ပဋိညာဉ်တော်ကို ကြည့်ရှုဆင်ခြင်တော်မူပါ။ အကြောင်းမူကား ကမ္ဘာမြေကြီးပေါ်ရှိမှောင်မိုက်သောအရပ်တို့သည် ရက်စက်ကြမ်းကြုတ်မှုကျက်စားရာအရပ်သက်သက် ဖြစ်ပါ၏။
ကျွန်တော်မျိုးတို့နှင့်ကိုယ်တော်ရှင်ပြုထားသည့် ပဋိညာဉ်တော်ကိုသတိရတော်မူပါ။ တိုင်းပြည်ရှိမှောင်ကျရာအရပ်တိုင်းတွင် အကြမ်းဖက်မှုရှိပါ၏။
မှောင် ကျ ရာ တိုင်း ပြည် များ တွင်၊ အ ဓ မ္မ မှု များ ပြား သည့် အ တွက်၊ ပ ဋိ ညာဉ် တော် ကို ထောက် ထား တော် မူ ပါ။
ပဋိညာဉ်တော်ကို ထောက်တော်မူပါ။ အကြောင်းမူကား၊ မြေကြီးပေါ်မှာ မှောင်မိုက်သောအရပ်တို့သည် လုယူညှဉ်းဆဲခြင်းနေရာသက်သက် ဖြစ်ကြပါ၏။
အကယ်စင်စစ် ငါ၏အမျိုးအနွယ်သည် ဘုရားသခင်ရှေ့တော်၌ ထိုသို့ဖြစ်သည်မဟုတ်လော။ ကိုယ်တော်သည် ထာဝရပဋိညာဉ်ကို ငါနှင့် ဖွဲ့တော်မူသည်မဟုတ်လော။ အလုံးစုံကို စီရင်တော်မူပြီဖြစ်၍ စိတ်ချလုံခြုံရပါ၏။ ငါ့ကို အကြွင်းမဲ့ကယ်တင်တော်မူပြီ။ အလုံးစုံသောဆန္ဒတို့ကို ဖြည့်ဆည်းပေးတော်မူပြီ။
ကိုယ်တော်သည် မိမိ၏ပဋိညာဉ်တော်ကို အစဉ်အမြဲအောက်မေ့တော်မူ၏။ ၎င်းမှာ မျိုးဆက်ပေါင်းတစ်ထောင်တို့အား မိန့်တော်မူထားသောစကားတော်၊
ထိုအခါ သူတို့အတွက် မိမိ၏ပဋိညာဉ်တော်ကို သတိရလျက် မိမိ၏ကြီးမားသော မေတ္တာကရုဏာတော်နှင့်အညီ စိတ်တော်ပြောင်းလဲ၍
အို ထာဝရဘုရား၊ အကျွန်ုပ်၏ရန်သူတို့ကြောင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းထဲ၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။ ကိုယ်တော်၏လမ်းကို အကျွန်ုပ်ရှေ့မှာ ဖြောင့်တန်းစေတော်မူပါ။
သူ့အပေါ်ထားရှိသည့် ငါ၏မေတ္တာကရုဏာကို ငါအစဉ်အမြဲစောင့်ထိန်းမည်။ သူနှင့်ပြုထားသောငါ၏ပဋိညာဉ်သည်လည်း မြဲမြံလိမ့်မည်။
ကိုယ်တော်၏အစေအပါးနှင့်ဖွဲ့တော်မူသော ပဋိညာဉ်ကိုပယ်ဖျက်၍ သူ၏ဘုန်းသရဖူကို မြေတိုင်အောင်ရှုတ်ချတော်မူပြီ။
ကိုယ်တော်၏နာမကိုထောက်၍ အကျွန်ုပ်တို့ကို ပစ်ပယ်တော်မမူပါနှင့်။ ကိုယ်တော်၏ဘုန်းအသရေပလ္လင်တော်ကို အသရေဖျက်တော်မမူပါနှင့်။ အကျွန်ုပ်တို့နှင့်ဖွဲ့သော ကိုယ်တော်၏ပဋိညာဉ်ကို အောက်မေ့တော်မူပါ၊ ပယ်ဖျက်တော်မမူပါနှင့်။
ထိုလူမျိုးသည် ထာဝရဘုရားမုန်းတော်မူသည့် စက်ဆုပ်ရွံရှာဖွယ်ရှိသမျှတို့ကို မိမိတို့ဘုရားများအတွက် ပြုကြ၏။ စင်စစ် သူတို့သည် မိမိတို့၏သားသမီးများကိုပင် သူတို့၏ဘုရားများအတွက် မီးရှို့ကြ၏။ သူတို့ပြုသကဲ့သို့ သင်၏ဘုရားသခင်ထာဝရဘုရားအတွက် မပြုရ။
ကိုယ်တော်၏အစေအပါး အာဗြဟံ၊ ဣဇက်၊ ယာကုပ် တို့ကိုအောက်မေ့တော်မူပါ။ ဤလူမျိုး၏ခေါင်းမာခြင်း၊ ဆိုးယုတ်ခြင်း၊ အပြစ်ပြုခြင်း တို့ကို မှတ်တော်မမူပါနှင့်။
ထာဝရဘုရားက “ထိုနေ့ရက်များနောက်တွင် အစ္စရေးအမျိုးနှင့် ငါပြုမည့်ပဋိညာဉ်ကား ဤသို့တည်း။ ငါသည် ငါ၏ပညတ်တရားတို့ကို သူတို့၏အသိဉာဏ်ထဲတွင် ထည့်သွင်း၍ သူတို့၏စိတ်နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်ပြီး သူတို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်ကြလိမ့်မည်။