ဒါဝိဒ်မင်းကြီးနှင့် အစ္စရေးလူမျိုးအပေါင်းတို့သည် ဘုရားသခင်ရှေ့တော်တွင် စောင်းကောက်၊ စောင်းပြား၊ ပတ်သာ၊ လင်းကွင်း၊ တံပိုးခရာတို့ကို တီးမှုတ်လျက် အားရပျော်မြူးစွာသီချင်းဆိုကြ၏။
ဆာလံ 68:24 - မြန်မာ့စံမီသမ္မာကျမ်း အို ဘုရားသခင်၊ ကိုယ်တော်နှင့်အတူ စီတန်းလှည့်လည်သွားသောလူတန်းတည်းဟူသော အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ရှင်ဘုရင်နှင့်အတူ သန့်ရှင်းရာဌာနတော်သို့ စီတန်းလှည့်လည်သွားသောလူတန်းကို လူတို့မြင်ရကြပါ၏။ Common Language Bible အို ဘုရားသခင်၊ ကိုယ်တော်ရှင်အောင်စစ်ချီတော်မူခြင်း၊ ကျွန်တော်မျိုး၏အရှင်ဘုရားသခင်သည် သန့်ရှင်းရာဌာနတော်သို့ကြွဝင်တော်မူခြင်းကို လူပေါင်းတို့တွေ့မြင်ကြပါ၏။ Garrad Bible အို ဘု ရား သ ခင်၊ သန့် ရှင်း ရာ ဌာ န တော် ထဲ သို့ ကြွ ဝင် တော် မူ ခြင်း၊ အ ကျွန်ုပ် ဘု ရား၊ အ ကျွန်ုပ် ဘု ရင် ကြွ ဝင် တော် မူ ခြင်း ကို မြင် ကြ ပါ ပြီ။ Judson Bible အို ဘုရားသခင်၊ သန့်ရှင်းရာဌာနသို့ ကိုယ်တော်ကြွတော်မူခြင်း၊ အကျွန်ုပ်၏ ဘုရားသခင်၊ အကျွန်ုပ်၏ ရှင်ဘုရင် ကြွတော်မူခြင်းကို မြင်ရကြပါပြီ။ |
ဒါဝိဒ်မင်းကြီးနှင့် အစ္စရေးလူမျိုးအပေါင်းတို့သည် ဘုရားသခင်ရှေ့တော်တွင် စောင်းကောက်၊ စောင်းပြား၊ ပတ်သာ၊ လင်းကွင်း၊ တံပိုးခရာတို့ကို တီးမှုတ်လျက် အားရပျော်မြူးစွာသီချင်းဆိုကြ၏။
ထိုအခါ လူတို့က “ဖြောင့်မတ်သောသူသည် ဆုလာဘ်ကို အမှန်ပင်ခံရ၏။ ကမ္ဘာမြေကြီးကို တရားစီရင်တော်မူသော ဘုရားသခင်သည် အမှန်ပင်ရှိတော်မူ၏”ဟု ဆိုကြလိမ့်မည်။
သို့ဖြစ်၍ အကျွန်ုပ်သည် ကိုယ်တော်၏အစွမ်းသတ္တိနှင့် ကိုယ်တော်၏ဘုန်းအသရေတို့ကိုတွေ့မြင်ရရန် ကိုယ်တော်ကို သန့်ရှင်းရာဌာနတော်၌ဖူးမြော်ခဲ့ပါ၏။