ယေဇဗေလ၏အလောင်းသည် ယေဇရေလပိုင်မြေကွက်ပေါ်တွင် နောက်ချေးပုံကဲ့သို့ဖြစ်လိမ့်မည်။ ဤသူမှာ ယေဇဗေလဖြစ်သည်ဟု ပြော၍မရအောင်ပင် ဖြစ်လိမ့်မည်’ဟူ၍ မိန့်တော်မူခဲ့သည့်စကား အတိုင်းဖြစ်၏”ဟု ဆိုလေ၏။
ဆာလံ 83:11 - မြန်မာ့စံမီသမ္မာကျမ်း သူတို့၏မင်းအရာရှိတို့ကို ဩရဘမင်းကြီးနှင့်ဇေဘမင်းကြီးကဲ့သို့လည်းကောင်း၊ သူတို့၏မင်းညီမင်းသားအပေါင်းတို့ကို ဇေဘဟမင်းကြီးနှင့် ဇာလမုန္နမင်းကြီးကဲ့သို့လည်းကောင်း ဖြစ်စေတော်မူပါ။ Common Language Bible သြရဘမင်းနှင့်ဇေဘမင်းတို့ကို ကိုယ်တော်ရှင် ပြုသကဲ့သို့ သူတို့၏ခေါင်းဆောင်များအားပြုတော်မူပါ။ ဇေဘမင်းနှင့်ဇာလမုန္နမင်းတို့အားအရေးရှုံးနိမ့် စေတော်မူသကဲ့သို့ သူတို့၏မင်းရှိသမျှအားလည်းအရေးရှုံးနိမ့် စေတော်မူပါ။ Garrad Bible ဘု ရား သ ခင် စံ တော် မူ ရာ ကို အ ပိုင် ယူ ကြ ကုန် အံ့ ဟု ဆို ခဲ့ ဖူး သူ၊ ဩ ရ ဘ မင်း နှင့် ဇေ ဘ မင်း ကဲ့ သို့၊ ဤ သူ တို့ မှူး မတ် များ ကိုလည်း ကောင်း၊ ဇော ဘ ဟ မင်း နှင့် ဇာ လ မု န္န မင်း ကဲ့ သို့၊ ဤ သူ တို့ မင်း ရှိ သ မျှ ကို လည်း ကောင်း၊ ဖြစ် စေ တော် မူ ပါ။ Judson Bible ငါတို့သည် ဘုရားသခင်၏အိမ်များကို ကိုယ်ဖို့သိမ်းယူကြကုန်အံ့ဟုဆိုသော ဩရဘမင်းနှင့် ဇေဘမင်းကဲ့သို့၊ |
ယေဇဗေလ၏အလောင်းသည် ယေဇရေလပိုင်မြေကွက်ပေါ်တွင် နောက်ချေးပုံကဲ့သို့ဖြစ်လိမ့်မည်။ ဤသူမှာ ယေဇဗေလဖြစ်သည်ဟု ပြော၍မရအောင်ပင် ဖြစ်လိမ့်မည်’ဟူ၍ မိန့်တော်မူခဲ့သည့်စကား အတိုင်းဖြစ်၏”ဟု ဆိုလေ၏။
ထိုအရိုးတို့သည် သူတို့ချစ်၍အစေခံသော၊ သူတို့လိုက်စားသော၊ သူတို့ဆည်းကပ်ကိုးကွယ်သောအရာများဖြစ်သည့် နေ၊ လ စသော ကောင်းကင်တန်ဆာအားလုံးတို့အောက်၌ ဖြန့်ထားခြင်းခံရလိမ့်မည်။ စုသိမ်းသင်္ဂြိုဟ်ခြင်း ခံရမည်မဟုတ်။ မြေပြင်ပေါ်တွင် နောက်ချေးကဲ့သို့ဖြစ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။
သူတို့သည် မိဒျန်လူမျိုးတို့၏အကြီးအကဲနှစ်ဦးဖြစ်သည့် ဩရဘနှင့်ဇေဘကိုဖမ်းဆီးကြ၏။ ဩရဘကို ဩရဘကျောက်ဆောင်၌ သတ်၍ ဇေဘကို ဇေဘစပျစ်သီးနယ်ရာကျင်း၌ သတ်ပြီးလျှင် မိဒျန်လူမျိုးတို့နောက်သို့လိုက်ကြ၏။ ဩရဘနှင့် ဇေဘတို့၏ဦးခေါင်းကို ဂျော်ဒန်မြစ်တစ်ဖက်ကမ်းရှိ ဂိဒေါင်ထံသို့ယူဆောင်လာကြ၏။