောက်လာ၏။
“အို ဇိအုန်သမီးပျို၊ ထ၍ တလင်းနယ်လော့။ ငါသည် သင့်အား သံဦးချိုနှင့် ကြေးဝါခွာကို ပေးမည်။ သင်သည် လူမျိုးများစွာတို့ကို ညက်ညက်ကြေအောင် နင်းနယ်လိမ့်မည်။ သင်သည် သူတို့၏မတရားသောအကျိုးစီးပွားကို ထာဝရဘုရားထံတော်သို့လည်းကောင်း၊ သူတို့၏ဥစ္စာပစ္စည်းတို့ကို မြေတစ်ပြင်လုံး၏အရှင်ထံသို့လည်းကောင်း ဆက်ကပ်လိမ့်မည်။”
သူကလည်း “ဤအရာများကား မြေတစ်ပြင်လုံး၏အရှင်ရှေ့၌ ခစားသော ဘိသိက်ခံရသူနှစ်ဦးကို ဆိုလိုသည်”ဟု မိန့်ဆိုလေ၏။