သူတို့သည် စိတ်နှလုံးထဲ၌ မကောင်းမှုများကို ကြံစည်လျက် စစ်ပွဲများဖြစ်ပွားအောင် နေ့စဉ်နေ့တိုင်း ပူးပေါင်းကြံစည်တတ်ကြပါ၏။
ဆာလံ 59:3 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သူတို့သည် အကျွန်ုပ်၏အသက်ကိုသတ်ရန် ချောင်းမြောင်းကြပါ၏။ ခွန်အားကြီးသောသူတို့သည် အကျွန်ုပ်ကိုဆန့်ကျင်လျက် ပူးပေါင်းကြံစည်ကြပါ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်ကျူးလွန်သောအပြစ်ကြောင့် မဟုတ်ပါ။ အကျွန်ုပ်၏အပြစ်ကြောင့်လည်းမဟုတ်ပါ။ Common Language Bible ကျွန်တော်မျိုးအားထိုသူတို့တိုက်ခိုက်ရန် စောင့်လျက် နေကြသည်ကိုကြည့်တော်မူပါ။ ရက်စက်ကြမ်းကြုတ်သူတို့သည်ကျွန်တော်မျိုး အား တိုက်ခိုက်ရန်စုရုံးကြပါ၏။ အို ဘုရားသခင်၊ ထိုသူတို့သည်ကျွန်တော်မျိုးအားတိုက်ခိုက်ရန် လျင်မြန်စွာနေရာယူစုရုံးကြသည်မှာ ကျွန်တော်မျိုး၏ချွတ်ယွင်းမှုတစ်စုံတစ်ရာ ကြောင့် မဟုတ်ပါ။ ကျွန်တော်မျိုးပြုမိသည့်အပြစ်နှင့် မှားယွင်းမှုကြောင့်လည်းမဟုတ်ပါ။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် ၏ ကျူး လွန် ခြင်း၊ အ ကျွန်ုပ်၏ ပြစ် မှား ခြင်း ကြောင့် မ ဟုတ် ဘဲ၊ Judson Bible သူတို့သည် အကျွန်ုပ်အသက်ကို သတ်လို၍ ချောင်းကြည့်လျက်နေကြပါ၏။ အားကြီးသောသူတို့သည် အကျွန်ုပ်တစ်ဖက်၌ စည်းဝေးကြပါ၏။ အို ထာဝရဘုရား၊ အကျွန်ုပ်မှားယွင်းသောကြောင့် မဟုတ်ပါ။ အကျွန်ုပ်အပြစ်ကြောင့် မဟုတ်ပါ။ |
သူတို့သည် စိတ်နှလုံးထဲ၌ မကောင်းမှုများကို ကြံစည်လျက် စစ်ပွဲများဖြစ်ပွားအောင် နေ့စဉ်နေ့တိုင်း ပူးပေါင်းကြံစည်တတ်ကြပါ၏။
ကမ္ဘာမြေကြီးပေါ်ရှိရှင်ဘုရင်တို့သည် ထကြ၍ အုပ်ချုပ်သူတို့သည် အတူတကွစုဝေးကြကာ ထာဝရဘုရားနှင့် ကိုယ်တော်ဘိသိက်ပေးထားသောအရှင်ကို ဆန့်ကျင်လျက်
အကျွန်ုပ်အသက်ကိုရန်ရှာသောသူတို့သည် အကျွန်ုပ်ကိုထောင်ဖမ်းကြပါ၏။ အကျွန်ုပ်ဒုက္ခရောက်ရန်ရှာကြံသောသူတို့သည် ပျက်စီးခြင်းအကြောင်းများပြောဆို၍ လိမ်လည်လှည့်ဖြားမှုများကို တစ်နေ့လုံးကြံစည်ကြပါ၏။
သူတို့သည် ငါ့အသက်ကိုသတ်ရန် စောင့်မျှော်နေကြသည်နှင့်အညီ ပူးပေါင်းကြံစည်လျက်၊ ချောင်းမြောင်းလျက် ငါ၏ခြေလှမ်းများကိုစောင့်ကြည့်ကြ၏။
