အို ငါ့စိတ်ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုလော့။ ကိုယ်တော်၏ကျေးဇူးတော်အပေါင်းကို မမေ့လျော့နှင့်။
ဆာလံ 78:7 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ သူတို့သည် ဘုရားသခင်ကို ယုံကြည်အားထား၍ ဘုရားသခင်၏ လုပ်ဆောင်တော်မူချက်တို့ကိုမမေ့လျော့ဘဲ ကိုယ်တော်၏ပညတ်တော်တို့ကို လိုက်နာကျင့်သုံးကြလိမ့်မည်။ Common Language Bible ဤနည်းအားဖြင့်ယင်းသားမြေးတို့သည် ဘုရားသခင်ကိုကိုးစားလာကာ ကိုယ်တော်ပြုသောအမှုအရာတို့ကို မမေ့မလျော့ဘဲပညတ်တော်တို့ကိုအစဉ် စောင့်ထိန်းကြပေလိမ့်မည်။ Garrad Bible စိတ် နှ လုံး မ တည် ကြည် ဘဲ၊ ဘု ရား သ ခင့် ရှေ့ စိတ် ဝိ ညာဉ် ၌ သ စ္စာ မ ရှိ သော အ ဆက် မ ဟုတ်။ ဘု ရား သ ခင့် အ မှု တော် များ ကို မ မေ့ ဘဲ၊ ဘု ရား သ ခင် ၌ စိတ် ချ လျက်၊ ပ ညတ် တော် များ ကို စောင့် ထိန်း သော လူ မျိုး ဖြစ် စေ ခြင်း ငှာ တည်း။ |
အို ငါ့စိတ်ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းချီးထောမနာပြုလော့။ ကိုယ်တော်၏ကျေးဇူးတော်အပေါင်းကို မမေ့လျော့နှင့်။
ဤသည်ကား သူတို့သည် ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်း၍ တရားတော်တို့ကို လိုက်နာကျင့်သုံးကြမည့်အကြောင်းတည်း။ ဟာလေလုယ။
ကိုယ်တော်၏အစေအပါး အာဗြဟံ၏အမျိုးအနွယ်၊ ကိုယ်တော်ရွေးကောက်တော်မူသော ယာကုပ်၏သားသမီးတို့၊ ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကိုလည်းကောင်း၊ ပြုတော်မူသောတန်ခိုးလက္ခဏာများနှင့် နှုတ်တော်ထွက်စီရင်ထုံးဖွဲ့ချက်တို့ကိုလည်းကောင်း အောက်မေ့ကြလော့။
ယာကုပ်၏ဘုရားသခင်ကို မိမိ၏ကူညီမစသောအရှင်ဖြစ်စေသောသူ၊ မိမိ၏ဘုရားသခင်ထာဝရဘုရားကို မျှော်လင့်သောသူသည် မင်္ဂလာရှိ၏။
မာနထောင်လွှားသောသူတို့နှင့် လိမ်လည်မှုနောက်သို့လိုက်သွားသောသူတို့ထံသို့ မလှည့်ဘဲ ထာဝရဘုရားကို ကိုးစားသောသူသည် မင်္ဂလာရှိ၏။
ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်၌သာ ငြိမ်သက်ချမ်းသာမှုကိုခံစားရ၏။ အကြောင်းမူကား ငါ၏မျှော်လင့်ခြင်းသည် ကိုယ်တော့်ထံမှလာ၏။
“သူသည် ငါ့ကိုချစ်သောကြောင့် ငါသည် သူ့ကိုကယ်တင်မည်။ ငါ၏နာမကိုသိသောကြောင့် သူ့ကို လုံခြုံစွာစောင့်ရှောက်မည်။
ကျေးဇူးတော်ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍“ဤမုန့်ကား သင်တို့အတွက်ချိုးဖဲ့သော ငါ၏ကိုယ်ခန္ဓာဖြစ်၏။ ငါ့ကိုအောက်မေ့ဖို့ရန် ဤသို့ပြုကြလော့”ဟု မိန့်တော်မူ၏။
