ဆာလံ 7:3 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ အကယ်၍ အကျွန်ုပ်သည် ဤအမှုတို့ကိုပြုခဲ့သည်ဆိုလျှင် တစ်နည်းအားဖြင့် အကျွန်ုပ်လက်၌ မတရားမှုရှိခဲ့သည်ဆိုလျှင်၊ Common Language Bible ကျွန်တော်မျိုး၏ဘုရားသခင်ထာဝရဘုရား၊ အကယ်၍ကျွန်တော်မျိုးသည်တစ်စုံတစ်ယောက်ကိုပြစ်မှားမိခဲ့လျှင်သော်လည်းကောင်း၊ မိတ်ဆွေကိုသစ္စာဖောက်ခဲ့လျှင်သော်လည်းကောင်း၊ ရန်သူကိုအကြောင်းမဲ့အကျိုးနည်းစေခဲ့လျှင်သော်လည်းကောင်း Garrad Bible အ ကျွန်ုပ် ၏ ဘု ရား သ ခင်၊ အို ထာ ဝ ရ ဘု ရား၊ ဤ အ မှု ကို၊ အ ကျွန်ုပ် ပြု ကျင့် မိ သော် လည်း ကောင်း၊ အ ဓ မ္မ မှု ကို ဆုတ် ကိုင် မိ သော် လည်း ကောင်း၊ Judson Bible အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ အကျွန်ုပ်သည် ထိုသို့ပြုသော်လည်းကောင်း၊ အကျွန်ုပ်လက်မှာ အဓမ္မအမှုရှိသော်လည်းကောင်း၊ |
များစွာသောနွားထီးတို့သည် အကျွန်ုပ်ကိုဝိုင်းထားကြပြီး ဗာရှန်နွားလားတို့သည် အကျွန်ုပ်ကိုဝိုင်းရံထားကြပါ၏။
အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ဓားဘေးမှလည်းကောင်း၊ အကျွန်ုပ်၏တစ်ခုတည်းသောအသက်ကို ခွေး၏လက်မှလည်းကောင်း ကယ်နုတ်တော်မူပါ။
အကြောင်းမူကား သူတို့သည် အကျွန်ုပ်၏အသက်ကိုသတ်ရန် ချောင်းမြောင်းကြပါ၏။ ခွန်အားကြီးသောသူတို့သည် အကျွန်ုပ်ကိုဆန့်ကျင်လျက် ပူးပေါင်းကြံစည်ကြပါ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်ကျူးလွန်သောအပြစ်ကြောင့် မဟုတ်ပါ။ အကျွန်ုပ်၏အပြစ်ကြောင့်လည်းမဟုတ်ပါ။
ငါ၏စိတ်နှလုံးထဲ၌ အပြစ်ဒုစရိုက်ကို ငါထွေးပိုက်ထားခဲ့လျှင် ဘုရားရှင်သည် နားညောင်းတော်မူလိမ့်မည်မဟုတ်။
“တန်ခိုးကြီးတော်မူသောအရှင် ဘုရားသခင်ထာဝရဘုရား၊ တန်ခိုးကြီးတော်မူသောအရှင် ဘုရားသခင်ထာဝရဘုရား သိတော်မူပါ၏။ အစ္စရေးလူမျိုးတို့ကိုလည်း သိစေတော်မူပါ။ ထာဝရဘုရားကိုပုန်ကန်မိလျှင်၊ ပြစ်မှားမိလျှင် ယနေ့ အကျွန်ုပ်တို့ကို ချမ်းသာခွင့်မပေးပါနှင့်။
သို့ဖြစ်၍ အရှင်နှင့်အကျွန်ုပ်သည် ထာဝရဘုရားရှေ့တွင် ပဋိညာဉ်ပြုထားကြပြီဖြစ်၍ အရှင်၏အစေအပါးကို သနားပါလော့။ အကျွန်ုပ်အပြစ်ပြုမိခဲ့လျှင် အရှင်ကိုယ်တိုင် အကျွန်ုပ်ကိုသတ်ပါ။ အဘယ်ကြောင့် အကျွန်ုပ်ကို အရှင့်ခမည်းတော်လက်သို့အပ်မည်နည်း”ဟု ဆို၏။
ရှောလုမင်းကြီးက “သင်နှင့် ယေရှဲ၏သားသည် ငါ့ကို အဘယ်ကြောင့် ပူးပေါင်းကြံစည်ကြသနည်း။ သင်သည် သူ့အား အစားအစာနှင့်ဓားကို ပေးခဲ့သည်သာမက ဘုရားသခင်ထံ၌လည်း မေးမြန်းပေးသောကြောင့် ယနေ့ သူသည် ငါ့ကို ထကြွပုန်ကန်၍ ချောင်းမြောင်းတိုက်ခိုက်လေပြီ”ဟု ဆို၏။
သင်တို့အားလုံးသည် ငါ့ကို ပူးပေါင်းကြံစည်ကြပြီ။ ငါ့သားနှင့်ယေရှဲ၏သားတို့ ကတိသစ္စာပြုကြသည်ကို ငါ့အား မည်သူမျှမပြောပြကြ။ ယခုကဲ့သို့ ငါ့အစေအပါးသည် ငါ့အား ချောင်းမြောင်းတိုက်ခိုက်ရန် ငါ့သားကိုယ်တိုင် သွေးထိုးပေးသည်ကိုလည်း မည်သူမျှ ငါ့အဖို့ ဝမ်းမနည်းကြ။ ငါ့အား မည်သူမျှမပြောပြကြ”ဟု ဆို၏။
အကျွန်ုပ်၏ဖခင်၊ ယခု အကျွန်ုပ်လက်ထဲမှ အရှင်မင်းကြီး၏ဝတ်လုံစကို သေသေချာချာကြည့်ပါ။ အရှင်မင်းကြီး၏ဝတ်လုံစွန်းကိုသာ ဖြတ်ခဲ့ပါ၏။ အရှင်မင်းကြီးကို မသတ်ခဲ့ပါ။ ထို့ကြောင့် အရှင်မင်းကြီးကို အကျွန်ုပ် မကောင်းမကြံ၊ မပုန်ကန်ကြောင်းကို သိမှတ်တော်မူပါ။ အကျွန်ုပ်သည် အရှင်မင်းကြီးကို မပြစ်မှားပါ။ သို့သော် အရှင်မင်းကြီးသည် အကျွန်ုပ်ကို လိုက်လံသတ်ဖြတ်နေပါ၏။
ဒါဝိဒ်က ရှောလုမင်းကြီးအား “ ‘ဒါဝိဒ်သည် အရှင်မင်းကြီးကို မကောင်းကြံနေပါသည်’ဟု လူတို့ပြောသောစကားအား အဘယ်ကြောင့် နားယောင်ရပါသနည်း။