အကြောင်းမူကား ကိုယ်တော်၏အိမ်တော်အတွက် ထက်သန်သောစိတ်သည် အကျွန်ုပ်ကိုလွှမ်းမိုးလျက်ရှိပါ၏။ ကိုယ်တော်ကိုကဲ့ရဲ့ပြစ်တင်သောသူတို့၏ ကဲ့ရဲ့ပြစ်တင်သောစကားသည် အကျွန်ုပ်အပေါ်သို့ကျရောက်ပါ၏။
ကိုယ်တော်ရှင်၏ဗိမာန်တော်ကိုစွဲလမ်းမှုသည် ကျွန်တော်မျိုး၏စိတ်အတွင်း၌မီးကဲ့သို့ ဟုန်းဟုန်းတောက်လောင်လျက်ရှိပါ၏။ ကိုယ်တော်ရှင်အားစော်ကားပြောဆိုသော စကားများသည်ကျွန်တော်မျိုးအားစော်ကား ပြောဆိုသောစကားများဖြစ်ပါ၏။
ဗိ မာန် တော် အ တွက် ထက် သန် ခြင်း စေ တ နာ သည်၊ အ ကျွန်ုပ် ကို ကျွမ်း ပါ၏။ ကိုယ် တော် ကို ကဲ့ ရဲ့ သူ တို့ ၏ ကဲ့ ရဲ့ ခြင်း များ သည်၊ အ ကျွန်ုပ် အ ပေါ် သို့ သင့် ရောက် ပါ ၏။
ကိုယ်တော်၏အိမ်တော်၌ စွဲလမ်းပူပန်ခြင်းစိတ်သည် အကျွန်ုပ်ကိုစားပါ၏။ ကိုယ်တော်ကို ကဲ့ရဲ့သော သူတို့၏စကားသည် အကျွန်ုပ်အပေါ်သို့ ရောက်ပါ၏။
ထိုအခါ သူက “အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအဖို့ အလွန်စိတ်အားထက်သန်သူဖြစ်ပါ၏။ အစ္စရေးအမျိုးသားတို့မူကား ကိုယ်တော်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြပြီး ကိုယ်တော်၏ယဇ်ပလ္လင်များကိုလည်း ဖြိုဖျက်ကြပါပြီ။ ကိုယ်တော်၏ပရောဖက်များကိုလည်း ဓားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တစ်ဦးတည်းသာ ကျန်ခဲ့ပါ၏။ ယခုလည်း အကျွန်ုပ်ကိုသတ်ရန် လိုက်ရှာကြပါ၏”ဟု ပြန်လျှောက်၏။
ထို့ပြင် ငါ၏ဘုရားသခင့်အိမ်တော်ကို မြတ်နိုးလှသဖြင့် အထက်က သန့်ရှင်းသောအိမ်တော်အဖို့ ငါပြင်ဆင်ပေးထားသည့်အရာအားလုံးသာမက ငါပိုင်ဆိုင်သောရတနာရွှေငွေတို့ကိုလည်း ငါ၏ဘုရားသခင့်အိမ်တော်အဖို့ ပေးလှူခဲ့ပြီ။
ငါ့ညီအစ်ကိုတို့ကို ငါနှင့် ဝေးကွာစေတော်မူပြီ။ ငါနှင့်သိကျွမ်းသောသူတို့သည်လည်း ငါ့ကို ကျောခိုင်းသွားကြပြီ။
အကျွန်ုပ်၏ရန်သူတို့သည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို မေ့လျော့ကြသောကြောင့် အကျွန်ုပ်၏စိတ်အားထက်သန်ခြင်းသည် အကျွန်ုပ်ကိုဖိစီးလွှမ်းမိုးလျက်ရှိပါ၏။
အကျွန်ုပ်အသက်ကိုရန်ရှာသောသူတို့သည် အကျွန်ုပ်ကိုထောင်ဖမ်းကြပါ၏။ အကျွန်ုပ်ဒုက္ခရောက်ရန်ရှာကြံသောသူတို့သည် ပျက်စီးခြင်းအကြောင်းများပြောဆို၍ လိမ်လည်လှည့်ဖြားမှုများကို တစ်နေ့လုံးကြံစည်ကြပါ၏။
လမ်း၌ဖြတ်သွားသောသူအပေါင်းတို့သည် သူ့ကိုတိုက်ခိုက်လုယက်ကြပါပြီ။ သူသည် မိမိအိမ်နီးချင်းတို့အတွက် ကဲ့ရဲ့ပြစ်တင်စရာဖြစ်ရပါပြီ။
အဘယ်ကြောင့်ဆိုသော် “ကိုယ်တော်ကိုကဲ့ရဲ့ပြစ်တင်သောသူတို့၏ကဲ့ရဲ့ပြစ်တင်သောစကားသည် အကျွန်ုပ်အပေါ်သို့ ကျရောက်ပါ၏”ဟု ကျမ်းစာ၌ရေးထားသည်နှင့်အညီ ခရစ်တော်ပင်လျှင် မိမိနှစ်သက်သည့်အတိုင်းပြုတော်မမူခဲ့ပေ။