အကယ်စင်စစ် အကျွန်ုပ်သည် ဟေဗြဲပြည်မှ အတင်းအကျပ်ခေါ်ဆောင်လာခြင်းခံခဲ့ရပါ၏။ ဤအရပ်၌လည်း အကျွန်ုပ်သည် အမှားတစ်စုံတစ်ရာမပြုခဲ့ဘဲ အကျွန်ုပ်ကို ဤမြေအောက်အကျဉ်းခန်းထဲ၌ထည့်ထားကြပါ၏”ဟု ဆိုလေ၏။
ဆာလံ 59:4 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်၌ ဒုစရိုက်မရှိဘဲလျက် သူတို့သည် ပြေးလာ၍ အသင့်ပြင်ထားကြပါ၏။ အကျွန်ုပ်ကိုမစရန် နိုးကြွ၍ကြည့်ရှုတော်မူပါ။ Garrad Bible ခွန် အား ကြီး သူ တို့ သည်၊ အ ကျွန်ုပ် အ သက် ကို ချောင်း မြောင်း လျက် စု ရုံး ကြ ပါ၏။ ပြစ် မှု လည်း မ ဟုတ် ဘဲ၊ ခင်း ကျင်း ပြေး ဝင် လျက် နေ ကြ ပါ ပြီ။ အ ကျွန်ုပ် ကို စစ် ကူ ရန် နိုး ထ ကြည့် ရှု တော် မူ ပါ။ Judson Bible အကျွန်ုပ်၌ အပြစ်မရှိဘဲ သူတို့သည်ပြေးလာ၍ ပြင်ဆင်ကြပါ၏။ အကျွန်ုပ်ကို ကူမခြင်းငှာ နိုးတော်မူပါ။ ကြည့်ရှုတော်မူပါ။ |
အကယ်စင်စစ် အကျွန်ုပ်သည် ဟေဗြဲပြည်မှ အတင်းအကျပ်ခေါ်ဆောင်လာခြင်းခံခဲ့ရပါ၏။ ဤအရပ်၌လည်း အကျွန်ုပ်သည် အမှားတစ်စုံတစ်ရာမပြုခဲ့ဘဲ အကျွန်ုပ်ကို ဤမြေအောက်အကျဉ်းခန်းထဲ၌ထည့်ထားကြပါ၏”ဟု ဆိုလေ၏။
လှည့်ဖြားတတ်သောအကျွန်ုပ်၏ရန်သူတို့သည် အကျွန်ုပ်အကြောင်းကြောင့် ဝမ်းမြောက်ရသောအခွင့်မရကြပါစေနှင့်။ အကျွန်ုပ်ကို အကြောင်းမဲ့မုန်းသောသူတို့သည်လည်း မျက်စိမှိတ်ပြရသောအခွင့်မရကြပါစေနှင့်။
အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏အရှင်၊ တရားမျှတမှုကိုအကျွန်ုပ်ရရှိရန်နှင့် အကျွန်ုပ်၏အမှုကိစ္စအတွက် နိုးကြွ၍ထတော်မူပါ။
အို ဘုရားရှင်၊ နိုးတော်မူပါ။ အဘယ်ကြောင့် ကျိန်းစက်နေတော်မူသနည်း။ ထတော်မူပါ။ အကျွန်ုပ်တို့ကို အစဉ်ငြင်းပယ်တော်မမူပါနှင့်။
လိမ်လည်ပြောဆိုသောသူတို့ကိုဖျက်ဆီးတော်မူ၏။ ထာဝရဘုရားသည် လူအသက်ကိုသတ်သောသူနှင့် လိမ်လည်လှည့်ဖြားသောသူတို့ကို စက်ဆုပ်ရွံရှာတော်မူ၏။
သူတို့သည် ထိုအပြစ်ဒုစရိုက်နှင့်ပင် လွတ်မြောက်ကြမည်လော။ အို ဘုရားသခင်၊ အမျက်တော်အားဖြင့် လူမျိုးတို့ကို နိမ့်ကျစေတော်မူပါ။
အကြောင်းမူကား သူတို့၏ခြေသည် မကောင်းမှုပြုရာသို့ပြေးသွား၍ သူတို့သည် လူကိုသတ်ဖြတ်ရန် လျင်မြန်ကြ၏။
အို ထာဝရဘုရား၏လက်ရုံးတော်၊ နိုးထတော်မူပါ။ နိုးထတော်မူပါ။ ခွန်အားကိုဆင်ယင်တော်မူပါ။ ရှေးကာလနေ့ရက်များကကဲ့သို့၊ ရှေးလွန်လေပြီးသောမျိုးဆက်တို့ခေတ်ကကဲ့သို့ နိုးထတော်မူပါ။ ရာဟပ်ကိုခုတ်ဖြတ်သောသူ၊ မြွေနဂါးကိုထိုးဖောက်သောသူသည် ကိုယ်တော်ပင်မဟုတ်လော။
သူတို့ခြေသည် မကောင်းမှုရှိရာသို့ ပြေးသွားတတ်၏။ သူတို့သည် အပြစ်မဲ့သောသူအား သတ်ဖြတ်ရန် လျင်မြန်၏။ သူတို့၏အကြံသည် မကောင်းသောအကြံဖြစ်၏။ သူတို့သွားရာလမ်း၌ ပျက်စီးပြိုပျက်ခြင်းရှိ၏။
သို့ဖြစ်၍ ယခု အရှင်တို့သည် တရားလွှတ်တော်အဖွဲ့နှင့်အတူ ပေါလု၏အမှုကို ပို၍တိကျစွာစစ်ဆေးလိုဟန်ပြုလျက် သူ့ကို အရှင်တို့ထံသို့ခေါ်ဆောင်လာရန်တပ်မှူးကြီးအား လျှောက်ထားကြပါ။ အကျွန်ုပ်တို့သည် ဤနေရာသို့ သူမရောက်လာမီ သူ့ကိုသတ်ရန် အသင့်ရှိနေပါမည်”ဟု ပြောကြားကြ၏။
ထို့နောက် ယောနသန်သည် ခမည်းတော်ရှောလုမင်းကြီးအား ဒါဝိဒ်၏ကောင်းကြောင်းကို ပြောပြလျက် “အရှင်မင်းကြီး၊ အရှင်၏အမှုထမ်းဒါဝိဒ်ကို မပြစ်မှားပါနှင့်။ သူသည် အရှင်မင်းကြီးကို မပြစ်မှားပါ။ သူလုပ်ဆောင်သမျှသည် အရှင့်အဖို့ အကျိုးကြီးလှပါ၏။