သင်တို့သတိပြုကြလော့။ သင်တို့မျက်စိဖြင့်တွေ့မြင်ခဲ့ရသောအမှုအရာများကို သင်တို့မမေ့လျော့စေရန်နှင့် သင်တို့အသက်ရှင်သမျှကာလပတ်လုံး သင်တို့စိတ်နှလုံးလမ်းမလွဲစေရန် သင်တို့၏စိတ်ကိုအထူးစောင့်ထိန်းလော့။ သင်တို့၏သားမြေးတို့ကိုလည်း ပြောပြကြလော့။
ငါ့ကိုကြောက်ရွံ့၍ ငါ၏ပညတ်တော်အလုံးစုံကို အစဉ်အမြဲစောင့်ထိန်းမည့်စိတ်သဘော သူတို့၌ ရှိမည်ဆိုလျှင် သူတို့နှင့်သူတို့၏သားမြေးတို့သည် အစဉ်ကောင်းစားလိမ့်မည်။
ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ သင်တို့ကိုထုတ်ဆောင်တော်မူခဲ့သော ထာဝရဘုရားကို မမေ့လျော့မည့်အကြောင်း သင်တို့ကိုယ်သင်တို့ သတိပြုလော့။
သင်တို့ကလည်း သင်တို့၏သားသမီးများအား ‘ငါတို့သည် အီဂျစ်ပြည်၌ ဖာရောမင်းကြီး၏ကျွန်ဖြစ်ခဲ့ကြ၏။ သို့သော် ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူခဲ့၏။
ငါတို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာထားတော်မူသည့်အတိုင်း ကိုယ်တော်၏ရှေ့တော်၌ ပညတ်တော်ရှိသမျှတို့ကိုလိုက်နာစောင့်ထိန်းလျှင် ငါတို့ကို ဖြောင့်မတ်စေမည်’ဟု ပြောပြရမည်။
ယနေ့ သင့်အား ငါဆင့်ဆိုသော သင်၏ဘုရားသခင်ထာဝရဘုရား၏ပညတ်ချက်များ၊ စီရင်ထုံးဖွဲ့ချက်များ၊ ပြဋ္ဌာန်းချက်များကို မစောင့်ထိန်းဘဲ ကိုယ်တော်အား မေ့လျော့မည်ကို သင့်ကိုယ်သင်သတိပြုလော့။
ဤအနှစ်လေးဆယ်ပတ်လုံး တောကန္တာရတွင် ပို့ဆောင်တော်မူခဲ့သည့် လမ်းခရီးတစ်လျှောက်ကို သင်တို့အောက်မေ့ရမည်။ ဤသည်မှာ ပညတ်တော်များကို သင်တို့စောင့်ထိန်းလိုစိတ်ရှိ၊ မရှိ သိမည့်အကြောင်းသင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုနှိမ့်ချတော်မူ၍ စမ်းသပ်တော်မူခဲ့ခြင်းဖြစ်၏။
ကိုယ်တော်အား သေသောသူတို့ထဲမှ ထမြောက်စေ၍ ဘုန်းအသရေပေးတော်မူသောဘုရားသခင်ကို ကိုယ်တော်အားဖြင့် သင်တို့ယုံကြည်ကြ၏။ သို့ဖြစ်၍ သင်တို့၏ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်းတို့သည် ဘုရားသခင်ထဲ၌တည်ရှိကြ၏။
ဘုရားသခင်ကိုချစ်ခြင်းဆိုသည်မှာ ဘုရားသခင်၏ပညတ်တော်တို့ကို စောင့်ထိန်းခြင်းပင်ဖြစ်၏။ ဘုရားသခင်၏ပညတ်တော်တို့သည်လည်း စောင့်ထိန်းရန်ခဲယဉ်းသည်မဟုတ်။
ဤနေရာတွင် ဘုရားသခင်၏ပညတ်တော်တို့ကိုလည်းကောင်း၊ ယေရှု၌ယုံကြည်ခြင်းကိုလည်းကောင်း စောင့်ထိန်းသော သန့်ရှင်းသူတို့၏သည်းခံခြင်းရှိ၏။