အသီးအနှံဖြစ်ထွန်းသောမြေကို ဆားမြေအဖြစ်သို့လည်းကောင်း ပြောင်းလဲစေတော်မူ၏။ ထိုသို့ပြုတော်မူခြင်းမှာ ထိုအရပ်၌နေထိုင်သောသူတို့၏မကောင်းမှုကြောင့်ဖြစ်၏။
ဆာလံ 68:7 - မြန်မာ့စံမီသမ္မာကျမ်း အို ဘုရားသခင်၊ ကိုယ်တော်သည် မိမိလူမျိုးတော်၏ရှေ့မှကြွပြီး ကန္တာရမြေကိုကျော်ဖြတ်ချီတက်တော်မူသောအခါ(စေလာ) Common Language Bible အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား လမ်းပြပို့ဆောင်ကာတောကန္တာရကိုဖြတ်၍ ချီတက်တော်မူသောအခါ၌ Garrad Bible အို ဘု ရား သ ခင်၊ လူ မျိုး တော် ကို ဦး တည် လျက်၊ သဲ က န္တာ ရ၌ ချီ ကြွ တော် မူ သော အ ခါ၊ Judson Bible အို ဘုရားသခင်၊ ကိုယ်တော်၏လူစုရှေ့မှာကြွ၍၊ တော၌ချီတော်မူသောအခါ၊ |
အသီးအနှံဖြစ်ထွန်းသောမြေကို ဆားမြေအဖြစ်သို့လည်းကောင်း ပြောင်းလဲစေတော်မူ၏။ ထိုသို့ပြုတော်မူခြင်းမှာ ထိုအရပ်၌နေထိုင်သောသူတို့၏မကောင်းမှုကြောင့်ဖြစ်၏။
နှိပ်စက်ခြင်းခံရသောသူတို့အတွက် တရားမျှတမှုကိုဆောင်ကြဉ်းပေး၍ ဆာလောင်မွတ်သိပ်သောသူတို့အား အစားအစာကိုပေးတော်မူ၏။ ထာဝရဘုရားသည် ချုပ်ထားခြင်းခံရသောသူတို့ကို လွှတ်ပေးတော်မူ၏။
နေ့အချိန်၌ဖြစ်စေ၊ ညအချိန်၌ဖြစ်စေ ခရီးသွားနိုင်မည့်အကြောင်း ထာဝရဘုရားသည် လမ်းခရီးတွင် သူတို့ကိုပို့ဆောင်ရန် နေ့အချိန်၌ မိုးတိမ်တိုင်အဖြစ်လည်းကောင်း၊ ညအချိန်၌ သူတို့ကိုအလင်းပေးရန် မီးတိုင်အဖြစ်လည်းကောင်း သူတို့၏ရှေ့မှ ကြွတော်မူ၏။
ဘုရားရှင်ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောရန် ထာဝရဘုရားသည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ စိတ်နှလုံးကြေကွဲသောသူတို့ကို ဖြေသိမ့်ပေးရန်၊ ဖမ်းဆီးချုပ်နှောင်ခံရသူတို့အား လွတ်မြောက်ခြင်းတရားကိုဟောပြောရန်၊ အကျဉ်းချခံရသောသူတို့အား လွတ်ငြိမ်းခြင်းတရားဟောပြောရန် ငါ့ကိုစေလွှတ်တော်မူပြီ။
ထိုးဖောက်သွားမည့်သူသည် သူတို့ရှေ့မှကြွမည်။ သူတို့လည်း မြို့တံခါးကိုဖြိုဖျက်ပြီး ထိုတံခါးမှ ဖြတ်သွားကြမည်။ သူတို့၏ရှင်ဘုရင်သည် သူတို့ရှေ့မှကြွမည်။ ထာဝရဘုရားသည် သူတို့ကိုဦးဆောင်တော်မူမည်။”
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်၌ သင်တို့မျက်မှောက်တွင် ပြုတော်မူသောအမှုအပေါင်းတို့ကဲ့သို့ မည်သည့်ဘုရားတစ်ပါးပါးက စုံစမ်းမှုပြုလျက်၊ နိမိတ်လက္ခဏာပြလျက်၊ အံ့ဖွယ်အမှုပြုလျက်၊ စစ်တိုက်လျက်၊ အားကြီးသောလက်နှင့် လက်ရုံးကိုဆန့်လျက်၊ ကြောက်မက်ဖွယ်အမှုကြီးများပြုလျက် မိမိအဖို့ လူမျိုးတစ်မျိုးကို အခြားလူမျိုးတစ်မျိုးမျိုးထဲမှ သွား၍ထုတ်ဆောင်ရန် ကြိုးပမ်းဖူးသလော။
ဒေဗောရက ဗာရက်အား “ဤနေ့ကား သိသရကို သင့်လက်သို့ ထာဝရဘုရား အပ်တော်မူသောနေ့ ဖြစ်၏။ ထာဝရဘုရားသည် သင့်ရှေ့မှချီတော်မူသည်မဟုတ်လော”ဟု ဆိုသော် ဗာရက်သည် လူတစ်သောင်းနှင့်အတူ တာဗော်တောင်မှဆင်းသွားကြ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် စိရတောင်ပေါ်မှ ကြွတော်မူသောအခါ၊ ဧဒုံပြည်မှ ချီတော်မူသောအခါ မြေကြီးတုန်ခါပါ၏၊ ကောင်းကင်မှ မိုးရွာသွန်းပါ၏၊ တိမ်တိုက်မှလည်း မိုးရွာသွန်းပါ၏။