ဇိအုန်တောင်၌ကြွင်းကျန်သောသူ၊ ဂျေရုဆလင်မြို့၌ကျန်ရစ်သောသူ စသည့် ဂျေရုဆလင်မြို့တွင်အသက်ရှင်သောသူတို့စာရင်း၌ ရေးမှတ်ထားသောသူအားလုံးသည် သန့်ရှင်းသူဟု ခေါ်ဝေါ်ခြင်းခံကြရလိမ့်မည်။
ဆာလံ 69:28 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် အသက်စာစောင်မှ ပယ်ဖျက်ခြင်းခံရ၍ ဖြောင့်မတ်သောသူတို့ထဲတွင် စာရင်းဝင်ခြင်းမရှိပါစေနှင့်။ Common Language Bible သူတို့၏နာမည်များသည်အသက်ရှင်သူများ စာရင်းစာစောင်မှပယ်ဖျက်ခြင်းခံရပါစေသော။ သူတို့သည်ကိုယ်တော်ရှင်၏လူစုတော်တွင် စာရင်းမဝင်သူများဖြစ်ကြပါစေ သော။ Garrad Bible အ သက် စာ ရင်း၌၊ သူ တို့ အ မည် များ ကို ချေ၍၊ ဖြောင့် မတ် သူ တို့ နှင့် အ တူ စာ ရင်း ဝင် ခွင့် မ ရ ကြ ပါ စေ နှင့်။ Judson Bible အသက်ရှင်သောသူတို့စာရင်း၌ သူတို့နာမည်များကိုချေ၍၊ ဖြောင့်မတ်သောသူတို့နှင့်အတူ မရေးမမှတ်ပါစေနှင့်။ |
ဇိအုန်တောင်၌ကြွင်းကျန်သောသူ၊ ဂျေရုဆလင်မြို့၌ကျန်ရစ်သောသူ စသည့် ဂျေရုဆလင်မြို့တွင်အသက်ရှင်သောသူတို့စာရင်း၌ ရေးမှတ်ထားသောသူအားလုံးသည် သန့်ရှင်းသူဟု ခေါ်ဝေါ်ခြင်းခံကြရလိမ့်မည်။
မြေကြီးပေါ်၌ မိမိကိုယ်မိမိ ကောင်းချီးပေးသောသူသည် သစ္စာရှိသောဘုရားသခင်ကိုအမှီပြု၍ ကောင်းချီးပေးလိမ့်မည်။ မြေကြီးပေါ်၌ကျိန်ဆိုသောသူသည်လည်း သစ္စာရှိသောဘုရားသခင်ကိုတိုင်တည်၍ ကျိန်ဆိုလိမ့်မည်။ အကယ်စင်စစ် ယခင်ဆင်းရဲဒုက္ခတို့ကို ငါမေ့လျော့ပြီ။ ငါ့မျက်မှောက်မှ ကွယ်ပျောက်ပြီ။
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘မဟုတ်မမှန်သောနိမိတ်ကိုမြင်၍ ဂမ္ဘီရအတတ်ဖြင့် လိမ်ညာပြောဆိုသော ပရောဖက်တို့ကို ငါဆန့်ကျင်မည်။ သူတို့သည် ငါ့လူမျိုးတော်အစုအဝေးထဲတွင် မနေရ။ အစ္စရေးအမျိုးအနွယ်စာရင်းတွင် သူတို့မပါဝင်ရ။ အစ္စရေးပြည်သို့ ပြန်လာရမည်မဟုတ်။ သို့မှ ငါသည် ဘုရားရှင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်။
ထိုအခါ ထာဝရဘုရားက “ဤသားအမည်ကို လောအမ္မိဟု မှည့်ခေါ်လော့။ အကြောင်းမှာ သင်တို့သည် ငါ၏လူမျိုးတော်မဟုတ်။ ငါသည်လည်း သင်တို့၏ဘုရားသခင်မဟုတ်”ဟု မိန့်တော်မူ၏။
သို့သော် နတ်ဆိုးတို့သည် သင်တို့ကိုနာခံကြသည့်အတွက် ဝမ်းမြောက်ခြင်းမရှိကြနှင့်။ သင်တို့၏နာမည်များကို ကောင်းကင်၌ရေးမှတ်ထားသည့်အတွက် ဝမ်းမြောက်ကြလော့”ဟု မိန့်တော်မူ၏။
အချင်းစစ်မှန်သောရဲဘော်ရဲဘက်၊ ထိုအမျိုးသမီးတို့ကို ကူညီမစရန် သင့်ကိုလည်း ငါတောင်းပန်၏။ သူတို့သည် အသက်စာစောင်တွင် နာမည်ပါသူများဖြစ်ကြသည့် ကလေမင်မှစ၍ အခြားသောငါ၏လုပ်ဖော်ဆောင်ဖက်များနှင့်တကွ ကောင်းမြတ်သောသတင်းအတွက် ငါနှင့်အတူလက်တွဲလုပ်ဆောင်ခဲ့သူများဖြစ်ကြ၏။
ကောင်းကင်ဘုံစာရင်းဝင်သော သားဦးတို့၏အသင်းတော်သို့လည်းကောင်း၊ လူအပေါင်းတို့ကိုတရားစီရင်တော်မူသော ဘုရားသခင်ထံသို့လည်းကောင်း၊ စုံလင်ခြင်းသို့ရောက်သည့် ဖြောင့်မတ်သောသူတို့၏ဝိညာဉ်များထံသို့လည်းကောင်း၊
အသေသတ်ခြင်းခံရသည့် သိုးသငယ်တော်၏အသက်စာစောင်၌ ကမ္ဘာဦးမှစ၍ အမည်မရေးထားသော ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်သူအားလုံးတို့သည် ထိုသားရဲကို ကိုးကွယ်ကြလိမ့်မည်။
မည်သူမဆို ဤပရောဖက်ပြုဟောပြောသောစာစောင်ထဲမှ စကားလုံးများကိုနုတ်ပယ်လျှင် ဤစာစောင်၌ရေးထားသောအသက်ပင်မှလည်းကောင်း၊ သန့်ရှင်းသောမြို့တော်မှလည်းကောင်း ထိုသူရမည့်ဝေစုကို ဘုရားသခင်သည်နုတ်ပယ်တော်မူလိမ့်မည်။
အောင်မြင်သောသူသည် ထိုကဲ့သို့ပင် ဖြူသောဝတ်ရုံကိုဝတ်ဆင်ရလိမ့်မည်။ ငါသည်လည်း သူ၏နာမည်ကို အသက်စာစောင်မှ လုံးဝပယ်ဖျက်မည်မဟုတ်။ ငါသည် သူ၏နာမည်ကို ငါ့ခမည်းတော်ရှေ့၌လည်းကောင်း၊ ကိုယ်တော်၏ကောင်းကင်တမန်များရှေ့၌လည်းကောင်း ဝန်ခံမည်။