အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 78:55 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို့နောက် လူမျိုးခြား​တို့​ကို သူ​တို့​ရှေ့​မှ​နှင်ထုတ်​တော်မူ​ပြီး အမွေ​အဖြစ် တိုင်းတာ​သတ်မှတ်​ထား​သော​နယ်မြေ​အလိုက် သူ​တို့​ကို​ခွဲဝေ​ပေး​၍ အစ္စရေး​အမျိုးအနွယ်​တို့​အား မိမိ​တို့​တဲ​များ​၌ နေထိုင်​စေ​တော်မူ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

မိ​မိ​၏​လူ​စု​တော်​ရှေ့​သို့​ချီ​တက်​လာ​ကြ​သော​အ​ခါ ချဉ်း​နင်း​ဝင်​ရောက်​မည့်​ပြည်​၌​နေ​ထိုင်​ကြ​သူ​တို့​ကို နှင်​ထုတ်​တော်​မူ​၏။ ဣသ​ရေ​လ​အ​နွယ်​တို့​အား​ထို​ပြည်​ကို​ခွဲ​ဝေ သတ်​မှတ် ပေး​တော်​မူ​ပြီး​လျှင် ထို​အ​ရပ်​အ​သီး​သီး​တွင်​အ​တည်​တ​ကျ နေ​ထိုင်​စေ​တော်​မူ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

လူ မျိုး ခြား တို့ ကို ရှေ့ မှ နှင် ထုတ် ပြီး လျှင်၊ ဣ သ ရေ လ အ နွယ် များ၏ အ ပိုင် အ ဖြစ်၊ တာ ထိုး ဝေ ပေး လျက်၊ တဲ များ တွင် နေ ရာ ချ တော် မူ ခြင်း များ တည်း။

အခန်းကိုကြည့်ပါ။

Judson Bible

သူ​တို့​ရှေ့​မှာ​လည်း၊ တစ်​ပါး​အ​မျိုး​သား​တို့​ကို​နှင်​ထုတ်​ပြီး​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ် အ​သီး​အ​သီး​တို့​သည် အ​မွေ​ခံ​ရ​သော​မြေ​ကို​တာ​ထိုး၍ ပိုင်း​ခြား​လျက် နေ​ရာ​ချ​တော်​မူ၏။

အခန်းကိုကြည့်ပါ။



ဆာ​လံ 78:55
14 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် လူမျိုးခြား​တို့​ကို ကိုယ်တော်​၏​လက်​တော်​ဖြင့်​နှင်ထုတ်​ပြီး ဘိုးဘေး​တို့​ကို အခြေချ​စေ​တော်မူ​၏​။ တိုင်းသူပြည်သား​တို့​ကို​နှိမ်နင်း​၍ ဘိုးဘေး​တို့​ကို​ပြန့်ပွား​စေ​တော်မူ​၏​။


အမှန်စင်စစ် ဘိုးဘေး​တို့​သည် ထို​ပြည်​ကို မိမိ​တို့​ဓားလက်နက်​ဖြင့် သိမ်းယူ​ခဲ့​ကြ​သည်​မ​ဟုတ်​ပါ​။ သူ​တို့​အောင်ပွဲ​ရ​သည်​မှာ သူ​တို့​၏​လက်ရုံး​ကြောင့်​လည်း မ​ဟုတ်​ပါ​။ ကိုယ်တော်​၏​လက်ယာ​လက်​တော်​၊ ကိုယ်တော်​၏​လက်ရုံး​တော်​နှင့် ကိုယ်တော်​၏ မျက်နှာ​တော်​အလင်း​ကြောင့်သာ​ဖြစ်​ပါ​၏​။ အကြောင်းမူကား ကိုယ်တော်​သည် သူ​တို့​ကို​နှစ်သက်​တော်မူ​၏​။


ထို​အကောင်​တို့​အတွက် နေရာ​ချ​ပေး​တော်မူ​ပြီ​။ ကိုယ်တော်​၏​လက်​တော်​သည် မျဉ်းကြိုး​တန်း​၍ နေရာ​ခွဲဝေ​ပေး​တော်မူ​ပြီ​။ ထို​အကောင်​တို့​သည် ထို​ပြည်​ကို အစဉ်အမြဲ​ပိုင်ဆိုင်​၍ မျိုးဆက်အဆက်ဆက် နေထိုင်​ကြ​လိမ့်မည်​။


သင်​တို့​၏​မျိုးနွယ်စု​အလိုက် ထို​ပြည်​ကို မဲချ​၍ အမွေ​ခွဲဝေ​ပေး​ရ​မည်​။ မျိုးနွယ်စု​လူဦးရေ များ​လျှင်​များ​သည့်​အလျောက်​၊ နည်း​လျှင်​နည်း​သည့်​အလျောက် အမွေမြေ​ပေး​ရ​မည်​။ မိမိ​အတွက် မဲ​ကျ​သော​နေရာ​သည် မိမိ​၏​အမွေ​ဖြစ်​ရ​မည်​။ သင်​တို့​ဘိုးဘေး​တို့​၏​အမျိုးအနွယ်​အလိုက် အမွေဆက်ခံ​ကြ​ရ​မည်​။


ဤ​ပြည်​ကို အစ္စရေး​အမျိုးအနွယ်​ကိုး​နွယ်​နှင့် မနာရှေ​မျိုးနွယ်​တစ်ဝက်​တို့​ကို အမွေ​ခွဲဝေ​ပေး​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


ဤရွေ့ကား ရှိလော​အရပ်​၊ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၊ ထာဝရဘုရား​ရှေ့​တော်​တွင် ယဇ်ပုရောဟိတ်​ဧလာဇာ​၊ နုန်​၏​သား​ယောရှု​၊ အစ္စရေး​အမျိုးအနွယ်​တို့​၏​ခေါင်းဆောင်​တို့​က မဲချ​ခွဲဝေ​ပေး​သော​အမွေမြေ​များ ဖြစ်​၏​။ ဤသို့ဖြင့် ပြည်​ကို​ခွဲဝေယူ​ခြင်း​အမှု ပြီးစီး​လေ​၏​။


ဤသို့ဖြင့် အစ္စရေး​လူမျိုး​တို့​၏​ဘိုးဘေး​တို့​အား ဤ​ပြည်​ကို ပေး​မည်​ဟု ကျိန်ဆို​ခဲ့​သည့်​အတိုင်း ထာဝရဘုရား​သည် ပြည်​တစ်ပြည်လုံး​ကို သူ​တို့​အား​ပေး​သဖြင့် သူ​တို့​သည် ထို​ပြည်​ကို သိမ်းပိုက်​၍​နေထိုင်​ကြ​လေ​၏​။


ကြည့်​ပါ​။ ဂျော်ဒန်​မြစ်​မှစ၍ အနောက်ဘက် မြေထဲပင်လယ်​တိုင်အောင် ငါ​သုတ်သင်​ဖယ်ရှား​ခဲ့​သော​လူမျိုး​အပါအဝင် ကျန်နေ​သေး​သော​လူမျိုး​တို့​၏​ပြည်​ကို သင်​တို့​၏​အမျိုးအနွယ်​များ​အား အမွေ​အဖြစ် ငါ​မဲချ​ခွဲဝေ​ပေး​ခဲ့​ပြီ​။