သူတို့သည် သစ်ပင်ထူထပ်သောအရပ်တွင် ပုဆိန်ကိုဝှေ့ယမ်းသောသူကဲ့သို့ဖြစ်ပြီး
သစ်ခုတ်သမားများသည်ပုဆိန်ဖြင့်သစ်ပင်များကို ခုတ်လှဲသကဲ့သို့
ထူ ထပ် သော တော အုပ် ကို၊ ပု ဆိန် နှင့် ထွင် သ ကဲ့ သို့၊
လိမ္မာသောသူသည် ထူထပ်သောတောကို ပုဆိန်နှင့် ခုတ်သကဲ့သို့၊
ထို့ကြောင့် အကျွန်ုပ်အဖို့ လက်ဘနွန်တောင်မှ သစ်ကတိုးပင်များကို ခုတ်ပေးကြရန် အမိန့်ထုတ်ပြန်ပါ။ အကျွန်ုပ်၏အမှုထမ်းတို့သည် မင်းကြီး၏အမှုထမ်းတို့နှင့်အတူ အလုပ်လုပ်ကြပါလိမ့်မည်။ မင်းကြီး၏အမှုထမ်းတို့အတွက် လုပ်အားခကိုလည်း မင်းကြီးဆိုသည့်အတိုင်း ပေးပါမည်။ မင်းကြီးသိတော်မူသည့်အတိုင်း အကျွန်ုပ်တွင် ဆီဒုန်လူမျိုးတို့ကဲ့သို့ သစ်ခုတ်ကျွမ်းကျင်သူ မရှိပါ”ဟု မှာကြားလိုက်လေ၏။
သူ့မိခင်မှာ ဒန်အမျိုးသမီး၊ သူ့ဖခင်မှာ တိုင်ရာမြို့သားဖြစ်၏။ သူသည် ရွှေငွေ၊ ကြေးနီ၊ သံတို့ကို သွန်းလုပ်သောအတတ်၊ ကျောက်ဆစ်အတတ်၊ သစ်ထွင်းထုသောအတတ်၊ ခရမ်းရောင်အထည်၊ အပြာရောင်အထည်၊ ပိတ်ချောထည်၊ ကြက်သွေးရောင်အထည်တို့ကို ရက်လုပ်သောအတတ်၊ ကမ္ပည်းစာအမျိုးမျိုးရေးထိုးသောအတတ် စသည်တို့မှစ၍ အနုပညာလက်ရာအမျိုးမျိုးတို့ကို ကျွမ်းကျင်စွာလုပ်ဆောင်ပေးနိုင်သူဖြစ်၏။ သူသည် မင်းကြီး၏လက်မှုပညာသည်များ၊ မင်းကြီး၏ခမည်းတော် အကျွန်ုပ်၏သခင်ဒါဝိဒ်မင်းကြီး၏လက်မှုပညာသည်များနှင့်အတူ အလုပ်လုပ်လိမ့်မည်။