အကျွန်ုပ်ကို အကြောင်းမဲ့မုန်းသောသူတို့သည် အကျွန်ုပ်၏ဦးခေါင်းပေါ်ရှိဆံပင်များထက် ပို၍များပြားကြပါ၏။ အကျွန်ုပ်ကိုဖယ်ရှားသုတ်သင်လိုသည့် လှည့်ဖြားတတ်သော အကျွန်ုပ်၏ရန်သူတို့သည် အားကြီးကြပါ၏။ အကျွန်ုပ်မလုယူခဲ့သည့်အရာကို အကျွန်ုပ်ပြန်ပေးရပါမည်လော။
ဆိုးယုတ်သောသူတို့၏စကားသည် လူကိုသတ်ဖြတ်ရန် ချောင်းမြောင်းတတ်၏။ ဖြောင့်မှန်သောသူတို့၏နှုတ်မူကား လူတို့ကိုကယ်နုတ်တတ်၏။
အချင်းဆိုးယုတ်သောသူ၊ ဖြောင့်မတ်သောသူ၏အိမ်ကို မချောင်းမြောင်းနှင့်။ သူအနားယူရာအရပ်ကို မဖျက်ဆီးနှင့်။
ဘုရားဝတ်၌မွေ့လျော်သောသူသည် မြေကြီးပေါ်မှ ပျောက်ကွယ်သွားလေပြီ။ လူတို့တွင် ဖြောင့်မှန်သောသူ တစ်ယောက်မျှမရှိ။ သူတို့အားလုံး လူ့အသက်သတ်ရန် ချောင်းမြောင်းနေကြ၏။ ညီအစ်ကိုအချင်းချင်းပင် ပိုက်ထောင်ဖမ်းကြ၏။
ဤသို့ဖြစ်ခြင်းမှာ သူတို့၏ပညတ်တရားကျမ်း၌ ‘ထိုသူတို့သည် အကြောင်းမဲ့ ငါ့ကိုမုန်းကြ၏’ဟု ရေးထားသောစကား ပြည့်စုံစေရန်ဖြစ်၏။
သို့ရာတွင် သူတို့ကို မလိုက်လျောပါနှင့်။ အဘယ်ကြောင့်ဆိုသော် သူတို့ထဲမှ လူလေးဆယ်ကျော်တို့သည် သူ့ကိုချောင်းမြောင်းနေကြပါသည်။ သူတို့သည် ပေါလုကိုမသတ်ရမချင်း မစားမသောက်ရန် ကျိန်ဆိုထားကြပါသည်။ ယခုပင် သူတို့သည် အသင့်ရှိလျက် အရှင်၏သဘောတူချက်ကို စောင့်နေကြပါသည်”ဟု လျှောက်လေ၏။
ရှောလုမင်းကြီးသည် မိမိသားတော်ယောနသန်နှင့် အမှုထမ်းတို့အား ဒါဝိဒ်ကိုသတ်ပစ်ရန် အမိန့်ပေးထား၏။ သို့သော် ရှောလုမင်းကြီး၏သားတော် ယောနသန်သည် ဒါဝိဒ်ကို အလွန်ချစ်ခင်နှစ်သက်၏။
အကျွန်ုပ်၏ဖခင်၊ ယခု အကျွန်ုပ်လက်ထဲမှ အရှင်မင်းကြီး၏ဝတ်လုံစကို သေသေချာချာကြည့်ပါ။ အရှင်မင်းကြီး၏ဝတ်လုံစွန်းကိုသာ ဖြတ်ခဲ့ပါ၏။ အရှင်မင်းကြီးကို မသတ်ခဲ့ပါ။ ထို့ကြောင့် အရှင်မင်းကြီးကို အကျွန်ုပ် မကောင်းမကြံ၊ မပုန်ကန်ကြောင်းကို သိမှတ်တော်မူပါ။ အကျွန်ုပ်သည် အရှင်မင်းကြီးကို မပြစ်မှားပါ။ သို့သော် အရှင်မင်းကြီးသည် အကျွန်ုပ်ကို လိုက်လံသတ်ဖြတ်နေပါ၏။
ထို့နောက် ဒါဝိဒ်အား “သင်သည် ငါ့ထက် သာ၍ဖြောင့်မတ်ပါ၏။ ငါသည် သင့်ကို မကောင်းကြံခဲ့သော်လည်း သင်မူကား ငါ့ကို ကောင်းမွန်စွာဆက်ဆံခဲ့ပြီ။
အကျွန်ုပ်၏သခင်၊ အဘယ်ကြောင့် သခင့်အစေအပါးနောက်သို့ လိုက်နေရပါသနည်း။ အကျွန်ုပ် မည်သို့ပြုမိပါသနည်း။ မည်သည့် အမှားပြုမိပါသနည်း။