လှည့်ဖြားတတ်သောအကျွန်ုပ်၏ရန်သူတို့သည် အကျွန်ုပ်အကြောင်းကြောင့် ဝမ်းမြောက်ရသောအခွင့်မရကြပါစေနှင့်။ အကျွန်ုပ်ကို အကြောင်းမဲ့မုန်းသောသူတို့သည်လည်း မျက်စိမှိတ်ပြရသောအခွင့်မရကြပါစေနှင့်။
ဆာလံ 69:4 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်ကို အကြောင်းမဲ့မုန်းသောသူတို့သည် အကျွန်ုပ်၏ဦးခေါင်းပေါ်ရှိဆံပင်များထက် ပို၍များပြားကြပါ၏။ အကျွန်ုပ်ကိုဖယ်ရှားသုတ်သင်လိုသည့် လှည့်ဖြားတတ်သော အကျွန်ုပ်၏ရန်သူတို့သည် အားကြီးကြပါ၏။ အကျွန်ုပ်မလုယူခဲ့သည့်အရာကို အကျွန်ုပ်ပြန်ပေးရပါမည်လော။ Common Language Bible ကျွန်တော်မျိုးအားအကြောင်းမဲ့မုန်းသော သူတို့၏အရေအတွက်သည်ကျွန်တော်မျိုး ဦးခေါင်းမှဆံပင်ထက်ပို၍များပါ၏။ လိမ်လည်ပြောဆို၍ကျွန်တော်မျိုးအား ရန်ဘက်ပြုသူတို့သည်ခွန်အားကြီးကြပါ၏။ ကျွန်တော်မျိုးအားသတ်ဖြတ်လိုကြပါ၏။ သူတို့အားကျွန်တော်မျိုးမခိုးမယူသည့် ပစ္စည်းဥစ္စာများကိုပြန်၍ပေးရပါ၏။ Garrad Bible အ ကြောင်း မဲ့ မုန်း ထား သူ တို့ သည်၊ အ ကျွန်ုပ် ဆံ ပင် ထက် များ လှ ၍၊ အ မှတ် မဲ့ ပယ် ရှား မည့် ရန် ဘက် တို့ သည်၊ ခွန် အား ကြီး လျက်၊ အ ကျွန်ုပ် မ လု ယူ သော ပ စ္စည်း ကြောင့် လျော် စေ ကြ ပါ ၏။ Judson Bible အကြောင်းမရှိဘဲ အကျွန်ုပ်ကို မုန်းသောသူတို့သည် အကျွန်ုပ်၏ဆံပင်ထက် များကြပါ၏။ မဟုတ်မမှန်ဘဲ အကျွန်ုပ်ကို ရန်ဘက်ပြု၍ ဖျက်ဆီးသောသူတို့သည် ခွန်အားကြီးကြပါ၏။ ထိုအခါ အကျွန်ုပ်သည် မယူသောဥစ္စာကိုပင် ပြန်ပေးရပါ၏။ |
လှည့်ဖြားတတ်သောအကျွန်ုပ်၏ရန်သူတို့သည် အကျွန်ုပ်အကြောင်းကြောင့် ဝမ်းမြောက်ရသောအခွင့်မရကြပါစေနှင့်။ အကျွန်ုပ်ကို အကြောင်းမဲ့မုန်းသောသူတို့သည်လည်း မျက်စိမှိတ်ပြရသောအခွင့်မရကြပါစေနှင့်။
အကြောင်းမူကား မရေမတွက်နိုင်သောဘေးအန္တရာယ်များသည် အကျွန်ုပ်ကိုဝန်းရံလျက်ရှိကြပါ၏။ အကျွန်ုပ်၏ဒုစရိုက်များသည် အကျွန်ုပ်ကိုဖုံးလွှမ်းသဖြင့် အကျွန်ုပ်ဘာမျှ မမြင်နိုင်တော့ပါ။ ၎င်းတို့သည် အကျွန်ုပ်၏ဦးခေါင်းမှဆံပင်များထက် များပြား၍ အကျွန်ုပ်၏စိတ်နှလုံးသည် အားလျော့ပါပြီ။
အကြောင်းမူကား သူတို့သည် အကျွန်ုပ်၏အသက်ကိုသတ်ရန် ချောင်းမြောင်းကြပါ၏။ ခွန်အားကြီးသောသူတို့သည် အကျွန်ုပ်ကိုဆန့်ကျင်လျက် ပူးပေါင်းကြံစည်ကြပါ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်ကျူးလွန်သောအပြစ်ကြောင့် မဟုတ်ပါ။ အကျွန်ုပ်၏အပြစ်ကြောင့်လည်းမဟုတ်ပါ။
အကျွန်ုပ်၏မျက်စိသည် ပူဆွေးခြင်းကြောင့်အားယုတ်၍ အကျွန်ုပ်၏ရန်သူအပေါင်းတို့ကြောင့် မှုန်ဝါးသွားပါ၏။
ဤသို့ဖြစ်ခြင်းမှာ သူတို့၏ပညတ်တရားကျမ်း၌ ‘ထိုသူတို့သည် အကြောင်းမဲ့ ငါ့ကိုမုန်းကြ၏’ဟု ရေးထားသောစကား ပြည့်စုံစေရန်ဖြစ်၏။
ဘုရားသခင်သည် အပြစ်ကင်းစင်သောအရှင်ကို ငါတို့အတွက် အပြစ်ဖြစ်သွားစေတော်မူ၏။ ဤသည်ကား ငါတို့သည် ထိုအရှင်အားဖြင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်လာမည့်အကြောင်းတည်း။
ငါတို့သည် အပြစ်အရာ၌ သေဆုံး၍ ဖြောင့်မတ်ခြင်းအရာ၌ အသက်ရှင်မည့်အကြောင်း ကိုယ်တော်သည် သစ်တိုင်ပေါ်တွင် ငါတို့အပြစ်များကို မိမိ၏ကိုယ်ခန္ဓာ၌ ကိုယ်တော်တိုင်ဆောင်ယူတော်မူ၏။ သင်တို့သည် ကိုယ်တော်၏ဒဏ်ချက်တော်အားဖြင့် အနာရောဂါပျောက်ကင်းခြင်းအခွင့်ကိုရရှိကြ၏။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည်လည်း အပြစ်အတွက် တစ်ကြိမ်တည်းနှင့်အပြီး ဒုက္ခဝေဒနာခံစားတော်မူ၏။ သင်တို့ကို ဘုရားသခင်ထံတော်သို့ပို့ဆောင်မည့်အကြောင်း ဖြောင့်မတ်သောအရှင်သည် မဖြောင့်မတ်သောသူတို့ကိုယ်စား ဒုက္ခဝေဒနာခံစားတော်မူ၏။ ကိုယ်တော်သည် ကိုယ်ကာယ၌ အမှန်ပင်အသေခံသော်လည်း ဝိညာဉ်တော်၌မူကား အသက်ရှင်စေခြင်းကိုခံတော်မူလျက်